တူညီတဲ့ပုံစံ တစ်မျိုးတည်းနဲ့ (၉)နှစ်အကြာမှာ ထပ်မံဂိုးသွင်းနိုင်ခဲ့တဲ့ အမျိုးသမီးဘောလုံးသမား

Twitter/SkyBlueFC

ဒီအတိုင်း သာမန်လူတစ်ယောက်အတွက် ကိုက် ၄၀ လောက်ကနေ နောက်တန်းဘောလုံးကစားသမားတွေနဲ့ ဂိုးသမားကိုပါ ကျော်ပြီး ဂိုးသွင်းဖို့ မဖြစ်နိုင်သလို ဘောလုံးကစားသမားတစ်ယောက်အတွက်တောင် တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒီလို ကိုက်၄၀ အကွာကနေ သွင်းနိုင်ခဲ့ရင်တောင် ဒီလိုပုံစံမျိုးနဲ့ နောက်တစ်ခါ ထပ်ပြီး ဂိုးသွင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် ဂျပန်အမျိုးသမီးဘောလုံးသမားတစ်ယောက်ကတော့ ဒီလိုပုံစံမျိုးး၊ အနေအထားမျိုးနဲ့ ဂိုးဝင်အောင် သွင်းခဲ့နိုင်ပြီး လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းကလည်း ဒီလိုပုံစံမျိုး၊ ဒီလိုအနေအထားမျိုးနဲ့ ဂိုးသွင်းခဲ့ဖူးကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါအမျိုးသမီးကတော့ ဂျပန်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ Sky Blue FC က Nahomi Kawasumi လို့အမည်ရတဲ့ တိုက်စစ်မှူးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Nahomi ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က Huston Dash အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘောလုံးပွဲစဉ်တစ်ခုမှာ ကိုက် ၄၀ အကွာလောက်ကနေ Huston Dash အသင်းနောက်ခံလူတွေနဲ့ ဂိုးသမားကိုပါကျော်ပြီး လှလှပပ ဂိုးသွင်းယူခဲ့ပါတယ်။ ထူးဆန်းတာတစ်ခုကတော့ တစ်ဖက်အသင်းကလူတွေရဲ့ ပုံစံအနေအထားတွေကို ကျော်ဖြတ်ပြီး ဂိုးသွင်းခဲ့တဲ့ ပုံစံက လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကမ္ဘာ့ဖလားမှာ Nahomi သွင်းယူခဲ့တဲ့ ဂိုးပုံစံနဲ့ တစ်ထပ်တည်း ဖြစ်နေတာပါပဲ။

READ
ကန့်ကွက်မှုတွေကြားက ယူလင်းခွေးသားစားပွဲတော် ကျင်းပ
[email protected]

“ကျွန်မကိုယ်တိုင်တောင် အဲဒီလောက်မသိဘူး။ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ လာပြောနေတာတွေ့လို့ ပြန်ကြည့်ကြည့်တော့ တစ်ထေရာတည်းပဲ။ ကျွန်မဂိုးသွင်းလိုက်တဲ့ ပုံစံကော၊ တစ်ဖက်အသင်းက လူတွေရဲ့ အနေအထားကော အကုန်လုံး ပုံစံတူတွေပဲ။ ကျွန်မတောင် တော်တော်အံ့သြသွားတယ်။ တော်တော်လည်း တိုက်ဆိုင်တတ်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရပါပဲ” လို့ Nahomi က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE