ကလေးငယ်တွေရဲ့သဘောဆန္ဒပါမှ အနှီးလဲပေးသင့်တယ်လို့ ဆိုလာတဲ့ အမျိုးသမီး

အမျိုးသမီးတစ်ဦးဟာ ကလေးငယ်တွေကို သူတို့ရဲ့ သဘောတူညီချက်ရမှသာ အနှီးလဲပေးသင့်ကြောင်း ABC သတင်းမှာဆိုခဲ့တာကြောင့် လူတွေကြားထဲ ပြောစရာကိစ္စ ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးနာမည်ကတော့ ဒီယန်းကာစန် ဆိုသူဖြစ်ပြီးသူမရဲ့တွစ်တာစာမျက်နှာပေါ်မှာတော့ လိင်ပိုင်းဆိုင်ရာ ပညာပေးဟောပြောသူနဲ့ စာရေးဆရာမလို့ ရေးသားထားပါတယ်။

ABCသတင်းအရ ကာစန်ဟာ အိမ်တွင်းမှာ အချင်းချင်းသဘောတူညီချက်တွေ ရယူတဲ့ ယဉ်ကျေးမှုဓလေ့ပျိုးထောင်မှုဟာအရေးကြီးကြောင်းဆိုခဲ့ပါတယ်။ ဒီထဲမှာ ကလေးမွေးပြီးတဲ့အခါ အနှီးလဲပေးတာကစလို့ ကလေးရဲ့သဘောထားဆန္ဒရယူပြီးမှ အနှီးလဲပေးသင့်တာကိုပါ ပြောပြသွားပါတယ်။

သူမက မိဘတွေအနေနဲ့ ကလေးအနှီးလဲတော့မယ်ဆိုရင် “ကလေးကိုအနှီးလဲတော့မယ်နော်၊ အဆင်ပြေလား” စသဖြင့်မေးမြန်းပြီးနောက် ကလေးရဲ့တုံ့ပြန်လာတဲ့ ကိုယ်ခန္ဓာအပြုအမူကိုစောင့်ကြည်ပြီး ကလေးကကိုယ့်ကို မျက်လုံးကနေတဆင့်ဆက်သွယ်လာတာကို စောင့်ဆိုင်းသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကလေးရဲ့တုံ့ပြန်ပုံဟာ မိဘတွေအတွက်အရေးကြီးကြောင်း ကလေးကို သိစေလိုခြင်းဖြစ်တယ်လို့ ကာစန်ကပြောပြခဲ့ပါတယ်။

ကာစန်ရဲ့ပြောစကားကို နားထောင်ပြီးတဲ့နောက်မှာ လူတွေကတော်တော်လေး ရှုပ်ထွေးသွားခဲ့ကြပါတယ်။ တစ်ချို့ကလည်း ကာစန်ရဲ့အကြံပေးချက်အတိုင်းသာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးတွေကို စောင့်ရှောက်စရာ မလိုတော့ဘူးလို့ ပြန်လည်ငြင်းခုံခဲ့ကြပါတယ်။ ကာစန်ရဲ့အသံလွှင့်မှုကို ကြည့်ရှုနေသူတစ်ဦးကတော့ ကာစန်ရဲ့အဓိပ္ပါယ်မရှိတဲ့ အင်တာဗျူးကို နားထောင်ပြီး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

READ
စားပြီးသူတိုင်းကို သွေးလေခြောက်ခြားစေလို့ အထိန်းသိမ်းခံလိုက်ရတဲ့ မလေးစားသောက်ဆိုင်

လင်းလင်း (ShweMom)

Ref: Dailymail

SHARE