ဆံပင်အလှ တစ်ခါလေးပြင်ဖို့အတွက် မိုင်(၇၀၀)ကျော်ခရီးကို သွားခဲ့တဲ့ အမျိုးသမီး

[email protected]_stantonn

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ လူတိုင်းလိုလို အိမ်မှာနေရတာ ပျင်းနေကြမှာဖြစ်သလို အပြင်ကိုလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ထွက်ချင်နေကြမှာပါပဲ။ အခုလည်း Los Angeles မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ဆံပင်အလှပြင်ဖို့အတွက် မိုင် ၇၀၀ ကျော်ကွာဝေးတဲ့ Arizona ပြည်နယ်ဖက်ကို သွားပြီး ဆံပင်ပုံသွင်းခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Amanda Stanton လို့အမည်ရတဲ့ အမျိုးသမီးဟာ မကြာခင်အချိန်မှာ လုပ်ငန်းခွင်ထဲ ပြန်ဝင်ရတော့မှာကြောင့် သူမရဲ့ ဆံပင်ပုံဆံကို ပြောင်းချင်နေရှာပါတယ်။ ဒါပေမယ့်လည်း Los Angeles မြို့က သူမ သွားနေကျ Beauty Salon ဟာ ပိတ်ထားတာကြောင့် သူမအေနနဲ့ အခက်တွေ့ခဲ့ပြီး မြို့ထဲရှိ အခြားဆိုင်တွေကို ရှာကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဆိုင်တော်တော်များများဟာ လက်ရှိအချိန်မှာ ပိတ်ထားတာကြောင့် နောက်ဆုံးမှာတော့ Arizona ပြည်နယ်ရှိ Beauty Salon တစ်ခုကို မျက်စိကျခဲ့ပါတယ်။ ဒီလိုနဲ့ Amanda ဟာ သူမရဲက ဆံပင်ပြင်ဖို့အတွက် Arizona ပြည်နယ်ရှိ Beauty Salon ကို သါားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီလို သွားတာလည်း Amanda တစ်ယောက်တည်းမဟုတ်ပဲ သူမရဲ့ သမီးလေးပါ ပါခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်ဟာ မိုင် ၇၀၀ ကျော်ကွာဝေးတဲ့ Arizona ပြည်နယ်ကို ရောက်အောင်သွားခဲ့ပါတယ်။

“ လမ်းမှာတော့ တော်တော် အခက်တွေ့ပါတယ်။ ဆီးသွားချင်လည်း ကျွန်မကော သမီးကော ကားပေါ်မှာပဲ သွားခဲ့ရတယ်။ ဒီလိုအချိန်မျိုးမှာ အများသုံး အိမ်သာတွေကို မသုံးချင်လို့ပါ။ လူတော်တော်များများကတော့ ကျွန်မကို ဆံပင်တစ်ခါပြင်ဖို့အတွက် ဒီလောက်အဝေးကြီးသွားရလားဆိုပြီး ထင်နေကြလိမ့်မယ်။ လူကြားထဲသွားရမယ်ဆိုရင်တော့ ဘယ်အမျိုးသမီးမဆိုလှချင်တာချည်းပါပဲ။ ဒီခံစားချက်ကို အမျိုးသမီးတွေ ကောင်းကောင်းနားလည်ပါတယ်” လို့ Amanda က ပြောကြားခဲ့ပါတယ်။

READ
ဟော်ကီပြိုင်ပွဲသွားကြည့်ရင်း မထင်မှတ်ဘဲ ကမ္ဘာကျော်ဖြစ်သွားတဲ့ ကောင်လေး

Pyi Hein Kyaw

SHARE