Bollywood မှာ သရုပ်ဆောင်ရတာ လုံးဝမပျော်ကြောင်း ပြောလာခဲ့တဲ့ Abhishek Bachchan

[email protected]

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါရင့် မင်းသားကြီး Amitabh Bachchan ကိုတော့ လူတိုင်း နီးပါးသိကြပြီးဖြစ်မှာပါ။ Amitabh Bachchan ရဲ့ သားဖြစ်သူ Abhishek Bachchan ဟာလည်း ၂၀၀၀ ခုနှစ်ကတည်းကစပြီး ဖခင်ဖြစ်သူ Amitabh Bachchan ရဲ့ ဖေးမမှုနဲ့ Bollywood ရုပ်ရှင်လောကထဲရောက်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Abhishek Bachchan ဟာ နှစ်ပေါင်း (၂၀) နီးပါးလုံး Bollywood ရုပ်ရှင်လောကထဲမှာ ကျင်လည်ရတာ လုံးဝမပျော်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Abhishek ဟာ တစ်ကယ်တမ်းတော့ Bollywood ရုပ်ရှင်လောကထဲကို ဝင်ရောက်လာတာဟာ သူကိုယ်တိုင် သရုပ်ဆောင်ဖြစ်ချင်တာထက် ဖခင် Amitabh Bachchan ရဲ့ တွန်းအားပေးမှုတွေ ပါပါတယ်။ Abhishek ပထမဦးဆုံးစတင်ရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ Refugee လို့အမည်ရတဲ့ ဇာတ်ကားမှာပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို ၂၀၀၀ ခုနှစ်မှာ အိန္ဒိယရဲ့ နာမည်ကြီး ဒါရိုက်တာ J.P.Dutta ရိုက်ကူးခဲ့ပြီး Abhishek Bachchan လို့ စတင်သိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

View this post on Instagram

Ramji types? #Manmarziyaan

A post shared by Abhishek Bachchan (@bachchan) on

အဲဒီနောက်ပိုင်းမှ Abhishek ဟာ လူကြိုက်အများဆုံး ဇာတ်ကားတွေဖြစ်တဲ့ Dhoom, Dhoom 2 နဲ့ Dhoom 3 ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ ဒါ့အပြင် Guru, The Big Bull, Bunty Aur Babli, Raavan, Happy New Year, Run အစရှိတဲ့ Bollywood ရဲ့ နာမည်ကြီးဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

“အမှန်တကယ်ပြောရရင်တော့ ကျွန်တော်ဒီအလုပ်ကို မြတ်နိုးပါတယ်။ ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလောကမှာ ကျင်လည်ရတာ လုံးဝမပျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ လိုအပ်ချက်တွေ များစွာရှိနေသေးလို့ပါပဲ။ ကျွန်တော့်ပရိသတ်တွေလည်း ကျွန်တော့်ကို အားမလိုအားမရဖြစ်တာတွေ ရှိမှာပါ။ ကျွန်တော်အရာအားလုံးကို ကောင်းအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကြိုးစားသလောက် ဖြစ်မလာတော့ ကိုယ့်ကိုယ်ကို သေချာပြန်မေးကြည့်မှ ကျွန်တော် သရုပ်ဆောင်အလုပ်ကို လုပ်ရတာ လုံးဝမပျော်ဘူးဆိုတာကို သိလိုက်ရတာပါ” လို့ Abhishek Bachchan က ပြောကြားခဲ့ပါတယ်။

READ
ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ ပုံဖော်ထားတဲ့ "မိန်းမ တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်."

Pyi Hein Kyaw

SHARE