ကလေးတွေကို ကားခေါင်မိုးပေါ်တင်ပြီး ကားမောင်းနှင်ခဲ့တဲ့ အမျိုးသမီး

facebook/Dixon, Illinois Police Department

အခုဖော်ပြပေးမယ့်ဖြစ်ရပ်ကတော့ သာမန်မိခင်တစ်ယောက်အနေနဲ့ အင်မတန်မှလုပ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အမေရိကန် အီလီနွိုက်ပြည်နယ်ဌာနမှ ရဲတွေဟာ တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်ရအပြီးမှာ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ အသက်(၄၉) နှစ်အရွယ် ဂျဲနက်စ်ရီဂါဆိုသူဖြစ်ပါတယ်။

ဂျဲနက်စ်ရီဂါကို (၂၀၁၉) ခုနှစ် ဇူလိုင်လ () ရက်နေ့ ညနေ(၃း၀၇) မိနစ်အချိန်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတစ်ဦးက အောဒီကားမောင်းသူတစ်ဦးဟာ ပီအိုရီးယားအဲဗနူးတံတားကနေ မြောက်ဘက်ကို မောင်းသွားခဲ့ကြောင်းနဲ့ ၄င်းကားပေါ်မှာတော့ လေမှူတ်ရေကူးကန်ငယ်တစ်ခုကို တင်သွားကြောင်း၊ အံ့သြစရာကောင်းတာက အဲ့ဒီလေမှူတ်ကန်ထဲမှာ ကလေးတွေလည်း ရှိနေကြောင်း စသဖြင့် ပြောပြပြီး ရဲကို သတင်းပို့ပေးခဲ့တာပါ။

facebook/Dixon, Illinois Police Department

ရဲအရာရှိတွေက ရှာဖွေတဲ့အခါမှာတော့ အဖြူရောင်အော်ဒီကားတစ်ဦးကို တွေ့ရှိခဲ့ကြပါတယ်။ ၄င်းကားဟာ အမိုးပေါ်မှာ လေမှူတ်သွင်းထားတဲ့ အပြာရောင်ရေကူးကန်တစ်ခုကို တင်ထားပြီး အထဲမှာတော့ ကလေးနှစ်ယောက်ရှိနေပါတယ်။ ကလေးတွေကတော့ မိန်းကလေးတွေ ဖြစ်ပါတယ်။ သိရတာက ဂျဲနက်စ်ရီဂါဟာ သမီးနှစ်ယောက်နဲ့အတူ သူငယ်ချင်းအိမ်ကို သွားခဲ့ပြီး ထိုအိမ်မှာပဲ ကလေးတွေက ၄င်းပလတ်စတစ်ရေကန်ထဲ ရေဆော့လာခဲ့တယ်ဆိုတာပါ။

ပြီးတဲ့အခါ အိမ်ကိုပြန်လာခဲ့ကြရာက သမီးငယ်နှစ်ယောက်ကို ရေကူးကန်ထဲထည့်ကာ ကားမောင်းပြန်လာခဲ့တာ ဖြစ်ပါတယ်။ မိမိကလေးတွေ တစ်စုံတစ်ခုဖြစ်မှာ မကြောက်ပဲ အန္တရာယ်များလွန်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တဲ့ ဂျဲနက်စ်ရီဂါကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားကြောင်း သိရပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အသက်ကို အန္တရာယ်ဖြစ်စေအောင် ပြုလုပ်တာရယ်၊ ကျိုးကြောင်းဆင်ခြင်မှူအားနည်းတဲ့ အပြုအမူတွေကြောင့် သူမကို ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

READ
သန်းကြွယ်ထီကြီးပေါက်ပေမယ့် မူလအလုပ်ကိုပြန်ဝင်လုပ်တဲ့ သူဌေးကြီး
facebook/Dixon, Illinois Police Department

၎င်းပို့စ်ဟာ ဖေ့စ်ဘုတ်ပေါ်မှာ အကြိမ်ပေါင်းထောင်နဲ့ချီကာ မျှဝေခံခဲ့ရပါတယ်။ အွန်လိုင်းပေါ်က လူတွေကတော့ ဂျဲနက်စ်ဟာ ရူးသွပ်မိုက်မဲပြီး ဆင်ခြင်တုံတရားမရှိတဲ့ မိခင်သာဖြစ်ကြောင်း ဝေဖန်နေကြတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE