စိတ်ဓာတ်ကျနေတဲ့ ခင်ပွန်းအတွက် Shuffle Dance အကွက်သစ်တွေ ထွင်ပေးခဲ့တဲ့ ဇနီးသည်

Youtube-农民夫妇自创曳步舞治愈抑郁症 Depression cured by special dance |今日中国 Daily News

လူတိုင်းမှာ စိတ်ညစ်စရာကိစ္စတွေက အမြဲလိုလို ရှိနေတတ်ပါတယ်။ စီးပွားရေး၊ လှုမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး အစရှိသဖြင့် ကိစ္စအဝဝတွေနဲ့ လူတိုင်းနီးပါးဟာ တစ်နည်းမဟုတ်တ်နည်း စိတ်ညစ်နေကြတာချည်းပါပဲ။ ဒီကိစ္စတွေကြောင့် စိတ်ညစ်ပြီး စိတ်ဓာတ်ကျနေရင် သင်ဆိုရင်ကော ဘာလုပ်မှာလဲ? ဘာမှမစဉ်းစားနေပါနဲ့၊ ကလိုက်ပါ။ အဲဒီလိုကလိုက်ရင် စိတ်ထဲမှာ တော်တော်ပေါ့သွားပြီး နေလို့ထိုင်လို့ ကောင်းသွားမယ့်အပြင် စိတ်ညစ်နေတဲ့ ကိစ္စကိုပါ ခေါင်းအေးအေးနဲ့ စဉ်းစားနိုင်ပါပြီ။

အခုလည်း တရုတ်နိုင်ငံ၊ Wenzhou ပြည်နယ်၊ Mayu မြို့မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်ဟာ မနက်ခင်းလယ်အလုပ်မလုပ်ခင် အိမ်ရှေ့မြေကွက်လပ်မှာ အရင်ဆုံး စိတ်ကြိုက် Shuffle အကကပြီးမှာ လယ်ထဲကို ဆင်းလေ့ရှိပါတယ်။ အဲဒီလိုကတဲ့အကွက်တွေကိုလည်း အသက် ၄၅ နှစ်အရွယ် မိန်းမဖြစ်သူ Peng Xiaoying က အသက် ၄၉ နှစ်အရွယ် သူ့ရဲ့ ယောက်ျားဖြစ်သူ  Fan Deduo အတွက် သီးသန့်တီထွင်ပေးခဲ့တဲ့ Shuffle အကကွက်တွေဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
Lord of the rings ဇာတ်ကားသရုပ်ဆောင်အရုပ်ကိုသူတော်စင်မှတ်ပြီး ကိုးကွယ်ခဲ့သူ

Peng ဟာ ဒီလိုမျိုး Fan အတွက် Shuffle ကကွက်တွေ တီထွင်ခဲ့တယ်ဆိုတာကလည်း အကြောင်းရှိပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်တုန်းက Fan ဟာ ယဉ်မတော်တဆမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အဲဒီယာဉ်မတော်တဆမှုမှာ လူတော်တော်များများ သေဆုံးခဲ့ပါတယ်။ ဒီမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ Fan တစ်ယောက်ဟာ အဲဒီအချိန်နောက်ပိုင်းကစပြီး စိတ်နဲ့ လူနဲ့ သိပ်မကပ်တော့ပဲ စိတ်ကျရောဂါကို ခံစားခဲ့ရပါတယ်။ လူတွေကြားထဲရောက်ရင် ကြောင်တောင်တောင်ဖြစ်သွားခြင်း၊ တစ်ယောက်တည်း မအိပ်ရဲခြင်း၊ အချိန်ပြည့် တစ်ယောက်တည်း ငူငူငိုင်ငိုင်ကြီး တွေးတော်နေတတ်ခြင်း အစရှိတဲ့ စိတ်ကျလက္ခဏာတွေ ကို ခံစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မိန်းမဖြစ်သူ Peng ဟာ သူ့ယောကျာ်းပုံမှန်ပြန်ဖြစ်ဖို့အတွက် Shuffle အကွက်တစ်ခုကို ထွင်ခဲ့ပြီး ယောကျာ်းဖြစ်သူကို သူနဲ့ နေ့တိုင်းလိုလို ကခိုင်းခဲ့ရာမှ နောက်ဆုံးတော့ Fan တစ်ယောက်ဟာ ပုံမှန်လူတစ်ယောက်လို ပြန်ဖြစ်ခဲ့ပါတယ်။

READ
လိုင်းပေါ်က ချစ်သူကို ယုံစားမိလို့၊ အသက်ကြီးမှ စည်းစိမ်ပြုတ်ခဲ့ရတဲ့အမျိုးသမီး

“အခုဆိုရင် ကျွန်တော် ဘဝမှာ လုပ်စရာနှစ်ခုပဲ ရှိပါတော့တယ်။ မိသားစုအတွက် စိုက်ခင်းထဲမှာ အလုပ်သေချာ လုပ်ဖို့နဲ့ နေ့တိုင်း ကဖို့ပါပဲ။ ကျွန်တော်ဒီအခြေအနေရောက်လာတာကလည်း မိန်းမဖြစ်သူရဲ့ ဂရုစိုက်မှုတွေ အများကြီးပါပါတယ်။ အခုဆိုရင် ကတဲ့အချိန်တိုင်းကျွန်တော့်ရဲ့ စိတ်ထဲမှာ ပျော်နေပြီး တစ်ကိုယ်လုံးကိုလည်း ပေါပါးသွားတာပဲဗျာ။ Peng ကလည်း နေ့တိုင်း ကျွန်တော်နဲ့အတူတူ ကပေးပါတယ်။ အခုဆိုရင် သီချင်းသံကြားတာနဲ့ကို ကချင်နေပါပြီ”လို့ Fan က ပြေကြားခဲ့ပါတယ်။ အခုဆိုရင်တော့ Peng တို့လင်မယားဟာ နေ့တိုင်းသူတို့ရဲ့ Shuffle ကကွက်အဆန်းတွေကို Tiktok ကနေ တင်ပေးလေ့ရှိပြီး သူတို့ကို Follow လုပ်ထားတဲ့သူ ၂ သန်းနီးပါးရှိကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE