ကားလိုင်စင်မှာ သူမရဲ့ဓာတ်ပုံအစား ထိုင်ခုံကြီးပုံပဲရှိနေလို့ အံ့သြခဲ့တဲ့ အမျိုးသမီးရဲ့ဖြစ်ရပ်

[email protected] Dodd

ယာဉ်မောင်းလိုင်စင်မှာပါတဲ့ ဓာတ်ပုံဟာ လူတိုင်းရဲ့ အဆိုးဆုံးဓာတ်ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဟာကိုယ်စိတ်ကြိုက်ရိုက်လို့ရတဲ့ အနေအထားမဟုတ်ပဲ မော်တော်ယာဉ်ဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရိုက်ရတဲ့ ဓာတ်ပုံဖြစ်နေလို့ပါပဲ။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ လိုင်စင်မှာ သူ့ဓာတ်ပုံပါလာရမယ့်အစား ခုံအလွတ်ကြီးတစ်ခုံသာပါလာလို့ ငိုအားထက်သန်၊ ရယ်အားထက်သန်ဖြစ်ခဲ့ရကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Dodd

အဆိုပါအမျိုးသမီးကတော့ အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်ရှိ Hickman County မြို့မှာ နေထိုင်တဲ့ Jade Dodd လို့အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Jade ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၆.၈.၂၀၂၀)တုန်းက မော်တော်ယာဉ်ဌာန(DMV) ကနေ လိုင်စင်သက်တမ်းတိုးပြီး Jade ဆီကို လိုင်စင်ရောက်လာတဲ့အခါမှာတော့ လိုင်စင်ထဲက ဓာတ်ပုံနေရာမှာ ထိုင်ခုံကြီးတစ်လုံးသာရှိနေခဲ့ကြောင်း တွေ့လိုက်ရပါတယ်။

READ
အလုပ်သွားတိုင်း လူတစ်ယောက်နဲ့ လမ်းပြိုင်လျှောက်ခဲ့ဖူးတဲ့အဖြစ်ကို မျှဝေခဲ့တဲ့သူ
[email protected] Dodd

Jade ဟာ သူမရဲ့ လိုင်စင်ကိုကြည့်ပြီး ငိုအားထက်သန်၊ ရယ်အားထက်သန်ဖြစ်ခဲ့ရှာပါတယ်။ Jade ဟာ ဒီလိုင်စင်ဓာတ်ပုံကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာတောင် တင်ခဲ့ပါသေးတယ်။ လူတော်တော်များများကတော့ Jade ရဲ့ အဖြစ်ကို ရယ်ခဲ့ကြသလို တစ်ချို့ဆိုရင် memes တွေလုပ်ပြီး Jade ကို ဝိုင်း troll ခဲ့ကြပါသေးတယ်။ နောက်ဆုံးတော့ Jade ဟာ သူမလိုင်စင်ကိုယူပြီး DMV ဌာနကို တစ်ခေါက်ပြန်သွားခဲ့ရပါတယ်။ ကောင်တာမှာရှိနေတဲ့ ဝန်ထမ်းကောင်မလေးဆိုရင် ဒီအဖြစ်အပျက်ကို မယုံနိုင်လို့ တော်တော်လေး အံ့သြတောင် သင့်နေရှာပါတယ်။ နောက်ဆုံးမှာတော့ technical error ကြောင့် ဒီလိုပုံမျိုးဖြစ်သွားရတာသိပြီး Jade ကို လိုင်စင်အသစ် အစားထိုးပေးခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE