သူမကိုပြန်မချစ်လို့ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကို သေလုနီးပါး ရိုက်နှက်ခဲ့တဲ့ ပါမောက္ခ

Mount Holyoke University

အမေရိကန်နိုင်ငံ Mount Holyoke ကောလိပ်ရှိ ပါမောက္ခဆရာမတစ်ဦးဟာ သူမကို ပြန်မချစ်လို့ဆိုပြီး သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို သေလောက်အောက် ရိုက်နှက်ခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အသက်၄၈နှစ် အရွယ်ရှိပြီဖြစ်တဲ့ Rie Hachiyanagiဆိုတဲ့ ပါမောက္ခဆရာမတစ်ဦးဟာ Leverett မြို့မှာရှိတဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးအိမ်ကို ရုတ်တရက်ဝင်ရောက်လာခဲ့ပြီး တရစပ်ရိုက်နှက်ခဲ့ကြောင်း Northwestern District Attorneyရုံးရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီဖြစ်စဉ်ဟာ ညသန်းခေါင်လောက်မှာ ဖြစ်ပြီး Rieကိုယ်တိုင် ရဲကိုဖုန်းဆက်ကာ သူမသူငယ်ချင်းတစ်ယောက် သွေးထွက်လွန်နေကြောင်း ပြောပြခဲ့ပါတယ်။ဒါ့အြ့ပင် အိမ်ထဲကိုလည်း တစ်ယောက်ယောက်က ဖောကမထွင်းဝင်ထားပုံရကြောင်း ပြောပြခဲ့ပါသေးတယ်။ဒါ့အပြင် သူမသူငယ်ချင်းရဲ့ သွေးတွေက ရေကန်ထဲမှာ နီရဲနေပြီး ခေါင်းမှာလည်း ထုရိုက်ထားတဲ့ ဒဏ်ရာရှိနေကြောင်း ပြောပြခဲ့ပါသေးတယ်။ဒါ့အပြင် သူ့တစ်ကိုယ်လုံးဟာ သွေးတွေ ပေနေပြီး သူငယ်ချက်းကို ပွေ့ထားတာကြောင့်ဆိုပြီး လိမ်လည်ပြောဆိုခဲ့ပါသေးတယ်။

READ
မိုးရေထဲမှာ ထီးနဲ့ဆော့နေရင်း မိုးကြိုးထိမှန်လုနီးနီး ဖြစ်ခဲ့ရတဲ့ ကလေးငယ်
Twitter/Rie-Hachiyanagi

ဆေးရုံရောက်တော့ အမျိုးသမီးလူနာဟာ သတိရလာပြီး နှာခေါင်းရိုးကျိုးဒဏ်ရာတွေနဲ့ မျက်နှာတစ်ဝိုက်မှာလည်း စုတ်ပြတ်သတ်နေပါတယ်။ထို့နောက် သူမက ကြောက်လန့်တကြားနဲ့ Rie ဟာ ညသန်းခေါင်လောက် သူမအိမ်ရောက်လာပြီး သူ့စိတ်ခံစားချက်တွေကို နားမလည်ဘူးလား ဟုမေးကာ သူမကို ကျောက်တုံးတွေ၊ဥယျာဉ်သုံး ပစစည်းတွေနဲ့ တရစပ်ရိုက်နှက်ကြောင်း ပြောပြခဲ့ပါတယ်။ သူမကိုယ်သူမ Rie လက်ထဲမှာ သေသွားပြီလို့ ထင်နေကြောင်း ပြောပြခဲ့သေးပါတယ်။ Rie ကို ရဲတွေက စစ်မေးတဲ့ အချိန်မှာတော့ အဲဒီနေ့ ညနေ၆နာရီနောက်ပိုင်းကစပြီး အဖြစ်အပျက်တွေကို မမှတ်မိတော့ကြောင်းနဲ့ သူမဟာ မှတ်ဥာဏ်ချို့တဲ့အတွက် ဆေးတစ်ချို့သုံးစွဲနေရကြောင်း ရဲတွေကို ပြန်ရှင်းပြခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ကတော့ Rie ကို လူသတ်ရန်ကြိုးပနယမိးမှုနဲ့ ဖမ်းဆီးထားပြီး စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ABC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
အင်ဒိုနီရှားတွင်း အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး (၁၁)ဦး သေဆုံး
Mount Holyoke University

Pyi Hein Kyaw

SHARE