အသက်(၂၃) နှစ်အရွယ် အယ်မလီအိုဗာတန်ဆိုသူ အမျိုးသမီးတစ်ဦးဟာ ရည်းစားဖြစ်သူနဲ့အတူ WWE နပန်းပွဲကို ညဥ့်နက်မိုးချုပ်ထိ ကြည့်ပြီးနောက် သူမခြေထောက်တွေ ထုံကျင်နေတာကို သတိပြုမိခဲ့ပါတယ်။ ဒီလိုနဲ့ အိပ်ရာဝင်ခဲ့ပြီး မနက်မိုးလင်းတဲ့အခါမှာတော့ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ လုံးဝလှုပ်လို့မရတော့ပဲ ရှိနေခဲ့တာကြောင့် အယ်မလီဟာ သွေးပျက် ထိတ်လန့်ခဲ့ရပါတယ်။
အဲဒီအချိန်တည်းကစလို့ အယ်မလီဟာ ခြေထောက်တွေ လှုပ်ရှားလို့မရတော့ပဲ အခုချိန်ထိ ၀ှီးချဲလ်နဲ့သာ ဘ၀ကို ဖြတ်သန်းနေရပါတော့တယ်။ သူမဟာ အသက်(၁၂) နှစ်အရွယ်ကစလို့ ဒူးခေါင်းတွေမှာ စူးပြီးနာတာကို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘာမှပြင်းထန်တာမဟုတ်ဘူးလို့ သဘောထားပြီး သေချာဆေးထိုး ဆေးစားတာတွေ မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဒူးထဲက စူးပြီးနာလိုက် ပျောက်လိုက်နဲ့နေရင်း (၂၃) နှစ်အထိ ဖြစ်လာခဲ့တာပါ။

ဒီလိုနဲ့ တစ်နေ့မှာတော့ ညဘက်မိုးချုပ်ထိ တီဗီထိုင်ကြည့်ရင်း မနက်မိုးလင်းလို့ အိပ်ရာအထမှာ သူမခါးအောက်ပိုင်းကနေ လှုပ်ရှားလို့မရတော့ဘူးဆိုတာကို အလန့်တကြား သိလိုက်ရတာပါ။ သူမကို ဆေးရုံတင်တဲ့အခါမှာတော့ ဆရာဝန်တွေဟာ သူမရဲ့ ကျောရိုးမှာ arteriovenous malformations (AVM) ဖြစ်နေတယ်ဆိုတာ တွေ့ရှိခဲ့တာပါ။
၎င်းရောဂါဟာ သွေးပြန်ကြောတွေနဲ့ သွေးလွှတ်ကြောတွေကြား ဆက်သွယ်ပုံမမှန်ကန်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ တစ်ရှူးတွေထဲကို အောက်ဆီဂျင်ပါတဲ့ သွေးတွေမရောက်တော့ အချိန်ကြာလာတဲ့အခါ အာရုံကြောဆဲလ်တွေဟာ သေသွားတာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ အယ်မလီဟာ တစ်သက်တာလုံးကို အခုလို ၀ှီးချဲလ်နဲ့ပဲ ဖြတ်သန်းသွားရနိုင်ခြေများတယ်ဆိုပြီး သုံးသပ်ထားပါတယ်။ ဒါကြောင့် စာဖတ်သူတွေလည်း ဒူးထဲက မကြာခဏနာကျင်တာမျိုး ၊ ထုံကျင်တာမျိုးတွေ ဖြစ်ခဲ့ရင် မပေါ့ဆကြဖို့နဲ့ နားလည်တတ်ကျွမ်းသူသမားတော်တွေနဲ့ ထိထိရောက်ရောက်ကုသဖို့ သတိပေးလိုက်ရပါတယ်။ အယ်မလီရဲ့ အကြောင်းကိုတော့ ဗြိတိန်နာမည်ကြီး သတင်းစာတွေက သတိထားဆင်ခြင်ဖွယ်ရာ ဖြစ်ရပ်တစ်ခုအနေနဲ့ ၀ိုင်းဝန်းဖော်ပြခဲ့ကြပါတယ်။
Posted by Emily Overton on Saturday, February 23, 2019
လင်းလင်း (ShweMom)