ကင်ဆာရောဂါ ခံစားနေရတာတောင်မှ Diploma ရအောင် ယူနိုင်ခဲ့တဲ့ အမျိုးသမီး

Image:shutterstock/By staras

ကင်ဆာရောဂါနဲ့ ခံစားနေရတဲ့ အချိန်မှာတောင်မှ ပညာရေး အတွက် ကြိုးစားခဲ့တဲ့ ရဲ့ရင့်ပြီး သတ္တိရှိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အ ကြောင်းကိုတော့ Shwemom စာဖတ်သူတွေ အတွက် ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ Ms Evelyn Chua ဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ ရင်သားကင်ဆာနဲ့ Metastatic Cancer(အူမကြီး၊အဆုတ်စတဲ့ တခြား ကိုယ်အင်္ဂါ အစိတ် အပိုင်းတွေ က နေ ကင်ဆာ ဆဲလ် တွေ ပျံ့ နှံ့ ပြီး အသည်းအထိ ရောက်သွားတဲ့ ပျံ့နှံ့ ကင်ဆာ)  ကို ခံစား ခဲ့ရပါတယ်။ကင်ဆာဆဲလ် တွေ က အသည်းနဲ့ သူမရဲ့  ကျောရိုးအထိ ပါ ပျံ့ နှံ့ နေခဲ့တာပါ။အဲ့လို ဖြစ်နေတဲ့ အ ခြေ အ နေမှာ တောင်မှ Diploma တစ်ခုကို ရ အောင်ယူ ခဲ့တာပါ။ဒီ အကြောင်းကို တော့ Asione မှာ ဖော်ပြ ထားတာပါ။

Image:shutterstock/By siam.pukkato

အသည်းထိ ပါကင်ဆာဆဲလ် တွေ ပျံ့ နေတဲ့ ဒီလို အ နေအထားမှာတော့ Ms Evelyn Chua  က စီးပွားရေးဆိုင်ရာ Diploma (business administration) ကို Temasek Polytechnic (TP) က နေ ရအောင် ယူခဲ့တာပါ ။ သူမရဲ့ အသက် ကတော့ (၄၈)နှစ်ဖြစ်ပြီး (၈)နှစ်အရွယ် သမီးေ လးတစ်ယောက် ရှိပါတယ်။သူမဟာ business translation and interpretation skills  Diploma ကိုလည်း Nanyang နည်းပညာတက္ကသိုလ် ရဲ့ Confu cius Institute  က နေ (၂၀၁၅) ခုနှစ် သူမရဲ့  ရင်သားကင်ဆာ အဆင့် (၂) အ ခြေ အ နေ တုန်းက ယူထားခဲ့ပါေ သးတယ်။ကင်ဆာ ရောဂါဖြစ် နေတဲ့ အကြောင်းကို စ သိသိချင်း တုန်းက တော့ တုန်လှုပ်မိ ပေမယ့် အတတ်နိုင်ဆုံး အ ကောင်းမြင်စိတ် မွေးပြီး နေနိုင အောင် ကြိုးစား ခဲ့တယ်လို့ ဆိုပါတယ်။ခွဲစိတ်ကုသမှု လည်း လုပ်ခဲ့ပြီး (၂၀၁၇)အ ထိ ဓါတ် ရောင်ခြည ကုသ မှု တွေကိုလည်း ခံယူ လာခဲ့တာပါ။ Ms Chua က တော့ လူမှု ၀န်ထမ်း ဦးစီးဌာနမှာ ရာဇ ၀တ်မှုမှတ်တမ်းရေးရာဆိုင်ရာ ၀န် ထမ်း အဖြစ်နဲ့ အလုပ်လုပ်တာပါ။သူမရဲ့  လူကြီး က စိတ် ကျ နေတာကို ကုစား နိုင်ဖို့ အတွက် Diploma တစ်ခု ကို ယူပြီး ကိုယ့်ရဲ့ Skill ကို ကိုယ်မြှင့်တင်ဖို့ တိုက် တွန်းအားပေးခဲ့တာကြောင့် မကျန်းမာ တဲ့ ကြားက ပညာရေးကို ကြိုးစားဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့ သြဂုတ်လ သူမ သင်တန်းတက် နေတဲ့ အချိန်မှာ ပဲ သူမရဲ့ ကင်ဆာက အဆင့်(၄)အထိ ရောက်ခဲ့တာပါ။

READ
(၂၄) နာရီအတွင်း Instagram မှာ follower ပေါင်း (၃)သန်းဆုံးရှုံးသွားခဲ့တဲ့ Ariana Grande
Image:pixabay/StockSnap

ကင်ဆာ အဆင့်(၄)ဖြစ်နေတာကို သိလိုက်ရတဲ့ အချိန် မှာတော့ “ကျ မကိုယ်ကျ မပြန် ပြော တယ်။ဒါက ဖြစ် နေတဲ့ အရာ တစ်ခုပဲ၊ အကောင်းဘက်က နေ ပဲ တွေးပြီးနေ။ အ ကောင်းဆုံး အ ခြေ အ နေကိုပဲ တွေး နေ..” ဆိုပြီး သူမကိုယ်သူမ အားပေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဓါတု ကုထုံးတွေကိုတော့ တစ်ပတ် မှာ (၃) ကြိမ် လောက်စပြီး ခံယူခဲ့တာ ကြောင့် သူမရဲ့ Day Class တစ်ချို့ကို ညဖက်ကို ပြောင်းခဲ့ရပါတယ်။စာလဲ သင် ၊တစ်ဖက်မှာလည်း ကင်ဆာနဲ့လည်း တိုက်ပွဲ ၀င်ဆို တော့ မပင်ပန်းဘူး လားဆို တော့ သူမက “ရုပ်ပိုင်းဆိုင်ရာ အရ ဆိုရင်တော့ ဓါတု ကုထုံး ခံယူရ တော့ ပင်ပန်းတယ်။ကောင်းတဲ့ ဆဲလ် ရော၊ မကောင်းတဲ့ ဆဲ လ် တွေ ပါ အကုန် သေ ကုန် တာ လေ။ ကိုယ်ခံအားကလည်း ကုထုံးခံယူနေချိန် ဆိုရင် ကျ သွားတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူမရဲ့  ဒုတိယ မြောက် Diploma ကို ရ အောင်ယူနိုင်ခဲ့ပါတယ်။ကုထုံးခံယူနေ ချိန် အလုပ် က နားပြီး ဆေးရုံမှာပဲ နေရ တော့ စာကြည့်ချိန် ပိုရ တယ်လို့ ပြောခဲ့ပါတယ်။သူမကို အတန်းဖော် တွေ အားလုံး ကလည်း ၀ိုင်းအားပေးပြီး၊ Note တွေ ကိုလည်း ဝေမျှ  ပေးခဲ့ ကြတယ်လို့ ဆိုပါတယ်။

READ
စားစရာတွေထဲက အစအနလေးတွေကို ရေတွက်ရင်းအချိန်ဖြုန်းနေတဲ့ ဂျပန်အဆိုတော်
Image:Shutterstock/By staras

Ms Chua က တော့ ကျန်းမာရေး သိပ် မ ကောင်းရင် အတန်းကို ၀ှီးချဲ နဲ့ လာတတ်တဲ့ အထိ ဇွဲ ကောင်းသူပါ။ဆရာမ က တောင်မှ သူမရဲ့ ဇွဲ ကတော့ တကယ့်ကို အံ့သြစရာ ကောင်း ကြောင်း၊ အကောင်းမြင်စိတ် ရှိပြီး တက်တက်ကြွကြွ နေတတ်သူလို့ ချီးကျူးခဲ့ပါတယ်။ Ms Chua ကတော့ ကင်ဆာနဲ့ တိုက်ပွဲဝင်တဲ့ အခါ မှာ သမီးဖြစ်သူက သူမ အတွက် စိတ်ဓါတ် ခွန်အား ဖြစ်စေ ခဲ့ ပြီး သမီးလေးရဲ့ အနားမှာ နေနိုင်သ လောက် ကြာကြာ နေချင် တဲ့  စိတ် ရှိခဲ့ ကြောင်း၊ အဆိုးဆုံးကိုလည်း တစ်ဖက်မှာ ပြင်ဆင်ထားပြီး  နောင်တ နည်းနိုင်သမျှ နည်း အောင်ပဲ ဘ၀ကို ဖြတ်သန်း ချင် ကြောင်း၊သူမနဲ့ ပတ်သက်လာရင် သမီးလေး ကို ပျော်စရာ ကောင်းတဲ့ အမှတ်တရ လေးတွေ ကိုပဲ ပေးထားခဲ့ချင်တယ်လို့ သူမရဲ့ ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။

#SHWEMOM

SHARE