သေကြောင်းကြံမယ့် အမျိုးသားကို စီးကရက်တိုက် ဖျောင်းဖျထိန်းသိမ်းနိုင်ခဲ့တဲ့ မလေးမီးသတ်

မလေးရှားနိုင်ငံ Johar ပြည်နယ် Muar မြို့မှာရှိတဲ့ တံတားတစ်ဆင်းပေါ်ကနေ ခုန်ချ သေကြောင်းကြံဖို့ လုပ်နေတဲ့ အမျိုးသားတစ်ယောက်ကို မြို့ရဲ့ မီးသတ်သမားတွေက ဆေးလိပ်တိုက်ပြီး ဖျောင်းဖျထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် (၃၀) ရွယ် ကြံစည်သူ အမျိုးသားက Sultan Ismail တံတားဆီကို မတ်လ (၅) ရက်နေ့ ည (၁၀း၁၅) လောက်ချိန်အမှာ ရောက်လာခဲ့တယ်။ (၁၀း၂၉) လောက်ကျတော့ အာဏာပိုင်တွေဆီကို သတိပေးအကြောင်းကြားချက်တွေ ရောက်လာခဲ့တယ်လို့ Malay Mail မှာ ဖော်ပြထားပါတယ်။

findbulous

တံတားပေါ်က ခုန်ချပြီး သတ်သေဖို့လုပ်နေတယ်လို့ ယူဆရတဲ့ အမျိုးသားကို သွားရောက်ကယ်ဆယ်ဖို့ abang Bombas လို့ခေါ်တဲ့ မီးသတ်ကယ်ဆယ်သမားတွေကို တစ်ခဏအတွင်း စေလွှတ်ခဲ့တယ်။ မီးသတ် သမား ၉ ယောက်ဟာ အချိန်မှီကယ်တင်နိုင်ဖို့ ချက်ချင်းပဲ ရောက်လာခဲ့ကြတယ်။

READ
တက်တူးကြောင့်မျက်လုံးအထုတ်ခံရမယ့်အခြေအနေဖြစ်နေတဲ့မော်ဒယ်လေး

ကယ်ဆယ်ရေးသမားတွေ ရောက်သွားချိန်မှာ အမျိုးသားက တံတားပေါ်ကနေ ခုန်ချဖို့ အသင့်ပြင်နေပြီဖြစ်ကြောင်း Johar မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

Malay Mail

ခုန်ချမယ့် အမျိုးသားကို တံတားအလယ်နား စိတ်ချရတဲ့ နေရာအထိလာခဲ့ဖို့ ဖျောင်းဖျခဲ့ပါတယ်။ အဲ့ဒီ့နောက် အမျိုးသားကို မီးသတ်သမားတွေက စီးကရက်သောက်ပါဦး ဘာညာ ဖြားယောင်း အယုံသွင်ပြီး ထိန်းသိမ်းနိုင်ခဲ့ကြတယ်။

(၁၀း၅၆) လောက်မှာ အခြေအနေအားလုံး အေးဆေးဖြစ်သွားပြီး အမျိုးသားကို ရဲတွေက ဆက်လက် စစ်ဆေးဖို့ ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

Ref: MalayMail, World Of Buzz

Matthew (ShweMOM)
SHARE