သီချင်းတစ်ပုဒ်လုံးရဲ့တီးလုံးကို အိမ်သုံးပစ္စည်းတွေကထွက်တဲ့အသံနဲ့ ဖန်တီးခဲ့တဲ့ Youtuber

Youtube-"DON'T START NOW", but made w stuff in my kitchen

သီချင်းတစ်ပုဒ်ဆိုဖို့ဆိုရင် သီချင်းစာသားတွေထက် သီချင်းရဲ့ တီးလုံးက ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သီချင်းစာသားဆိုတာ ဒီသီချင်းရဲ့ တီးလုံးအပေါ်မှာ ခံစားသက်ဝင်လာပြီးမှသာ စာသားတွေကို ခေါင်းထဲကနေ တဖြည်းဖြည်း စဉ်းစားလာလို့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သီချင်းတစ်ပုဒ်ရဲ့ သံစဉ်ကို ဖန်တီးတဲ့အခါ တော်တော်များများကတော့ ဂစ်တာလေးတီးပြီး သံစဉ်ရှာလေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ သမာရိုးကျနည်းနဲ့ သီချင်းတစ်တစ်ပုဒ်ရဲ့ သံစဉ်တွေကို မတီးခဲ့ပါဘူး။

အပေါ်မှာ ပြထားတဲ့ ဗီဒီယိုဖိုင်ကတော့ လွန်ခဲ့တဲ့ ၈ လကျော်လောက်က ထွက်ရှိခဲ့တဲ့ အဆိုတော် Dua Lipa ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒီ Don’t Start Now သီချင်းကို နာမည်ကြီး Youtuber တစ်ဦးဖြစ်တဲ့ Kurt Hugo က ပြန်လည်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Dua Lipa လောက်တော့ မမြူးကြွပေမယ့် Acoustic Version လေးနဲ့ ပြန်ဖန်တီးထားတာ ဖြစ်တဲ့အတွက်ကြောင့် တော်တော်လေး ဖီးလ်လို့ကောင်းမယ့် သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

READ
သွား(၉)ချောင်းကျွတ်တဲ့အထိ ရည်းစားဟောင်းရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရတဲ့ ကောင်မလေး
Youtube-“DON’T START NOW”, but made w stuff in my kitchen

Hugo ပြန်လည်ဖန်တီးထားတဲ့ သီချင်းမှာ ထူးခြားချက်ကတော့ နောက်ခံတီးလုံးပါပဲ။ နောက်ခံတီးလုံးဖန်တီးတဲ့နေရာမှာ Hugo ဟာ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ Spray ဘူး၊ အိမ်သာသုံး စက္ကူအလွတ်၊ ပန်ကန်ဆေးစက်တံခါးပိတ်သံ၊ ခြင်ဆေးဘူးကို လက်နဲ့ခေါက်တဲ့အသံ အစရှိတဲ့ အသံပေါင်းစုံကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ တော်တော်လေး အထင်ကြီးစရာပါပဲ။ အောက်က ဗီဒီယိုထဲမှာ ကြည့်ရှု့နိုင်ပါတယ်။

ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း Hugo ရဲ့ Cover သီချင်းက တော်တော်လေးကို အထင်ကြီးစရာပါပဲ။ ဗီဒီယိုတင်တင်ပြီးချင်း ၁ ရက်တောင်မပြည့်သေးတဲ့အချိန်မှာ ကြည့်ရှု့သူ 170k အထိရှိခဲ့ပြီး ကြည့်ရှု့သူတော်တော်များများကလည်း Hugo ရဲ့ သီချင်းတီးလုံးဖန်တီးတတ်ပုံနဲ့ တီထွင်နိုင်စွမ်းကို တော်တော်လေး ချီးကျူးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE