ချစ်သူကောင်းမှုအကြောင်းပြုပြီး ဘဏ်ဓားပြတိုက်မှုမှာ ကြံရာပါဖြစ်သွားရှာတဲ့ အမျိုးသမီး

GoogleStreetView

ဒီဘက်ခေတ်မှာ Dating Application တွေ သုံးပြီး ချစ်သူရှာဖွေတဲ့ ဓလေ့ဟာ တော်တော်ထွန်းကားလာပြီ ဖြစ်ပါတယ်။ ချစ်သူတော်တော်များများဟာ အဲဒီ Dating Application ကနေပြီးတော့ပဲ ချစ်သူတွေ ဖြစ်သွားကြပြီး အဆင်မပြေရင်တော့ လက်တွဲဖြုတ်၊ အဆင်ပြေရင်တော့ လပ်ထပ်သည်အထိ ဖြစ်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ အဆိုပါ Dating Application ကြောင့်ပဲ ချစ်သူကောင်လေးတစ်ယောက်ရရှိခဲ့ပြီး အဆိုပါ ချစ်သူကြောင့်ပဲ ဘဏ်ဓားပြတိုက်မှုရဲ့ ကြံရာပါဖြစ်ခဲ့ပြီး ထောင်ကျတော့မလိုတောင် ဖြစ်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်မှာ နေထိုင်ပြီး အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ၂၀၁၆ ခုနှစ်လောက်ကတည်းက Dating Application မှာ Christopher Castilo လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး အပြင်မှာတွေ့ခဲ့ကာ တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တွဲတာကြာလာတာနဲ့အမျှ အဆိုပါအမျိုးသမီးဟာ Christopher ပေါ်မှာ သံယောဇဉ်ဖြစ်ပြီး သူမအိမ်မှာ ခေါ်ထားခဲ့ပါတယ်။ Christopher ကို အနားခေါ်ထားကာမှပဲ Christopher ဟာ အင်မတန်ဆိုးသွမ်းတဲ့ လူတစ်ယောက်ဖြစ်ကြောင်း သိလာခဲ့ရပါတယ်။

READ
အာဂျင်တီးနားရှုံးပွဲကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ အိန္ဒိယပရိသတ်
North Attleborough Police Department

အဆိုးဆုံးကတော့ အဲဒီအမျိုးသမီးကို ဘာမှမပြောပဲ ရုတ်တရက် ဘဏ်ကို ဓားပြဝင်တိုက်ခဲ့တာပါပဲ။ အခင်းဖြစ်ပွားတဲ့ညက Christopher ဟာ ခရီးသည်ခုံမှာထိုင်နေပြီး အဆိုပါအမျိုးသမီးကို ကားမောင်းခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘဏ်တစ်ခုအရှေ့ရောက်တော့ Christopher ဟာ ကားကို ရုတ်တရက်ရပ်ခိုင်းခဲ့ပါတယ်။ အမျိုးသမီးစိတ်ထဲမှာတော့ ဒီအတိုင်းပိုက်ဆံထုတ်ဖို့ ရပ်ခိုင်းခဲ့တာလို့ ထင်ခဲ့ပါတယ်။ ခဏအကြာမှာတော့ Christopher သုတ်သီးသုတ်ပြာနဲ့ ပြန်ရောက်လာပြီး “ ချီးပဲ….အမြန်မောင်းဟာ” လို့ အော်ဟစ်ခဲ့ကြောင်း သိရပါတယ်။

ဒီလိုနဲ့ အဆိုပါ အမျိုးသမီးဟာ ဘုမသိဘမသိနဲ့ ကားမောင်းထွက်ခဲ့ပါတယ်။ အိမ်ပြန်မရောက်ခင် လမ်းခုလတ်မှာပဲ ရဲကားတွေရဲ့ ပိတ်ဆို့မှုကိုခံခဲ့ရပြီး ကားပေါ်ကို ရှာဖွေတဲ့အခါမှာ .44 calibre သေနတ်တစ်လက်၊ နေကာမျက်မှန်၊ ခေါင်းစွပ်နဲ့ ဘဏ်က ဓားပြတိုက်သွားတဲ့ ဒေါ်လာ ၁၀၀၀ ကျော်ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ပိတ်ဆို့ဖမ်းဆီးတဲ့အချိန်မှာတောင် Chrristopher တစ်ယောက်ဟာ ထွက်ပြေးပုန်းရှောင်ဖို့ လုပ်ခဲ့သေးပါတယ်။ နောက်ဆုံးမှာတော့ Christopher တစ်ယောက်ကတော့ ထောင် (၅) နှစ်ကျခဲ့ပြီး အဆိုပါအမျိုးသမီးကတော့ ဘာမှအရေးယူ မခံခဲ့ရပါဘူး။ အဲဒီချိန်နောက်ပိုင်းကစပြီး အဆိုပါအမျိုးသမီးဟာ ဘယ်တော့မှ Dating Application တွေ မသုံးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

READ
ပြင်သစ်ကြယ်ငါးပွင့်ဟိုတယ်မှာ ပေါင်(၄.၂)သန်း တန်ကြေးရှိရတနာပစ္စည်းများ ဓားပြတိုက်ခံခဲ့ရ

Pyi Hein Kyaw

SHARE