မသန်စွမ်းဘဝကနေ Gym နည်းပြ ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ အမျိုးသား

[email protected]_

လောကမှာ ကြိုးစားရင် မဖြစ်နိုင်တာမရှိပါဘူးဆိုတဲ့ စကားကို လူတော်တော်များများ ကြားဖူးကြမှာပါ။ တစ်ချို့က ဒီစကားကို ပေါ့ပျက်ပျက်မြင်ကြသလို တစ်ချို့ကတော့ အပိုစကားတွေလို့ပဲ ထင်ကြပါတယ်။ ဒါပေမယ့် Jay Moir ဆိုတဲ့ ကောင်လေးတစ်ယောက်ကတော့ ကြိုးစားရင် မဖြစ်နိုင်တာမရှိပါဘူးဆိုတဲ့စကားကို ရအောင် သက်သေပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Jay ဟာ မသန်စွမ်းဘဝကနေ Gym ဆော့တာ ပေါင် ၇၀ နီးပါးကျခဲ့တဲ့အပြင် နောက်ဆုံးမှာ Gym နည်းပြဖြစ်အောင်ပါ ကြိုးစားနိုင်ခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B-AWf0XjMox/

Jay ဟာ အထက်တန်းကျောင်းသားဘဝမှာ Clrebral palsy လို့အမည်ရတဲ့ ဦးနှောက်နဲ့ပတ်သတ်တဲ့ ရောဂါတစ်ခုကို ခံစားခဲ့ရပါတယ်။ အဆိုပါရောဂါဟာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို နှေးကွေးသွားစေပြီး ခန္ဓာကိုယ်အောက်ပိုင်းကတော့ လမ်းလျှောက်လို့မရတဲ့အထိပါ အကြောတွေ သေသွားခဲ့ရပါတယ်။ ဒီလိုနဲ့ Jay ဟာ သူ့ရဲ့ လူငယ်ဘဝကို wheel chair ပေါ်မှာပဲ ကုန်ဆုံးခဲ့ရပါတယ်။ ဒါ့အပြင် စိတ်ဓာတ်တွေကျလာပြီး ကျောင်းပါထွက်လိုက်ရတဲ့ အနေအထားထိ ဖြစ်ခဲ့ပါတယ်။

အိမ်မှာနေတော့လဲ တစ်နေ့တစ်နေ့ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိတဲ့အပြင် စားလိုက်အိပ်လိုက်နဲ့ ဝိတ်တွေတက်လာပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Jay တစ်ယောက်ဟာ ဘဝကို ဒီအတိုင်းဆက်နေဖို့ မဖြစ်တော့မှန်း နားလည်ခဲ့ပြီး Gym စဆော့ဖို့ စဉ်းစားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ပတ်မှာ ၆ ရက်အထိ Gym ကို အရူးအမူးဆော့ခဲ့ပါတယ်။ စစဆော့ချင်းမှာတော့ မသန်စွမ်းဖြစ်တာကြောင့် Wheel chair နဲ့ ဆော့ရတာ သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Gym trainer တွေရဲ့ ဖေးမမှု၊ သူ့ရဲ့ ကြိုးစားမှုတွေကြောင့် ဆော့ရတာ တော်တော်အဆင်ပြေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Jay တစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၇၀ အထိ ကျဆင်းခဲ့ပါတယ်။

READ
ဘ၀ပျက်ခါနီး အခြေအနေကို လူမှုရေးလုပ်ငန်းနဲ့ တွန်းလှန်ပစ်ခဲ့တဲ့ MMA သမား

 

“အခုအချိန်မှာတော့ Gym က ကျွန်တော့်ဘဝအတွက် တော်တော်အရေးပါခဲ့ပါပြီ။ လက်ရှိမှာ Gym နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။ လမ်းပျောက်ခဲ့တဲ့အချိန်မှာ ဒီလိုလမ်းကို ကျွန်တော့်လိုလူမျိုးက လျှောက်နိုင်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ လူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေမှာလည်း မသန်စွမ်းအားကစားပြိုင်ပွဲတွေ ဝင်ပြိုင်နိုင်အောင် အခုကတည်းက လေ့ကျင့်နေပါပြီ” လို့ Jay တစ်ယောက်က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE