ကလေးမွေးမွေးပြီးချင်း (၂)နာရီပဲနားပြီး မိုင်(၉၀)နီးပါး ခြေကျင်လျှောက်ခဲ့တဲ့ အမျိုးသမီး

Flickr/Damon Lynch

ခေါင်းစဉ်ကြည့်လိုက်တာနဲ့ လူတော်တော်များများက မဖြစ်နိုင်ဘူးလို့ ကျိန်းသေထင်ကြမှာပါပဲ။ ဒါပေမယ့် တကယ်အရေးအကြောင်း ဖြစ်လာတဲ့အချိန်တွေကြရင် အမျိုးသမီးတွေမှာ မမြင်နိုင်တဲ့ ခွန်အားတွေ ရှိလာတတ်ကြပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးမွေးပြီးချင်း ၂ နာရီလောက်ပဲ နားခဲ့ပြီး သူ့ခင်ပွန်းရယ်၊ မွေးကင်းစကလေးလေးရယ်နဲ့အတူတူ မိုင် ၉၀ နီးပါးလမ်းလျှောက်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါကိုယ်ဝန်သည်အမျိုးသမီးနဲ့ သူ့ခင်ပွန်းဟာ အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်ရှိ Nashik မြို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ လက်လုပ်လက်စား လင်မယာတွေ ဖြစ်ပါတယ်။ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ သူတို့နှစ်ယောက်စလုံး အလုပ်မရှိတော့သလို ပြည်နယ် Lockdown တွေလည်း မကြာခင် ပိတ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် လင်မယားနှစ်ယောက်စလုံးဟာ မွေးရပ်မြေဖြစ်တဲ့ Madhya Pradesh ပြည်နယ်ရှိ Satna မြို့ကို ပြန်ဖို့ လုပ်ကြပါတယ်။ ဒါပေမယ့် သွားမယ့်လမ်းကို ပြေးဆွဲတဲ့ ကားတွေလည်း မရှိတာကြောင့် လင်မယားနှစ်ယောက်လုံးဟာ ခြေကျင်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
ဗုံးစနတ်တံဖြုတ်ပြီး ဓာတ်ပုံရိုက်ပို့တဲ့သူ စက္ကန့်ပိုင်းအတွင် ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာပင်သေဆုံး
[email protected]

ဒီလိုမသွားခင် အမျိုးသမီးဟာ ဗိုက်နာလာတာကြောင့် ကလေးမွေးခဲ့ပါသေးတယ်။ ကလေးမွေးပြီးပြီးချင်း ဆေးရုံမှာ တစ်ရက်နှစ်ရက်လောက်နားဖို့ စဉ်းစားခဲ့ပေမယ့် ဒီကြားထဲ Lockdown ကျရင် သူတို့နှစ်ယောက် ပိုကျပ်တည်းမှာ သိတဲ့အတွက်ကြောင့် ကလေးလေးမွေးမွေးပြီးချင်း ၂ နာရီလောက်ပဲနားပြီး Satna မြို့ထိရောက်အောင် ခရီးဆက်ခဲ့ပါတယ်။ “ ကျွန်တော့်အမျိုးသမီးကို မလျှောက်နိုင်လောက်ဘူးလို့ ထင်တာ။ ကီလိုမီတာ ၁၅၀ လောက်ကို သူလျှောက်ခဲ့ရတာ။ တကယ့် အာဂသတ္တိပါပဲ။ အခုတော့ ကျွန်တော့်မိန်းမကော၊ ကလေးကော ကျန်းမာပါတယ်” လို့ အမျိုးသားဖြစ်သူမှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE