စိတ်ကျဝေဒနာ အကြီးအကျယ် ခံစားနေရကြောင်း ရင်ဖွင့်လာတဲ့ Aamir Khan ရဲ့သမီး

instagram/khan.ira

အောက်တိုဘာလ ၁၀ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။ ၄င်းနေ့မှာ လူတော်တော်များများဟာ သူတိုရဲ့စိတ်ကျန်းမာရေးခရီးစဉ်တွေနဲ့အတူ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပြုလုပ်ဆောင်သင့်တဲ့အချက်အလက်တွေကို ဆွေးနွေးတင်ပြကြပါတယ်။

https://www.instagram.com/p/CFH3ZSZAZsi/?utm_source=ig_web_copy_link

ယခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာတော့ ဘောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး အာမီခမ်း(Aamir Khan)ရဲ့သမီး အီရာခမ်းက အင်စတာဂရမ်ပေါ်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ပို့စ်ထဲမှာတော့ သူမဟာ စိတ်ကျဝေဒနာကို အပြင်းအထန်ခံစားနေရတဲ့အကြောင်း ဖွင့်ပြောထားတာပါ။ အခုလို စိတ်ကျဝေဒနာခံစားနေရတာ လွန်ခဲ့တဲ့ ၄နှစ်လောက်ကတည်းက ဖြစ်တယ်လို့ သူမကဆိုပါတယ်။

https://www.instagram.com/p/CBspfWHgIKp/?utm_source=ig_web_copy_link

“ဟိုင်း ကျွန်မစိတ်ဓာတ်ကျနေတယ်။ ၄ နှစ်ကျော်လောက်ရှိပြီ။ စိတ်ကျရောဂါက  အဆိုးဆုံးအဆင့်ထိရောက်နေလို့ ဆရာဝန်ဆီလည်းသွားပြီးပြီ။ အခုတော့ ပိုသက်သာသွားပါပြီ။ ပြီးခဲ့တဲ့ ၁နှစ်လောက်ကတည်းက ကျွန်မစိတ်ကျန်းမာရေးအတွက် တစ်ခုခုလုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဘာလုပ်ရမလဲမသိခဲ့ဘူး။ ဒါကြောင့် ကျွန်မရဲ့ခရီးစဉ်ထဲ ရှင်တို့ကိုပါ ခေါ်သွားဖို့ဆုံးဖြတ်ပြီးပြီ။ ကျွန်မရဲ့ခရီး။ ဘာဆက်ဖြစ်မလဲ ကြည့်ရတာပေါ့။ ကျွန်မတို့ ကိုယ့်အကြောင်းကိုယ် နည်းနည်းလေးပိုသိဖို့မျှော်လင့်တယ်။ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ပိုပြီးနားလည်ဖို့ မျှော်လင့်ပါတယ်။”

“လူတော်တော်များများမှာ ပြောစရာတွေအများကြီးရှိတယ်။ ကိစ္စတွေဟာ တကယ်စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာကောင်းတယ်။ ရိုးရှင်းလွန်းတယ်။ အဆင်ပြေသလို မပြေသလို။ ဒါတွေအားလုံးက ဘဝပဲ။ ဒါတွေကို တစ်ခါတည်းပြောလို့တော့ မတတ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်မကတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ်နည်းနည်း သဘောပေါက်လာတယ်ထင်တာပဲ။ ဒါကြောင့် ဒီခရီးစဉ်မှာ ကျွန်မနဲ့အတူလိုက်လာခဲ့ပါ။ ကျွန်မတို့စကားပြောကြရအောင်။ ပျော်စရာကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါစေ။” ဆိုပြီး အီရာက ဗီဒီယိုလွှင့်ခဲ့တာပါ။

READ
ကားဒရိုင်ဘာက အဓမ္မကျင့်သည်ဟု လိမ်ညာအမှုဖွင့်ခဲ့တဲ့ ကျောင်းသူကို ထောင်ဒဏ်ချမှတ်

ဒါကတော့ storypick သတင်းစာမျက်နှာတဆင့် တွေ့ရတဲ့ အီရာခမ်းရဲ့ ဗီဒီယိုလေးပါ။

လင်းလင်း

SHARE