အောင်မြင်တဲ့ဒီဇိုင်နာအလုပ်ကထွက်ပြီး ဘာလီမှာ ၀ါးအိမ်တွေဆောက်နေတဲ့ အမျိုးသမီး

Instagram/ibukubali

အီလိုရာဟာဒီဟာ ကနေဒါနိုင်ငံက အောင်မြင်တဲ့ ရတနာပစ္စည်းဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကြီးပြင်းခဲ့ပြီး အမေရိကန်နိုင်ငံမှာ (၁၄) နှစ်လောက် နေထိုင်ခဲ့ပါတယ်။ အမေရိကန်မှာပဲ ဘွဲ့ယူခဲ့ပြီးနောက် အီလိုရာဟာ နယူးယောက်မြို့က ဖက်ရှင်လောကမှာ အောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Instagram/ibukubali
Instagram/ibukubali

(၂၀၁၀) ခုနှစ်မှာတော့ အီလိုရာဟာ သူမအလုပ်ကနေ ထွက်ပြီး သူမအရမ်းဝါသနာပါခဲ့တဲ့ အလုပ်ကို လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲဒါကတော့ ၀ါးနဲ့ပြုလုပ်ထားတဲ့ အဆောက်အဦးတွေကို ဆောက်လုပ်တာ ဖြစ်ပါတယ်။ အီလိုရာဟာ သူမမွေးဖွားရာ ဘာလီကျွန်းကို ပြန်လာခဲ့ပြီး ၀ါးအိမ်လေးတွေကို ဆောက်လုပ်ဖို့ ပြင်ဆင်ခဲ့ပြီး IBUKU ဆိုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

Instagram/ibukubali
Instagram/ibukubali

ဝါးဟာ ကြံ့ခိုင်တဲ့ ဆောက်လုပ်ရေးပစ္စည်းဖြစ်ပေမယ့် သူ့မှာ မကောင်းတဲ့အချက်က ရေငွေ့နဲ့ အင်းဆက်ပိုးတွေကြောင့် ပျက်စီးနိုင်တာပါ။ ဒါပေမယ့်လည်း ဒီလို အကြောင်းအချက်တွေနဲ့ မပျက်စီးရလေအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကလည်း အမျိုးမျိုးရှိပါတယ်။ အီလိုရာဟာ သူမရဲ့ ၀ါးအိမ်တွေကို သူမဖခင်တည်ဆောက်ထားခဲ့တဲ့ Bali Green School ဒီဇိုင်းကို ယူပြီး တည်ဆောက်ထားတာပါ။

READ
မသန်စွမ်းတဲ့ သားကို Harvard ဥပဒေကျောင်းသားဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်
Instagram/ibukubali

အီလိုရာက သူမဟာ အသက်(၃၀) ၀န်းကျင်ရှိနေပြီဖြစ်တာကြောင့် သူမအနေနဲ့ သူမဘ၀အတွက် ရှေ့ဆက်သွားလို့ရမယ့် ၀ါသနာကို ရွေးချယ်ခဲ့တာဖြစ်လို့ နယူးယောက်က အလုပ်ကိုစွန့်လွှတ်ခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ ဒါ့အပြင် ကံကောင်းထောက်မစွာနဲ့ သူမအလုပ်ကို ကူညီပေးမယ့်သူတွေရှိတာကြောင့် သူမဟာ ယဉ်ကျေးမှုနဲ့ လက်မှုနည်းပညာကို ပူးပေါင်းပြီး အခုလို ၀ါးအိမ်တွေကို ဒီဇိုင်းထွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း boredpanda သတင်းဌာန ဖြေကြားခဲ့ပါတယ်။

Instagram/ibukubali
Instagram/ibukubali

လင်းလင်း (ShweMom)

SHARE