ကားပါကင်နေရာရဖို့ ဆိုးရွားလွန်းတဲ့ အပြုအမူနဲ့ နေရာဦးခဲ့တဲ့ အမျိုးသမီးကြီး

[email protected]

ကားပါကင်နေရာတိုက်ပွဲတွေကတော့ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံတွေအထိပါ ကူးစက်သွားတဲ့ပုံပါပဲ။ ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ ဒီကားပါကင်တိုက်ပွဲတွေက့ အဖြစ်များလွန်းလို့ ရိုးသွားတဲ့ ပုံပါပဲ။ အခုလည်း အနောက်နိုင်ငံတစ်ခုမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ကားပါကင်နေရာရဖို့အတွက် ပါကင်ထိုးတော့မယ့် အခြားကားရှေ့ မှာ သူ့ခန္ဓာကိုယ်နဲ့ ပိတ်ရပ်ခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Tiktok-savsoares

Tiktoke အသုံးပြုသူတစ်ဦးဖြစ်တဲ့ Savsoares လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်ဖို့ shopping mall တစ်ခထဲကို ကားမောင်းပြီး ဝင်ရောက်လာခဲ့ပါတယ်။ ကားပါကင်နေရာအလွတ်မတွေ့ရတဲ့အတွက်ကြောင့် အချိန်တော်တော်ကြာ ကားပါကင်ဝင်းထဲ ပတ်မောင်းပြီး အခြားကားတစ်စီး ထွက်လိုထွက်ငြားလိုက်ရှာခဲ့ပါတယ်။ အချိန်အနည်းငယ်အကြာမှာတော့ စင်တာဝင်ပေါက်နဲ့ အနီးဆုံးနေရာက ကားတစ်စီးဟာ ပြန်ထွက်ဖို့ မြင်နေတာကို မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် Savsoares တို့ကားဟာ အဲဒီကားထွက်သွားရင် အဲဒီကားနေရာမှာ ရပ်ဖို့အတွက် ခပ်လှမ်းလှမ်းကနေ ကားရပ်ပြီး အဲဒီကားအထွက်ကို စောင့်ခဲ့ပါတယ်။

READ
Gender Party မှာ ($1,300 )တန်အိတ်တွေ ကို သုံးခဲ့တဲ့ မလေးရှားစုံတွဲ

 

@savsoaresKAREN ##inyourface ##familystorytime ##AXEfingersdown ##electricitygame ##AlmondWalk ##fyp♬ original sound – savsoares

 

အဲဒီလိုစောင့်နေတုန်းမှာ အမျိုးသမီးကြီးတစ်ဦးဟာ သူတို့ကားအရှေ့ကို ပိတ်ရပ်ခဲ့ပါတယ်။ ဒါကြောင့် Savsoares ဟာ အဲဒီအမျိုးသမီးကြီးကို ဖယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးကြီးဟာ မဖယ်ပေးတဲ့အပြင် အရှေ့က ကားထွက်တာနဲ့ သူတို့ကားအဲဒီနေရာကို ထိုးမှာဖြစ်ကြောင်း ဒေါသတစ်ကြီး ပြန်ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Savsoares ဟာ ကင်မရာထုတ်ပြီး အဲဒီအမျိုးသမီးကြီးရဲ့ ဆိုးဝါးတဲ့ အပြုအမူကို မှတ်တမ်းတင်ဖို့ ဗီဒီယိုရိုက်ခဲ့ပါတယ်။ ကင်မရာမြင်တော့ အမျိုးသမီးကြီးပုံစံက တစ်မျိုးပြောင်းသွားပြန်ပါတယ်။ သူ့ကားထဲမှာ သူ့ရဲ့ မြေးလေးပါတာကြောင့် shopping center ဝင်ပေါက်နဲ့ အနီးဆုံးနေရာကို အခုလို ကားပါကင်ထိုးရတာဖြစ်ကြောင်း ပြောခဲ့ပြန်ပါတယ်။

READ
အများပြည်သူစီးတဲ့ဘတ်စ်ကားပေါ်မှာ သစ်ပင်တွေ စိုက်ထားတဲ့ ထူးထူးခြားခြားကားဒရိုင်ဘာ

 

@savsoarespart 1 ~ thank you all for waiting (@brookesnoww ‘s car)♬ original sound – savsoares

နောက်ဆုံးမှာတော့ အရင်ထွက်မယ့် ကားရဲ့ ဘေးနားက ကားတစ်စီး ထွက်သွားတဲ့အချိန်မှာတော့ အမျိုးသမီးကြီးဟာ Savsoares ကားအရှေ့က ထွက်သွားပါတော့တယ်။ တော်တော်ကို ဆိုးဝါးတဲ့ အမျိုးသမီးကြီးပါပဲ။ ဒီဗီဒီယိုဟာ Tiktok မှာ ကြည့်ရှု့သူ ၁၈ သန်းကျော်ရှိခဲ့ပြီး တော်တော်များများကတော့ အမျိုးသမီးကြီးရဲ့ အပြုအမူဟာ တော်တော်လေးကို ဆိုးရွားပြီး တစ်ကိုယ်ကောင်းဆန်ကြောင်း ဝေဖန်မှတ်ချက်ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE