ဒုက္ခရောက်ေနတဲ့ ကိုယ်ဝန်နဲ့ ကြောင်မကြီးကို အိမ်ခေါ်ပြီး စောင့်ရှောက်ခဲ့တဲ့ အမျိုးသမီး

[email protected]

လူဆိုတာ လောကမှာ အရက်စက်ဆုံး သတ္တဝါလို့ ပြောတတ်ကြပေမယ့် ဒါဟာ လူတိုင်းတော့လည်း မဟုတ်ပါဘူး။ လူတစ်ချို့ကတော့ တော်တော်လေးကို ကြင်နာတတ်တဲ့ နှလုံးသား ရှိပါတယ်။ အဲဒီလိုလူတွေဟာ ဒုက္ခရောက်နေတဲ့ ဘယ်သူကိုမဆို အချိန်မရွေးနေရာမရွေး ကူညီဖို့ အမြဲ စောင့်နေတတ်ကြပါတယ်။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ ယောင်တောင်တောင်ဖြစ်နေတဲ့ ကိုယ်ဝန်သည်ကြောင်မကြီးကို သူမအိမ်သို့ မွေးစားဖို့ခေါ်လာပြီး ကလေးတွေ မွေးစေခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

idafloreak

အဆိုပါအမျိုးသမီးကတော့ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်၊ Cambridge မြို့မှာ နေထိုင်တဲ့ လက်မှုပညာရှင် Ida Floreak ပဲ ဖြစ်ပါတယ်။ တစ်ရက်တော့ Ida ဟာ သူမရဲ့ အိမ်ပတ်လည်မှာ လျှောက်သွားနေတတ်တဲ့ လမ်းဘေးကြောင်မကြီးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ Ida ရဲ့ အိမ်မှာလည်း ၇ နှစ်သားအရွယ် Siamese ကြောင်အမျိုးအစား Bruce လို့ အမည်ရတဲ့ ကြောင်ထီးကြီးတစ်ကောင် ရှိပါတယ်။ ဒီလိုနဲ့ Ida ဟာ အဆိုပါလမ်းဘေးကြောင်မကြီးကို သူမအနီးခေါ်ပြီး သေချာကြည့်လိုက်တော့မှ အဆိုပါကြောင်မကြီးမှာ ကိုယ်ဝန်ရှိနေမှန်း သိခဲ့ရပါတယ်။

idafloreak
idafloreak

ဒီလိုနဲ့ပဲ Ida ဟာ အဆိုပါကြောင်မကြီးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ပြီး Salami လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း Ida ရဲက အိမ်မှာ Bruce နဲ့ Salami တို့ဟာ အင်မတန်အဆော့သန်ပြီး အတွဲညီတဲ့ ကြောင်နှစ်ကောင်ဖြစ်လာပါတယ်။ Salami ကလည်း Bruce သွားတဲ့ အနောက်ကို တကောက်ကောက် အမြဲလျှောက်လိုက်နေသလို Salami ကိုလည်း Bruce က မျက်စိအောက်ကကို အပျောက်မခံပါဘူး။ Salami တစ်ကောင် Bruce မျက်စိအောက်က ပျောက်သွားတာနဲ့ အိမ်အနှံ့ကို တညောင်ညောင်နဲ့ အသံပေးပြီး လိုက်ရှာနေပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ မနက်အစောကြီး ၄ နာရီလောက် Slalmi ဟာ Ida ရရရဲ့ အခန်းဝကနေ တညောင်ညောင်နဲ့ တောက်လျှောက် အသံပေးနေပါတယ်။

READ
ရန်ပုံငွေရှာဖွေဖို့ ကိုယ်တိုင်စံပြအဖြစ်နဲ့ ကတုံးတုံးခဲ့တဲ့ လေးစားဖွယ် စီအီးအို

https://www.instagram.com/p/B-fe5zalvMJ/

“Salami ရဲ့ အသံကိုက ပုံမှန်အသံမဟုတ်မှန်း ကျွန်မသတိထားမိခဲ့ပါတယ်။ ပြီးတော့ ထင်တြ့အတိုင်းပဲ သိပ်မကြာခင်မှာ ကြောင်ပေါက်လေး ၄ ကောင်ကို မွေးခဲ့ပါတယ်။ တော်တော်ကို ချစ်စရာကောင်းတဲ့ အကောင်လေးတွေပါပဲ။ အဲဒီအချိန်ကစပြီး Salami အတွက် သီးသန့်နေရာလေးလုပ်ပေးပြီး အိပ်ရာလေးရယ်၊ စောင်လေးတွေရယ်နဲ့ သေသေချာချာ ကျကျနန လုပ်ပေးဖြစ်ခဲ့ပါတယ်။ Bruce ကလည်း ကြေကကာင်ပေါက်လေး ၄ ကောင်လုံကို ဂရုစိုက်ပါတယ်။ အခုကြောင်ပေါက်လေးတွေ နည်းနည်းအရွယ်ရောက်လာတော့ တစ်ကောင်ကို Mississippi ပြည်နယ်နဲ့ ကျန်တဲ့ ၃ ကောင်ကို အိမ်နီးနားချင်းတွေကို ပေးလိုက်ပါတယ်။ အခုအချိန်အထိ ကြောင်ပေါက်လေးတွေနဲ့ အဆက်အသွယ်ရပါသေးတယ်။ Salami ကတော့ ကျွန်မအိမ်မှာ အခုအချိန်အထိ ပျော်ပျော်ရွှင်ရွှင် ရှိပါသေးတယ်” လို့ Ida က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE