သူမရဲ့ ကွယ်လွန်သွားတဲ့ ခွေးကလေးပုံကို ကောင်းကင်မှာ မြင်ခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး

[email protected]

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အကောင်းဆုံး တိရစ္ဆာန်မိတ်ဆွေလေးတွေ ဖြစ်သလို လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဆိုလည်း မမှားပါဘူး။ ခွေးကလေးတွေကလည်း သူတို့ သခင်တွေ၊ သခင်မတွေအပေါ်ကို အရမ်းသစ္စာရှိသလို အရမ်းလဲ သံယောဇဉ်ကြီးရှာကြပါတယ်။ အခုလည်း အမေရိကန်နိုင်ငံ၊ New York မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ခွေးကလေးသေဆုံးပြီး သိပ်မကြာခင် အဆိုပါခွေးကလေးရဲ့ ပုံရိပ်ကို ကောင်းကင်မှာ မိုးတိမ်တွေအဖြစ်နဲ့ မြင်တွေ့ခဲ့ရကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

LLedgeway

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က Lucy Ledgeway လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ Sunny လို့ အမည်ရတဲ့ အိမ်မွေးခွေးကလေးတစ်ကောင်ကို ဆုံးရှုံးခဲ့ရပါတယ်။ Sunny လေးဟာ Lucy တို့ မိသားစုရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့တာ ၁၅ နှစ်ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Sunny လေးဟာ အသက်အရွယ်ကြီးလာပြီး သေဆုံးသွားရှာပါတော့ တယ်။ Lucy တို့ မိသားစုခမျာမှာလည်း Sunny လေးရဲ့ သေဆုံးမှုအပေါ်မှာ တော်တော်လေး ခံစားရရှာခဲ့ပါတယ်။ ဒါပေမယ့် Sunny လေး သေဆုံးပြီး သိပ်မကြာခင်မှာပဲ Sunny လေးရဲ့ ပုံရိပ်ကို  Lucy တို့တစ်တွေ ကောင်းကင်မှာ မြင်တွေ့ခဲ့ရကြောင်း သိရပါတယ်။

READ
အဘိုးအရွယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့ အမေ၇ိကန်အမျိုးသား
LLedgeway
LLedgeway

“အဲဒီနေ့က ကျွန်မရည်းစား ပေါင်ပေါ်မှာ Sunny လေးကို သတိရလို့ ငိုနေခဲ့တာ။ သိပ်မကြာဘူး။ ပြတင်းပေါက်နားမှာရပ်ပြီး Sunny အကြောင်း စဉ်းစားနေရင်း ကောင်းကင်ကို မော့ကြည့်လိုက်တာ ကောင်းကင်မှာရှိတဲ့ တိမ်စိုင်တစ်ခုက Sunny ရဲ့ ပုံလိုပဲ။ ကျွန်မလဲ ကြောင်သွားပြီး အိမ်ကလူတွေကို အကူန်ခေါ်ပြလိုက်တယ်။ သူတိုလဲ အဲဒီပုံရိပ်ဟာ Sunny ဆိုတာ ယုံကြည်ကြပါတယ်” လို့  Lucy က ပြောကြားခဲ့ပါတယ်။

Lucy ဟာ Sunny ရဲ့ ပုံနဲ့ ကောင်းကင်မှာ တွေ့ခဲ့ရတဲ့ ပုံရိပ်ကို ယှဉ်ပြီး Twitter မှာ ပို့စ်တင်ခဲ့ပါတယ်။ သူမရဲ့ ပို့စ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များခဲ့ပြီး Like 100k  ကျော်တောင် ရရှိခဲ့ပါတယ်။ ဒီပို့စ်ကိုတွေ့တဲ့ လူတစ်ချို့ကလည်း သူတို့ အိမ်မွေးခွေကလေးတွေဆုံးသွားပြီး သိပ်မကြာခင်မှာ Lucy လို့ အဖြစ်မျိုးကြုံဖူးကြောင်း ပုံတွေနဲ့ comment ပြန်ပေးခဲ့ကြပါသေးတယ်။ Shwemom ပရိသတ်ကြီးတေကာ ဒီလိုအဖြစ်မျိုး ကြုံဖူးကြသေးလား မသိဘူး။

READ
ပိုစတာထဲက ကြက်ကြော်ပုံကို စားဖို့ကြိုးစားနေတဲ့ သနားစဖွယ် ကလေးငယ်
Errca_xoxo
Amy___O
tayluhh21

Pyi Hein Kyaw

SHARE