ကလေးဆုံးရှုံးဖူးတဲ့မိဘတွေအတွက် အလွမ်းပြေအဖြစ်သက်ရှိနဲ့တူတဲ့အရုပ်ကိုဖန်တီးပေးသူ

မိသားစုတစ်စုမှာ မတော်တဆ ကလေးသေဆုံး/ဆုံးရှုံးခဲ့သူတွေ ရှိခဲ့လျှင် အလွမ်းပြေဖို့အတွက် သက်ရှိနဲ့တစ်ထေရာ
တည်းတူတဲ့ ကလေးအရုပ်တွေကို Denise Hall လို့ အမည်ရတဲ့ အသက် 30 အရွယ် အမျိုးသမီးက ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဆုံးရှုံးခဲ့တဲ့ ကလေးတွေကိုယ်စား မိဘတွေအနေနဲ့ အလွမ်းပြေ ကြည့်ရှုနိုင်ဖို့ ရည်ရွယ်ပါတယ်။

Hall ဟာ အရုပ်တွေကို ဖန်တီးရာမှာ အရွယ်ရောက်ကာစ ကလေးသူငယ်ပုံစံလေးတွေမှသည် အသက် 6 နှစ်အရွယ် က
လေးငယ်လေးတွေအထိ ဖန်တီးပေးနိုင်ပါတယ်။ ငိုသံနဲ့ နှလုံးခုန်သံတွေပါ ထည့်သွင်းပေးထားတာမို့ စကားမပြောတာကလွဲရင် တကယ့် သက်ရှိအတိုင်း ထင်မှတ်ရစေပါတယ်။ အရုပ်တစ်ခုအတွက် ဒေါ်လာ 600 ရောင်းဈေးရှိတယ်လို့ သိရပါ
တယ်။

အရုပ်အားလုံးကို တကယ့်လူတွေရဲ့ ဆံပင်အစစ်ကို တပ်ဆင်ပေးထားပြီး၊ နှလုံးခုန်သံနဲ့ ငိုသံကိုတော့ ၀ယ်ယူသူတွေ ဆန္ဒရှိမှသာ ထည့်ပေးတာဖြစ်ပါတယ်။ ကလေးသုံးယောက် မိခင်ဖြစ်တဲ့ အရုပ်ထုတ်လုပ်သူ Hall က ” အရုပ်တွေက တကယ့် သက်ရှိအတိုင်းပါဘဲ … လူတွေအတွက်တော့ စိတ်ပြေစရာ ပျော်ရွှင်မှုကို ပေးပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

READ
ကိုယ်ဝန်ဆောင်ဇနီးသည်ကို ထားသွားရလောက်တဲ့အထိ ဂိမ်းစွဲနေတဲ့ အမျိုးသား

ဒါပေမယ့် လောလောဆယ်တော့ မိဘတော်တော်များများက အရုပ်တွေကို သူတို့ရဲ့ ကလေးတွေ ကစားဖို့အတွက်သာ ဦးတည်ဝယ်ယူတာမျိုးသာ ရှိသေးတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အဆင့်မြင့်ကုန်ကြမ်း
များဖြင့်သာ ဖန်တီးထားပြီး လိုသလို ကွေးနိုင်ကောက်နိုင်၊ ဆန့်နိုင်တယ်လို့ သိရပါတယ်။

Hall က ” လူတော်တော်များများဆီကနေ သူတို့ဆုံးရှုံးသွားတဲ့ ကလေးတွေနဲ့ တစ်ထေရာထဲတူတဲ့ အရုပ်တွေဖန်တီးပေးဖို့ အမှာတွေကတော့ အများကြီး ရထားပါတယ် … ဒီအတွက်လည်း ကြိုးစားလုပ်ဆောင်နေပါတယ် … လက်ရှိ လုပ်နေတဲ့ အရုပ်တွေကိုလည်း လူသားအစစ်နဲ့တူစေဖို့ ဆေးခြယ်မှု 15 ကြိမ်လောက်အထိ လုပ်ထားပါတယ် “လို့ ရှင်းပြခဲ့ပါတယ်။

Hall ဟာ ဝေးလ်နိုင်ငံတောင်ပိုင်း Monmouth မြို့မှာ Baby Bubbles Nursery အမည်ရ အလုပ်ထုပ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး၊ အောင်မြင်မှုလည်း အလွန်ရနေသူတစ်ယောက်ဖြစ်ပါတယ်။ သူမ ၀ါသနာပါလို့ လုပ်ခဲ့တဲ့ ဒီလုပ်ငန်းဟာ စီးပွားရေးအရ အထောက်ကူပြုနေလို့လည်း သူမက ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။

READ
Music video တစ်ခုကြောင့် အစိုးရကတောင်တာဝန်ယူဖြေရှင်းခဲ့ရတဲ့ အဆိုတော်နှစ်ဦး

မဒီလေး (Shwemom)

source : source : thesun.co.uk

SHARE