မန်ယူနောက်ခံလူ Aaron Wan-Bissaka ရဲ့လူမှုရေးအရှုပ်တော်ပုံများ

[email protected] a_bissaka [email protected] marlie

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျောင်အသင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းက နောက်ခံကစားသမား Aaron Wan-Bissaka ကိုတော့ ဘောလုံးပွဲ ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းရဲ့ အကောင်းဆုံးနောက်တန်းကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ Aaron ဟာ မကြာသေးခင်အချိန်တုန်းက သူ့ရဲ့ အရှုပ်တော်ပုံကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ Aaron ဟာ လက်ရှိတွဲနေတဲ့ ရည်စားနဲ့ မဟုတ်ပဲ အခြားမိန်းမတစ်ယောက်နဲ့ ကလေးတောင်ရနေပြီဆိုတာပဲဖြစ်ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Can’t explain the feeling!!! 50 games banked, 1st Prem goal, We thank God!! Lets Go! #AWB 🕸 #MUFC

A post shared by Aaron Wan-Bissaka (@a_bissaka) on

Aaron ဟာ လက်ရှိအချိန်မှာတော့ Marliesia Ortiz လို့ အမည်ရတဲ့ မော်ဒယ်အမျိုးသမီးတစ်ယောက်နဲ့ ဒီနှစ်အစောပိုင်းကတည်းက တရားဝင်တွဲနေခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ Rhianna Bentley လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲခဲ့တာ ၃ နှစ်ကျော် ကြာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Aaron နဲ့ Rhianna တို့ဟာ Aaron ရဲ့ ရည်းစားအရှုပ်တော်ပုံကြောင့် ပြတ်ဆဲခဲ့တာပဲ ဖြစ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ Aaron ရဲ့ ကစားဖော်ဖြစ်တဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး Linguard ဟာ Aaron ကို Rhianna ရှိနေရဲ့မှန်းသိသိရက်နဲ့ လက်ရှိတွဲနေတဲ့ Marliesia နဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Aaron နဲ့ Marliesia တို့နှစ်ယောက်ဟာ ဖောက်ပြန်ခဲ့ကာ ဒီကိစ္စကို သိသွားတဲ့ Rhihanna ကတော့ Aaron ကို လမ်းခွဲခဲ့ပါတယ်။

READ
ဓာတ်ပုံအရိုက်လွန်ပြီး တိုင်းပြည်ကနေတောင်နှင်ထုတ်ခံခဲ့ရတဲ့ မော်ဒယ်မလေး

 

 

View this post on Instagram

 

Trouble 🎭 @fashionnova fashionnovapartner

A post shared by Lil Marlie (@marlie) on

ဒီလိုနဲ့ Marliesis နဲ့ Aaron တို့ဟာ တရားဝင်တွဲခဲ့ကြပြီး အခုအချိန်မှတော့ Aaronn ဟာ တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ ထပ်ဖောက်ပြန်ပြီး ကလေးတောင်ရရှိနေတယ်ဆိုတဲ့အကြောင်းကို Marliesis တစ်ယောက် သိရှိခဲ့ရပါတယ်။ “ကျွန်မသိသိချင်းမှာ တစ်ကယ်ကို မယုံနိုင်ခဲ့တာပါ။ သူကိုယ်တိုင်ကလည်း ကျွန်မနဲ့ အတူတူအိပ်ပြီးသွားပါပြီ။ ကျွန်မတစ်ယောက်တည်းကိုပဲ တစ်သက်လုံးတွဲသွားမယ်လို့ ထင်နေတဲ့အချိန်မှာ ဒီလိုမျိုးကိစ္စကြီး ပေါ်လာမယ်လို့ ကျွန်မတစ်ကယ်ကို မထင်ခဲ့တာပါ။ ကျွန်မကိုယ်တိုင် သူ့ကိုမေးတော့လည်း Aaron ကိုယ်တိုင်က ဟုတ်ကြောင်းဝန်ခံခဲ့ပြီးပါပြီ။ ကျွန်မတော်တော်လေးဝမ်းနည်းရပါတယ်။ သူနဲ့ကျွန်မဇာတ်လမ်းကလည်း ဒီမှာတင် ပြီးဆုံးသွားပါပြီ”လို့ Marliesis က ပြောကြားခဲ့ပါတယ်။

READ
ပုံမှန်မဟုတ်ပဲ သုံးလခွာမွေးခဲ့ကြတဲ့ အမွှာကောင်မလေးတွေရဲ့ ထူးခြားဖြစ်ရပ်

 

 

View this post on Instagram

 

My b*tch a Barbie 💕

A post shared by Lil Marlie (@marlie) on

Pyi Hein Kyaw

SHARE