ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ခိုက်ခဲ့သူကို ပါးနပ်စွာ တုန့်ပြန်ခဲ့တဲ့ Abhishek Bachchan

[email protected] bachchan

Bolly Wood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်သားတစ်ယောက်ဖြစ်သူ Abhishek Bachchan ကိုတော့ Bolly Wood ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Bolly Wood ရုပ်ရှင်လောကရဲ့ မင်းသားကြီးတစ်ဦးဖြစ်သူ Amitabh Bachchan ရဲ့ သားဖြစ်သူပီပီ Abhishek ဟာလည်း ဖခင်ရဲ့ ခြေရာကို လိုက်နင်းနိုင်တဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ Abhishek ဟာ Dhoom, The Big Bull, Happy New Year, Players အစရှိတဲ့ နာမည်ကြီး Bolly Wood ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက Twitter အပေါ်မှာ သူ့ကို ဝေဖန်တိုက်ခိုက်တဲ့ အမျိုးသားတစ်ဦးရဲ့ ပို့စ်ကို လိမ္မာပါးနပ်စွာ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

View this post on Instagram

 

Hi there! #flashbackfriday

A post shared by Abhishek Bachchan (@bachchan) on

 

အပေါ်က ပို့စ်မှာ တွေ့ရတဲ့အတိုင်း AkshittSinghal လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ Abhishek ကို Nepotism လို့ ခိုင်နှိုင်းပြောဆိုခဲ့ပါတယ်။ Nepotism ဆိုတာကတော့ အနုပညာလောကထဲကို ကိုယ်စွမ်းကိုယ်စနဲ့ တိုးဝင်လာတာမဟုတ်ပဲ နာမည်ကြီးပြီးသား မင်းသားမင်းသမီးတွေ၊ အသိဒါရိုက်တာတွေ၊ ခင်မင်ရင်းနှီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေ အစရှိတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေအားကိုးနဲ့ အနုပညာနယ်ပယ်ထဲကို ဝင်ရောက်လာသူတွေကို ပြောထားခြင်းဖြစ်ပါတယ်။ AkshittSinghal ပြောချင်တာကတော့ Abhishek ဟာ သူ့ရဲ့ ဖခင်ဖြစ်သူ Amitabh Bachchan ရဲ့ အရှိန်အဝါကို အားကိုးပြီး ရုပ်ရှင်လောကထဲဝင်ရောက်လာကာ Follower ၁၅ သန်းကျော် ရရှိနေကာ ကိုယ့်အားကိုယ်ကိုးပြီးတက်လာတဲ့ Prachi Desai ကတော့ Follower ၁ သန်းခွဲသာရှိကြောင်း၊ အနုပညာကို တစ်ကယ်ချစ်မြတ်နိုးတဲ့ ပရိသတ်မှန်ရင် ရုပ်ရည်ထက် အရည်အချင်းကို ဦးစားပေးပြီး အားပေးသင့်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

READ
ကလေးမွေးပြီးနောက် ပထမဆုံး Selfie ပုံတင်လိုက်တဲ့ Kylie Jenner

 

ဒီလိုဝေဖန်ရေးသားခဲ့တဲ့ အပေါ်ကိုတော့ Abgishek က “ ကျွန်တော် Mr Singhal ကို တစ်ခုလောက်ပြောပြချင်ပါတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို ဆိုရှယ်မီဒီယာပေါ်က Follower တွေနဲ့ တိုင်းတာလို့ မရတာ ခင်ဗျားသိသင့်ပါတယ်။ Prachi Desai ကလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ။ သူဟာ အရမ်းတော်ပြီး အရည်အချင်းရှိတဲ့ မင်းသမီးတစ်ယောက်ဆိုတာ ခင်ဗျားကော၊ ကျွန်တော်ကောအပါအဝင် လူတိုင်းသိကြပါတယ်။ ပြီးတော့ Prachi Desai က ဆိုရှယ်မီဒီယာ သိပ်သုံးတဲ့လူ မဟုတ်သလို သူမက ဘာကြီးညာကြီးဆိုပြီး ပြောနေတတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ သူမဘာလဲဆိုတာ သူမရဲ့ အလုပ်တွေနဲ့ပဲ ကောင်းကောင်းသက်သေပြတတ်တဲ့ မင်းသမီးတစ်ယောက်ပါ”လို့ ပြန်လည်ရေးသားတုံ့ပြန်ခဲ့ပါတယ်။

READ
Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အနုပညာကြေးအမြင့်ဆုံး ရရှိနေတဲ့ Emma Stone

 

 

View this post on Instagram

 

#4daysto102notout #poutgamestrong @amitabhbachchan

A post shared by Abhishek Bachchan (@bachchan) on

Pyi Hein Kyaw

SHARE