သခင်ဖြစ်သူရဲ့ စိမ်းကားရက်စက်မှုကို ခရစ္စမတ်အခါကြီးမှာ ကြုံတွေ့လိုက်ရတဲ့ ခွေးလေး

အခုလို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်ကာလ အခါသမယထဲ အင်္ဂလန်နိုင်ငံက စီစီတီဗီတစ်ခုထဲမှာ စိတ်နှလုံးထိခိုက်ဖွယ် အဖြစ်လေးတစ်ခုကို တွေ့ခဲ့ရပါတယ်။ ချမ်းအေးလှတဲ့ ရာသီဥတု ညဘက်အချိန်ကြီးမှာ လူမဆန်တဲ့ လူတွေက ခွေးဘီလူးမျိုးစပ် ခွေးလေးတစ်ကောင်ကို လမ်းမလယ်မှာ လာစွန့်ပစ်ထားခဲ့တာပါ။ (၁၂.၁၇.၂၀၁၈)ရက်နေ့က စီစီတီဗီ ဗီဒီယိုထဲမှာ တွေ့ရတဲ့ အဖြစ်အပျက်ကတော့ တကယ့်ကို စိတ်မသက်မသာ ဖြစ်စရာပါ။

boredpanda

ခွေးလေးဟာ သခင်ဖြစ်သူက သူ့ကို စွန့်ပစ်ဖို့ ကြိုးစားနေတာကို မသိခဲ့ရှာပါဘူး။ သူ့ကို သခင်က နောက်နေတယ်ထင်ပြီး အမြီးတယမ်းယမ်းနဲ့ ပတ်ပြေးနေခဲ့ပါတယ်။ ပြီးတဲ့အခါ သူ့ကိုထားပြီး ကားမောင်းထွက်သွားတဲ့ သခင်ရဲ့ကားဆီကို အသည်းအသန်လိုက်ပြီး ကားပေါ်တက်လိုက်ဖို့ ကြိုးစားတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ အစွန့်ပစ်ခံခွေးလေးကိုတော့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့တစ်ခုက ကယ်ဆယ်ထားပြီး သူ့ကို စနုပ်(Snoop)လို့ အမည်ပေးထားပါတယ်။

တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက ခွေးရဲ့ မိုက်ကရိုချပ်ပ်ကို ခြေရာခံကြည့်တဲ့အခါမှာတော့ ခွေးလေးမှာ အရင်တုန်းက ပိုင်ရှင်နှစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ ပေါ်လာပါတယ်။ ဒါပေမယ့်လည်း ၄င်းခွေးပိုင်ရှင်တွေက အခုလက်ရှိမှာ စနုပ်ကို စွန့်ပစ်သွားသူတွေလားဆိုတာ မဝေခွဲနိုင်သေးပါဘူး။ စောင့်ရှောက်ရေးဂေဟာ ၀န်ထမ်းတစ်ဦးကတော့ “ဗီဒီယိုထဲမှာ ကြည့်လိုက်ရင် ခွေးကို စွန့်ပစ်သွားသူတွေကို သေသေချာချာမြင်ရတယ်။ ကားမောင်းသူထိုင်ခုံမှာလည်း နောက်ထပ်လူပါသေးတယ်။ ကျွန်တော်ဖြင့် အဲဒီကားနံပတ်ကို မှတ်မိတဲ့လူ၊ ဒါမှမဟုတ်လည်း လူကိုဖြစ်ဖြစ်၊ ခွေးကိုပဲဖြစ်ဖြစ် မှတ်မိတဲ့သူတစ်ယောက်ယောက်တော့ ပေါ်စေချင်တယ်။” လို့ ဆိုပါတယ်။

READ
ဂျပန်နိုင်ငံဟာအခြားနိုင်ငံတွေထက် နှာတစ်ဖျားသာနေကြောင်း သက်သေပြနေတဲ့ပုံများ

လက်ရှိအချိန်မှာတော့ ခွေးကလေးစနုပ်ဟာ ဂေဟာဝန်ထမ်းတွေနဲ့အတူ နေထိုင်နေပါတယ်။ စနုပ်က အသက်(၂) နှစ်လောက်ရှိပြီး အဖြူရောင်ပေါ်မှာ အနက်ရောင် အမှတ်အသားလေးတွေနဲ့ ခွေးလေးတစ်ကောင်ပါ။ ရင်းနှီးဖော်ရွေတတ်တဲ့ ခွေးလေးတစ်ကောင်လည်း ဖြစ်ပါတယ်။ ခရစ္စမတ်ကာလမှာ အခုလို လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့သူတွေ ရှိနေပေမယ့်လည်း စနုပ်ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားပြီး စောင့်ရှောက်ပေးခဲ့တဲ့ သူတွေကတော့ လေးစားစရာပါ။

စနုပ်က အသက်(၂) နှစ်သာ ရှိသေးပေမယ့် ပိုင်ရှင်(၃) ယောက်ရဲ့ လက်လွှဲလက်ပြောင်းခံရပြီး အခုဆိုရင် အစွန့်ပစ်တောင် ခံရရှာတာမို့ အတော်လေး သနားဖို့ ကောင်းတဲ့အခြေအနေပါ။ သူများခွေးတွေလို ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူ နွေးထွေးစွာ အချိန်မကုန်ဆုံးရပဲ လမ်းမလယ်မှာ အထီးကျန်စွာ စွန့်ပစ်ခံရတဲ့ စနုပ်ကို စာနာသနားပေးမယ့် သခင်ကောင်းတစ်ယောက်ကတော့ လိုအပ်နေပါပြီ။ တိရစ္ဆာန်လေးတွေဟာ လူတွေကို အားကိုးကြပါတယ်။ လူတွေပြုသမျှ နုကြရမယ့် ဘ၀လေးတွေလည်း ဖြစ်တာကြောင့် တကယ်လို့ ကိုယ်က သူတို့ကို တာဝန်မယူနိုင်ဘူးဆိုရင် မွေးနိုင်တဲ့သူကို ပေးလိုက်တာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ တိရစ္ဆာန်ဂေဟာဆီ ခေါ်ဆောင်သွားပေးကြဖို့ သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

READ
ခရီးသွားတွေကြောင့် ရေအရင်းအမြစ် ပြတ်တောက်မယ့် ပြဿနာကြုံနေတဲ့ ဘာလီကျွန်း
boredpanda

လင်းလင်း (ShweMom)

Ref: boredpanda

SHARE