ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများပြီး နာမည်ကြီးနေတဲ့ ခွေးဓာတ်လှေကားလေး

[email protected] sonyakrayz

ခွေးလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်ကြသလို လူတွေအပေါ်မှာ သံယောဇဉ်အရှိတတ်ဆုံးနဲ့ အခင်တွယ်တတ်ဆုံး တိရစ္ဆာန်လေးတွေပါပဲ။ ခွေးကလေးတွေ မွေးထားတဲ့ အိမ်မှာဆိုရင်လည်း သူတို့လေးတွေရဲ့ အသံနဲ့ အမြဲကို ဆူညံနေတာသလို အင်မတန်လဲ ဆော့နိုင်တဲ့ ကောင်လေးတွေပါပဲ။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ကခွေးကလေးတွေအတွက် လှေကားအတက်အဆင်း အန္တရာယ်မဖြစ်အောင် ခွေးဓာတ်လှေကားလေးတစ်ခု ဆောက်လုပ်ပေးထားပြီး အဆိုပါ ခွေးဓာတ်လှေကားလေးဟာ ဆိုရှယ်မီဒီယာမှာ လူကြိုက်များနေပြီး နာမည်တော်တော်ကြီးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CCeXUophLRC/

အဆိုပါအမျိုးသမီးကတော့ အမေရိကန်နိုင်ငံ၊ New Orleans မြို့ရှိ Sonya Karimi အမည်ရှိ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Sonya ဟာ အသက် ၁၀ နှစ်အရွယ် Bodhi, အသက် ၄ နှစ်အရွယ် Emery, အသက် ၁၃ နှစ်အရွယ် George နဲ့ အသက် ၁၀ နှစ်အရွယ် Sam တို့ကို သူမရဲ့ အိမ်မှာ မွေးထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခွေးကလေး ၄ ကောင်စလုံးဟာ Pug ခွေးအမျိုးအစားတွေဖြစ်ပြီး အင်မတန်မှ အဆော့သန်တဲ့ ကောင်လေးတွေ ဖြစ်ပါတယ်။ မကြာခဏဆိုသလို လှေကားအတက်အဆင်းတွေမှာလည်း ခြေချော်ကျလေ့ရှိပြီး နောက်ဆုံးလှေကားပေါ်က ကစားရင် ပြုတ်ကျတဲ့ Bodhi ဆိုရင် ဒူးဆစ်ပါလွဲသွားခဲ့ပါတယ်။

READ
အွန်လိုင်းမှာနာမည်ကျော်သွားသည့်PPAPသီချင်းကို ကာဗာပြန်ဆိုမှုများ
[email protected]

ဒီလိုနဲ့ နောက်ဆုံးမှာတော့ Sonya ဟာ သူမရဲ့ ခွေးကလေးတွေအတွက် ခွေးဓာတ်လှေကားလေးတစ်ခု ဆောက်လုပ်ဖို့ အကြံရခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Sonya ဟာ သူ့ချစ်သူ Zach နဲ့ Zach ရဲ့ မိဘတွေ အကူအညီနဲ့အတူ ခွေးဓာတ်လှေကားလေးတစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဆိုပါ ဓာတ်လှေကားလေးကတော့ သစ်သားနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး Sonya ကိုယ်တိုင် ရီမုတ်နဲ့ လုပ်နှိပ်ပြီး အတက်အဆင်းလုပ်ပေးရတာ ဖြစ်ပါတယ်။ ခွေးကလေး ၄ ကောင်လုံးကိုလည်း အဆိုပါ ဓာတ်လှေကားလေးနဲ့ အတက်အဆင်း အလေ့အထဖြစ်အောင် ပြုလုပ်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ ခွေးကလေး ၄ ကောင်လုံးဟာ အဆိုပါ ဓာတ်လှေကားလေးနဲ့ နေသားကျသွားပြီဖြစ်ကြောင်း သိရပါတယ်။

[email protected]

“ကျွန်မကတော့ ဒီဓာတ်လှေကားလေးကို Doggie-vator လို့ ခေါ်ပါတယ်။ ကျွန်မအိမ်က ၄ ကောင်စလုံးက တစ်ကယ့် မျောက်မူးလဲလေးတွေ။ ဆော့နေရင် ဘာသံမှ မကြားရဘူး။ လှေကားပေါ်က ပြုတ်ကျလာပြီဆိုရင် တကိန်ကိန်နဲ့ ကျွန်မအနားရောက်လာတော့တာပဲ။ အခုတော့ သုံးလအချိန်ယူပြီး ဆောက်လုပ်ခဲ့တဲ့ ဒီခွေးဓာတ်လှေကားလေးပြီးသွားတဲ့အချိန်မှာတော့ တော်တော်အဆင်ပြေသွားပါပြီ” လို့ Sonya က ပြောကြားခဲ့ပါတယ်။

READ
ကြက်ဥကြော်တွေကို အနုပညာမြောက်ပုံဖော်ထားတဲ့ ဂျပန်နိုင်ငံက အိမ်ရှင်မ
[email protected]

Pyi Hein Kyaw

SHARE