ရည်းစားဖြစ်သူရဲ့လုပ်ငန်းခွင်ထိလာပြီး ခုချက်ချင်းလက်ထပ်ပေးဖို့ပြောခဲ့တဲ့ အမျိုးသမီး

twitter/mistergeezy

အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်မှာ အမျိုးသမီးတစ်ယောက်ဟာ သူမရည်းစားဖြစ်သူရဲ့ လုပ်ငန်းခွင်အထိလိုက်လာပြီး အတင်းအကြပ်လက်ထပ်ခိုင်းခဲ့ကြောင်း The Queensland Times သတင်းစာမျက်နှာအရသိရပါတယ်။

ဗီဒီယိုထဲမှာတော့ mask တပ်ပြီး အဖြူရောင်သတို့သမီးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင်ထဲကို ဝင်လာတာပါ။ သူမဟာ စတိုးဆိုင်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ သူမရည်းစားရှိတဲ့နေရာဆီ တန်းတန်းမတ်မတ်သွားခဲ့ပါတယ်။

twitter/mistergeezy

ပြီးတဲ့အခါမှာတော့ ရည်းစားဖြစ်သူကို “ရှင် ကျွန်မကိုဒီလက်စွပ်ပေးထားတာ ၂ နှစ်လောက်ရှိပြီ။ အခုချိန်က ကျွန်မတို့ လက်ထပ်မလား ကွဲမလား ဆုံးဖြတ်ရမယ့်အချိန်ပဲ။ အခုလက်ထပ်မယ်။ အခုချက်ချင်း ကျွန်မနဲ့လက်မထပ်ရင် ရှင်နဲ့လမ်းခွဲမယ်။” လို့သူမက ပြောခဲ့တာပါ။

အဆိုပါ အမျိုးသမီးဟာ ဒေါသထွက်နေတာဖြစ်ပြီး သူမအားလုံးပြင်ဆင်လာခဲ့ပါသေးတယ်။ သူမဟာ သင်းအုပ်ဆရာတစ်ယောက်နဲ့ သတို့သမီးအရံတစ်ယောက်ကိုပါ ခေါ်လာခဲ့ပါတယ်။ သူမကသာ တတွတ်တွတ်ပြောနေပေမယ့် ရည်းစားဖြစ်သူကတော့ အရမ်းရှော့ခ်ရသွားပြီး ရေငုံနှုတ်ပိတ်နေနေပါတယ်။

ဒီအခါ အဆိုပါအမျိုးသမီးဟာ သူမကို ကြည့်နေကြတဲ့ ဆိုင်ထဲက ဈေးဝယ်သူတွေဘက်လှည့်ပြီး “ဒီမှာ ကျွန်မက သူ့ကိုဝန်ခံခိုင်းနေတာ။ ရှင်တို့သိလား။ ကျွန်မကို သူအခုလက်ထပ်ရင်လက်ထပ်၊ လက်မထပ်ရင် ကျွန်မတို့အဆုံးသတ်ပြီ။” ဆိုပြီး ပြောခဲ့ပါသေးတယ်။ ထို့နောက်မှာတော့ သူမရဲ့ရည်းစားဖြစ်သူက စကားခဏလောက်ပြောလို့ရမလားဆိုပြီး သူမကိုမေးခဲ့ပါတယ်။

READ
စာမေးပွဲတွင်း စိတ်ဖိစီးမှူကိုဖြေလျော့ဖို့  ပျော်ရွှင်စွာ လွန်ဆွဲခဲ့ကြတဲ့ ကျောင်းသားများ

သူမကလည်း “အင်း အပြင်မှာသွားပြောမယ်။” ဆိုကာ သူတို့တွေအကုန်ထွက်သွားခဲ့ကြပါတယ်။ အဆိုပါဖြစ်ရပ်ကိုတော့ @boymom_ashley ဆိုသူက Tiktok မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုကတော့ ဒီလောက်ထိပဲ ပါဝင်တာဖြစ်ပြီး နောက်ပိုင်း သူတို့ဘာဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။ သူတို့ အဲ့ဒီနေရာမှာပဲ လက်ထပ်ဖြစ်ခဲ့လား၊ ခွာပြဲသွားကြသလားဆိုတာ မသိရပါဘူး။

လင်းလင်း (ShweMom)

SHARE