
ထိုင်ဝမ်ရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် Aaron Yan ကိုတော့ မိန်းကလေး တော်တော်များများ သိကြမှာပါ။ Aaron ဟာ ပျိုမေတွေအကြိုက် မျက်နှာပုံစံရှိပြီး သရုပ်ဆောင်နယ်ပယ်ကော၊ ဂီတနယ်ပယ်မှာပါ အေင်မြင်မှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် Aaron ဟာ မကြာသေးခင်ကပဲ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ပြုလုပ်တဲ့အနေနဲ့ Bubble Tea ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ အဆိုပါ ဆိုင်ကြောင့်ပဲ Aaron ဟာ ဝန်ထမ်းတွေကို သေသေချာချာ မသင်ပြပေးထားလို့ဆိုပြီး သူ့ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုခြင်းကို ခံနေရကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Aaron ရဲ့ Bubble Tea ဆိုင်နဲ့ ပြသနာတက်ခဲ့သူကတော့ Aaron ရဲ့ ထိုင်ဝမ်အမျိုးသမီးပရိသတ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ Aaron ရဲ့ ပရိသတ်တစ်ဦးဖြစ်တာကြောင့် Aaron ကို အားပေးတဲ့ အနေနဲ့ အဆိုပါ ဆိုင်ကနေ Bubble Tea ၁၄ ခွက် မှာယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လာပို့ဖို့ သတ်မှတ်ထားတဲ့ ကြာချိန်ထက် တော်တော်လေးကြာသွားတဲ့ အခါမှာတော့ အဆိုပါ အမျိုးသမီးဟာ အိမ်လိပ်စာမှားနေမှာ စိုးရိမ်တဲ့အတွက်ကြောင့် Aaron ရဲ့ ဆိုင်ဆိုရှယ်မီဒီယာအကောင့်မှာ သွားရောက်မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်က ပြန်ဖြေတဲ့ ဝန်ထမ်းရဲ့ စကားပြောပုံကြောင့် ဒေါသထွက်ကာ အဆိုပါ conversation ကို screenshoot ရိုက်ပြီး သူမရဲ့ IG မှာ ပို့စ်တင်ခဲ့ပါတယ်။

“ကျွန်မက သတ်မှတ်ထားတဲ့ အချိန်ထက် တော်တော်လေးကြာလို့ လိပ်စာမှားပို့မှာ စိုးရိမ်တဲ့အတွက် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆိုင်က ဝန်ထမ်းက ကျွန်မမှာတဲ့ ခွက်ကအရမ်းများတဲ့ အတွက်ကြောင့် လုပ်နေရတာ တော်တော်ကြာနေကြောင်း၊ ဒီလိုမျိုး Bubble Tea ၁၄ ခွက်လောက် မှာမယ်ဆိုရင် ၁ ရက်လောက် ကြိုမှာသင့်ကြောင်း၊ အခုချက်ချင်းသောက်ချင်ရင်တော့ ၁ ခွက်ကို အမြန်လာပို့ပေးမှာဖြစ်ကြောင်း၊ ဒီလိုမျိုး ၁၄ ခွက်ကို မှာယူတဲ့အတွက် ဒီဖက်က ဝန်ထမ်းတွေ ဘယ်လောက်တောင် အလုပ်ရှုပ်နေမလဲဆိုတာကို သေသေချာချာစဉ်းစားသင့်တယ်ဆိုပြီး ပြောချင်ရာကို တောက်လျှောက်ပြောသွားတာပါ။ Bubble Tea က Aaron ထက်ကောင်းတဲ့ ဆိုင်တွေအများကြီး မှာသောက်လို့ ရပါတယ်။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်မို့လို့ ဒီလောက်အားပေးတာကို တော်တော်အပြောအဆိုခံခဲ့ရပါတယ်။ Aaron အနေနဲ့လည်း ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကို သေသေချာချာ ဆုံးမထားသင့်ပါတယ်။ ကျိန်းသေတာကတော့ ကျွန်မနောက်တစ်ခါ အဲဒီဆိုင်ကနေ Bubble Tea ကို လုံးဝဝယ်မသောက်တော့ပါဘူး”လို့ အဆိုပါ အမျိုးသမီးက သူမရဲ့ ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။

Pyi Hein Kyaw