သတင်းကြေညာနေစဉ် ဘောင်းဘီဝတ်ဖို့ မေ့ခဲ့တဲ့ သတင်းကြေညာသူ အမျိုးသား

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်မှာပဲ နေနေကြသလို အလုပ်တော်တော်များများကလည်း အိမ်ကနေပဲ လုပ်ကြရတာများပါတယ်။ သတင်းကြေညာသူတော်တော်များများဟာလည်း သတင်းတိုက်ရိုက်ကြေညာဖို့ ရုံးကို တကူးတကမသွားကြတော့ပဲ အိမ်ကနေပဲ သတင်းကြေညာပြီး တိုက်ရိုက်ထုတ်လွှင့်ကြပါတယ်။ အခုလည်း သတင်းကြေညာသူအမျိုးသားတစ်ဦးဟာ အိမ်မှာနေရင်း သတင်းကြေညာနေစဉ် ဘောင်းဘီဝတ်ဖို့မေ့ခဲ့ပြီး အောက်ခံဘောင်းဘီတိုနဲ့ သတင်းကြေညာတာကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ရုံးမှာနေပြီး သတင်းရိုက်ကူးရေး လုပ်တဲ့အချိန် သတင်းကြေညာသူတော်တော်များများဟာ များသောအားဖြင့် ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ ဂရုတစိုက်ပြင်ဆင်လေ့ရှိပြီး ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ ဖြစ်သလို၊ အဆင်ပြေသလိုသာ ဝတ်ဆင်လေ့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အောက်ပိုင်းဟာ စားပွဲခုံနဲ့ ကွယ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

[email protected]

အခုလည်း ABC သတင်းဌာနက သတင်းကြေညာသူတစ်ဦးဖြစ်တဲ့ Will Reeve လို့ အမည်၇တဲ့ အမျိုးသားတစ်ဦးဟာ သတင်းကြေညာနေစဉ်အချိန် အောက်ခံဘောင်းဘီကိုသာ ဝတ်ဆင်ပြီး သတင်းကြေညာခဲ့ပါတယ်။ ဒါကိုတော့ Reeve က သတိမထားမိသလို အသံလွှင့်ရုံက လူတွေကလည်း သတိမထားမိခဲ့ပါဘူး။ ဒါကိုတွေ့တဲ့ သတင်းကြည့်ရှု့သူတွေကတော့ ချက်ချင်းသတိထားမိပြီး comment တွေ ပေးခဲ့ပါတယ်။

“ သတင်းမကြေညာခင် အိမ်မှာ ကျွန်တော် Workout လုပ်နေပါတယ်။ ပြီးတော့ သတင်းကြေညာဖို့ အချိန်နီးကပ်နေတာကြောင့် ချက်ချင်းဆိုသလို ကမန်းကတန်း အင်္ကျီကောက်ဝတ်ပြီး Camera ကို နေရာချခဲ့ရပါတယ်။ အဲဒီမှာ Camera ချိန်တဲ့အခါ နည်းနည်းလိုသွားပြီး အခုလို မြင်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပေါ့လျော့မှုအတွက် ကြည့်ရှု့သူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်” လို့ Reeve က ပြောကြားခဲ့ပါတယ်။

READ
အချစ်တော် တိရစ္ဆာန်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ မင်းသားအာနိုးကြီးရဲ့ ပုံရိပ်များ

Pyi Hein Kyaw

SHARE