အိမ်နီးချင်းတွေကို အကူအညီတောင်းပြီး ချစ်သူကို surpriseလုပ်ခဲ့တဲ့အမျိုးသမီး

[email protected]

COVID 19 ကူးစက်ရောဂါကြောင့် လူအများစုကတော့ ကိုယ့်အိမ်မှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် Quarantined အချခံပြီးနေကြပါတယ်။ ဒီလို Quarantined ကျနေတဲ့ လူတစ်ယောက်ရဲ့ မွေးနေ့ကို လူအများကြီးနဲ့ ဖြတ်သန်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မျိုးမှာ လူစူလူဝေးမလုပ်တာဟာ အကောင်းဆုံးအချိန်မို့ပါပဲ။ ဒါပေမယ့် Hannah Chung လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူချစ်သူအမျိုးသားကို Quarantined အချခံထားရတဲ့ကြားကိုက အိမ်နီးချင်းတွေနဲ့အတူ Birthday Surprise လုပ်နိုင်ခဲ့ကြောင်း Story Pick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Hannah ဟာ သူ့ချစ်သူ Birthday မရောက်ခင် တစ်ရက်လောက်ကတည်းက အိမ်နီးနားချင်းတွေရဲ့ တံခါးအောက်ကနေ စာတစ်စောင်ထည့်ပေးခဲ့ပါတယ်။ စာထဲမှာတော့ မနက်ဖြန်ဟာ သူ့ချစ်သူမေ့းနေ့ဖြစ်တာကြောင့် ဘယ်အချိန် Birthday သီချင်းလေးကို တစ်ညီတစ်ညွတ်တည်း ပြတင်းပေါက်ကနေဆိုပေးဖို့ကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးရင် အိမ်နီးချင်းတွေကြောင့် သူ့ချစ်သူဟာ အရမ်းပျော်ရွှင်ရမှာဖြစ်ပြီး ဒီလို Birthday Wish လုပ်ပေးတဲ့သူတွေ အားလုံးကိုလည်း Hannah က ကျေးဇူးတင်ကြောင်း စာပါဝင်ခဲ့ပါတယ်။

READ
ကမ္ဘာကော်ျကာတွန်းဇာတ်ကားတွေမှာ မြင်ရတဲ့ ဟာသအလွဲလေးများ

 

နောက်တစ်နေ့ သတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ Hannah ဟာ သူ့ချစ်သူနဲ့အတူ ပြတင်းပေါက်တံခါးဖွင့်လိုက်တဲ့အချိန်မှာတော့ အခန်းတော်တော်များရဲ့ ပြတင်းပေါက်တံခါးတွေကနေ Happy Birthday သီချင်းဆိုသံတွေ ပေါ်ထွက်လာပြီး Hannah ရဲ့ ချစ်သူအမျိုးသားကလည်း တော်တော်ပျော်သွားသလို အံ့သြလဲ သင့်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့အချိန်မှာတော့ လူတော်တော်များများက Hanah ရဲ့ လုပ်ရပ်ဟာ တော်တော်ချစ်ဖို့ကောင်းကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

READ
ကိုယ့်ကိုကိုယ် လမင်းကြီးဖြစ်အောင် ဆယ်လ်ဖီဆွဲနိုင်မယ့် နည်းလမ်း

 

Pyi Hein Kyaw

SHARE