လက်ထပ်ဖို့ တစ်ပတ်အလိုမှာ သတို့သားရဲ့ မပွင့်လင်းမှုကြောင့် ပျက်သွားခဲ့တဲ့ မင်္ဂလာပွဲ

Lad Bible

တစ်သက်မှာ တစ်မင်္ဂလာဆိုတဲ့အတိုင်း လက်ထပ်ထိမ်းမြားခြင်းဆိုတာဟာ လူတွေတိုင်းအတွက် သိပ်ကို အရေးကြီးပါတယ်။ ကိုယ်လက်ထပ်မယ့်လူရဲ့ အကျင့်စရိုက်က ကောင်းခြင်း၊ ဆိုးခြင်း အဖြာဖြာကို သေချာနားလည်သိရှိပြီး ကိုယ်ကိုယ်တိုင် ကိုယ့်လက်တွဲဖော်နဲ့ ပတ်သက်လို့ အရာရာကို လက်ခံနိုင်ပြီဆိုတဲ့ ဆုံးဖြတ်ချက် မှန်ကန်မှသာလျှင် လက်ထပ်သင့်ပါတယ်။ မင်္ဂလာဆောင်တယ်ဆိုတာ ကလေးကစားစရာ မဟုတ်တဲ့အတွက် အတိမ်းအစောင်းတစ်ခုခု ဖြစ်လာခဲ့လို့ ကွဲကြကွာကြမယ်ဆိုရင်တော့ ဒါဟာနှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများတော့ ဖြစ်တတ်ကြမှာပါ။

လက်ထပ်ပြီးမှ ကွဲတဲ့အတွဲတွေရှိသလို လက်မထပ်ခင်ကတည်းက စီစဉ်ပြီးသားဖြစ်နေတဲ့ မင်္ဂလာဆောင်ကို ဖျက်သိမ်းပစ်လိုက်ပြီး ကွဲကွာခဲ့ရတဲ့ စုံတွဲတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ ဒီထဲကမှ အမေရိကန်မှာနေတဲ့ အမျိုးသမီးရဲ့ ဖြစ်ရပ်တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။

Lad Bible

အသက် (၂၁) နှစ်အရွယ်ရှိတဲ့ Claire Dalton ဟာတော့ မင်္ဂလာမဆောင်ခင်တစ်ပတ်လောက်အလိုမှာတင် သတို့သားလောင်းရဲ့ လုပ်ရပ်တစ်ခုကြောင့် စီစဉ်ပြီးသားပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ အကြောင်းအရင်းကတော့ သူမရဲ့ အခင်ဆုံးသူငယ်ချင်းအဖြစ် တောက်လျှောက်ရှိနေခဲ့တဲ့ သတို့သားလောင်းဟာ ဖုန်းထဲကနေ အပြာကားတွေကြည့်နေတာကို မျက်မြင် တွေ့ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။

READ
လက်ထပ်တော့မယ်ဆို ဒါလေးတွေဖတ်ကြည့်ပါ
Lad Bible

Claire ဟာ Love What Matters မှာ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း Blog တစ်ခု ရေးသားခဲ့ပါတယ်။ Blog ထဲမှာ ပါတဲ့ အကြောင်းအရာတွေထဲက ကောက်နုတ်ရမယ်ဆိုရင်တော့ သူ့ရဲ့သတို့သားလောင်းဟာ သူထင်ထားသလောက် မဖြူစင်တဲ့အတွက်ပဲဖြစ်ပါတယ်။ Claire ရဲ့ သတို့သားလောင်းဟာ အပြာကားတွေအပြင် မဖွယ်မရာနဲ့ အဖော်အချွတ်ပုံတွေရှာတဲ့အခါမှာ ရိုးရိုးတမ်းတမ်း ရှာတာမဟုတ်ဘဲ သူလိုချင်တဲ့ ပုံပန်းသဏာန်တွေကိုပါ အသေးစိတ်စာရိုက်ပြီး ရှာထားတဲ့အတွက် သူ့အပေါ်မှာ ဖောက်ပြန်နေတဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေတဲ့အကြောင်းက အဓိကအချက်ပဲဖြစ်ပါတယ်။ ဒီလိုစိတ်ခံစားချက်ကြောင့်ပဲ သူတို့အတူတူ ပျော်ပါးကြည်နူးခဲ့ရတဲ့ အချိန်တွေဟာ အကုန်သဲထဲရေသွန် ဖြစ်သွားခဲ့ပြီး သတို့သားလောင်းအပေါ် ဆက်ချစ်လို့ မရနိုင်လောက်အောင်ကို မသတီစိတ်တွေ ဖြစ်ပေါ်သွားခဲ့ပါတယ်လို့ သူ့ blog ထဲ ရေးသားထားပါတယ်။

Lad Bible

သူတို့နှစ်ယောက် နှစ်ပေါင်းများစွာ တစ်အိမ်ထဲအတူတကွနေထိုင်ခဲ့တဲ့အတောအတွင်း သတို့သားလောင်းဟာ အပြာကားမကြည့်ခဲ့ဘူးဆိုပြီး သူမသိထားတဲ့အတွက်ကြောင့် အရမ်းချစ်သော်ငြားလည်း အတူရှိနေတဲ့တစ်လျှောက်သူ့ကို လိမ်ညာဖုံးကွယ်ထားတယ်ဆိုပြီး ခံစားနေရပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ခရေစေ့တွင်းကျသိတယ်ထင်ထားခဲ့ပြီးမှ ဒီလိုမျိုးတွေဖြစ်လာတယ်ဆိုတော့ စိတ်ကသိကအောက်ဖြစ်ရပါတယ်ဆိုပြီးလည်း ရေးထားခဲ့ပါတယ်။ သူမလိုချင်တာက ရိုးသားပွင့်လင်းမှုတစ်ခုတည်းပါတဲ့။ သူ့ခင်ဗျာတော့ ဒီ blog ကို ရေးဖို့တောင်မှပဲ တစ်နှစ်လောက် အချိန်ယူပြီး စိတ်ဒဏ်ရာအနာကျက်ဖို့ အချိန်ယူခဲ့ရတာဖြစ်လို့ အတွဲတိုင်း အပြာကားကြည့်တယ်ဆိုတဲ့အချက်ကို ဝန်ခံပြီး ပွင့်ပွင့်လင်းလင်းပြောထားသင့်ပါတယ်လို့ အကြံပေးထားပါတယ်။

READ
မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားပြီဆို ယောက်ျားလေးတွေပြုလုပ်လေ့ရှိတဲ့အရာ(၈)ခု

Source : Lad Bible

Penny

SHARE