(၆)လအတွင်း ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ် ဝယ်နိုင်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်စုံတွဲ

[email protected] Shaw

အိမ်ဈေး၊ မြေဈေးတွေ တက်နေတဲ့ ဒီလိုခေတ်ကြီးမှာ အိမ်တစ်လုံးရဖို့အတွက် မလွယ်ကူလွန်းလှပါဘူး။ ဒီလို အစစအရာရာ ကျပ်တည်းနေတဲ့ခေတ်ကြီးထဲမှာ အသက်(၂၀)ပဲ ရှိသေးတဲ့ လူငယ်စုံတွဲတစ်တွဲဟာ မိဘတွေရဲ့ ငွေမပါပဲ ကိုယ်ပိုင်စုထားတဲ့ ပိုက်ဆံနဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို (၆) လအတွင်းဝယ်ယူနိုင်ခဲ့တယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။

[email protected] Shaw

Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက်၂၀ ပဲရှိသေးတဲ့  Joshua Shaw ဆိုတဲ့ ကောင်လေးနဲ့ Wiktoria Zaucha ဆိုတဲ့ ကောင်မလေးတို့အတွဲဟာ ၆ လအတွင်း ပေါင် ၁,၃၀၀၀ (မြန်မာငွေ သိန်း၂၅၀ကျော်)  တန်ဖိုးရှိတဲ့ ၃ ထပ်အိမ်လေးကို ဝယ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

တကယ်တမ်းတော့ ဒီလိုဝယ်နိုင်တယ်ဆိုတာလဲ တခြားလျှို့ဝှက်ထားတာ မရှိပါဘူး။ ဒီလိုအိမ်တစ်လုံးဝယ်ဖို့အတွက် သူတို့နိုင်ငံက အစိုးရရဲ့ နည်းစနနစ်အရ လူငယ်တွေ အိမ်ဝယ်နိုင်မယ်ဆိုရင် သက်သက်သာသာနဲ့ ဝယ်ယူလို့ရအောင် ကူညီပေးတဲ့အပြင် Joshua တို့အတွဲဟာ အိမ်မဝယ်နိုင်သေးခင်အချိန်မှာ မိဘအိမ်နဲ့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်မှာ နေပြီး အလုပ်ကြိုးစားကာ ပိုက်ဆံစုနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်ကျပြန်တော့လည်း Joshua က ဖောက်သည်တွေကို ဝန်ဆောင်မှုပေးရတဲ့ သာမန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကောင်မလေး Wiktoria ကတော့ လက်ထောက်မန်နေဂျာတစ်ဦးပဲ ဖြစ်ပါတယ်။

READ
အားကစားစိတ်ဓာတ်မရှိဘူးဆိုပြီး အပြောခံနေရတဲ့ အမေရိကန် အမျိုးသမီးဘောလုံးအသင်း
[email protected] Shaw

“ ကျွန်တော်တို့နှစ်ယောက် အသက်၂၀ အရွယ်မှာ ဒီလိုအိမ်တစ်လုံးဝယ်နိုင်ဖို့ တော်တော်ကြိုးစားခဲ့ရပါတယ်။ အဓိကကတော့ ကျွန်တော်တို့နှစ်ယောက်လုံး ပိုက်ဆံကို သေသေချာချာစုတာပဲ။ ဒီ ၆ လအတွင်း တခြား စုံတွဲတွေလို မဒိတ်နိုင်ဘူး။ ဈေးကြီးတဲ့ အစားအစာတွေ မစားဘူး။ ပိုက်ဆံကို မလိုအပ်ပဲနဲ့ မသုံးဘူး။ ကျွန်တော်ဆို ကျွန်တော့်ကားပါ ရောင်းလိုက်တယ်။ ကားရှိနေရင် ဆီထည့်နေရအုံးမှာလေ။ ကားစီးပြီး အလုပ်သွားမယ့်အစား ဘက်စ်ကားနဲ့ မြေအောက်ရထားပဲစီးတယ်။ တစ်နေ့ကို ၁၆ နာရီအလုပ်လုပ်တယ်။ အိုဗာတိုင်တွေ ဆင်းတယ်။ တော်တော်တော့ ပင်ပန်းတာပေါ့။ ဒါပေမယ့် အိမ်လေးတစ်လုံးဝယ်နိုင်ဖို့ ဒီလောက်တော့ ကြိုးစားရမှာပေါ့ဗျာ” လို့ Joshua က ပြောပြခဲ့ပါတယ်။

[email protected] Shaw

Pyi Hein Kyaw

SHARE