ကယ်လိုရီ (၄,၀၀၀)ကျော်လောက်ရှိမယ့် အစားအစာတွေကို ခဏလေးနဲ့ စားပြခဲ့တဲ့ အမျိုးသမီး

[email protected]

သာမန်လူတစ်ယောက်ဖို့အတွက် ကယ်လိုရီ ၄၀၀၀ ကျော်လောက်ရှိမယ့်အစားအစာတွေကို တခဏလေးအတွင်းမှာ စားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ထမ်းတစ်နပ်စားရင်တောင် ကယ်လိုရီ ၁၀၀ ကျော်လောက်ရှိနေတဲ့ အနေအထားမှာ ကယ်လိုရီ ၄၀၀၀ ကျော်ရှိတဲ့ အစားအစာတွေကို စားဖို့ဆိုတာ တော်တော်ခက်ခဲမယ် ထင်ပါတယ်။ ဒါပေမယ့် Food Blogger အမျိုးသမီးကတော့ အချိန်ခဏလေးအတွင်းမှာ အဆိုပါ အစားအစာတွေကို စားပြခဲ့ကြောင်း Thesun.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CBdkkC2At9V/

ပုံထဲမှာတွေ့ရတဲ့အတိုင်း  ၂ ပေ လောက် အရှည်ရှိတဲ့ ငါးအကြီးကြီးတစ်ကောင်ကို ကြော်ထားတဲ့ ငါးကြော်ကြီးနဲ့ အာလူးချောင်းကြော်အမြောက်အမြား ပါဝင်တဲ့ အစာဗန်းကြီးပဲ ဖြစ်ပါတယ်။ အဆိုပါ အစားအစာတွေဟာ ပုံမှန်ဆိုရင် မိသားစု ၄ ယောက်ထိုင်စားလို့ရတဲ့ ၄၂ ပေါင် တန်ဖိုးရှိတဲ့ ဟင်းပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။

READ
ဆိုးဝါးတဲ့သေနတ်ပစ်ခတ်မှုတွေဖြစ်နေပေမယ့် လက်နက်ဥပဒေကိုထိန်းချုပ်ဖို့ထရမ့်မသေချာ

https://www.instagram.com/p/CATBwingsQG/

အဆိုပါ ဟင်းပွဲကြီးဟာ ပုံမှန်ဆိုရင်တော့ လူ ၄ ယောက်လောက် ၁ နာရီနီးပါး ထိုင်စားရမယ့် ဟင်းပွဲဖြစ်ပါတယ် ဒါပေမယ့် Kate Ovens လို့ အမည်ရတဲ့ Food Blogger အမျိုးသမီးကတော့ နာရီဝက်အတွင်း ထိုင်စားခဲ့တာပဲ ဖြစ်ပါတယ်။ Kate ဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီး Food Blogger အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဒီလို ဟင်းပွဲအကြီးကြီးတွေကို Challenge လုပ်ပြီး မကြာခဏ စားပြတဲ့ Food Blogger အမျိုးသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B9wCc0Igw7-/

“လူတော်တော်များများက အမြဲတမ်းလိုလို လာမေးကြတယ်။ ဘာလို့ အဲဒီလောက်စားပြီး ဝမလာတာလဲပေါ့။ ဆေးစွမ်းကောင်းတွေဘာတွေရှိရင်လည်း ပေးဖို့ အစရှိသဖြင့် လာလာမေးကြတယ်။ ကျွန်မဘာဆေးမှ မစားပါဘူး။ လူတော်တော်များများက ကျွန်မစားနေတာပဲ သိကြတယ်။ အဲဒီနောက်ကွယ်မှာ အချိန်ရှိသရွေ့ စားထားတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်းတွေ လုပ်နေတာ မမြင်ကြပါဘူး။ ကျွန်မဒီလိုစားပြီး မဝဖို့အတွက် လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပါတယ်” လို့ Kate က ပြောကြားခဲ့ပါတယ်။

READ
စံထားအတုယူဖွယ်ရာ မျက်မမြင်အဖိုးအိုနဲ့ ဒုက္ခိတဇနီးသည်တို့ရဲ့ ချစ်ခြင်းမေတ္တာ

https://www.instagram.com/p/B40EKrbAQXR/

Pyi Hein Kyaw

SHARE