အန္တာတိကတိုက်ရှိ သုတေသနစခန်းများမှာ အလုပ်ပေါင်း (၁၅၀) လောက်ခေါ်ယူ

Australian Antarctic Program

စွန့်စားခန်းတွေ၊ ရေခဲပြင်တွေ၊ သုညဒီဂရီအောက်ကျနေတဲ့ ရာသီဥတုနဲ့ ပင်ဂွင်းငှက်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်အတွက် အကောင်းဆုံးဖြစ်စေမယ့် အလုပ်တွေ သြစတေးလျအစိုးရက ခေါ်ဆိုနေပါတယ်။ အန္တာတိယတိုက်မှာ ရှိတဲ့ သုတေသနစခန်းတွေအတွက် လစ်ဟာနေတဲ့ အလုပ်ခွင်တွေအတွက်အလုပ်သမားပေါင် ၁၅၀ လောက် အလုပ်ခေါ်နေတာပါ။

အလုပ်တွေကလည်း အမျိုးစုံပါပဲ။ ဆရာဝန်တွေ၊ လက်သမားတွေ၊ ရေပိုက်ပြင်သူတွေ၊ အိုင်တီကျွမ်းကျင်ပညာရှင်တွေ၊ ဂဟေဆော်တဲ့လူတွေ စသဖြင့် အလုပ်ပေါင်းမျိုးစုံ ခေါ်ဆိုနေတာပါ။ လုံးဝကို အေးခဲနေတဲ့ အရပ်ဒေသမှာ လုပ်ရမှာဆိုတော့ လခလည်းကောင်းကောင်းပေးထားဦးမှာပါ။

ဆေးပညာရှင်တစ်ယောက်အတွက် လခက အမေရိကန်ကန်ဒေါ်လာ ၁၉၉,၀၃၁ အထိ ရရှိမှာဖြစ်ပြီး အိုင်တီပညာရှသင်တစ်ယောက်အတွက်ကတော့ ဒေါ်လာ ၇ သောင်းခွဲလောက်ရရှိမှာဖြစ်ပါတယ်။ ဒါဟာ တစ်လစာ လစာတင်ဖြစ်ပြီး နှစ်ကုန်ရင် Bonusများလည်း ပေးသွားဦးမှာလည်း ဖြစ်ပါတယ်။

Australian Antarctic Program

ရေခဲပြင်ဒေသမှာ နေထိုင်ရမှာဆိုလို့ အိုက်စကီးမိုးတွေလို igloo အိမ်လေးတွေနဲ့ နေရမှာတော့ မဟုတ်ပါဘူး။  အအေးဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ဆောက်ပေးထားပြီး အစားအစာအတွက်လည်း ကောင်းကောင်း စီစဉ်ပေးထားဦးမှာပါ။

အမျိုးသားရော၊ အမျိုးသမီးများအတွက်ပါ အလုပ်နေရာမျိုးစုံအတွက် ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကြောင့်မို့လို့  အခု ရာသီမှာ အလုပ်လုပ်နေတဲ့ လူတွေရဲ့ ၈၂ ရာခိုင်နှုန်းကတော့ အမျိုးသားတွေပဲဖြစ်ပါတယ်။

ရေခဲပြင်မှာ နေနေရမယ့် အလုပ်ဆိုလို့ ပျင်းဖို့ကောင်းလှပေမယ့် သြစတေးလျအစိုးရက အစီအစဉ်များစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။ ရေကူးဖို့အတွက်ရေကန်တွေလည်းဆောက်လုပ်ပေးထားပြီး စားပွဲတင်တင်းနစ်ရိုက်ဖို့ ကွင်းတွေလည်း လုပ်ပေးထားတာပါ။ တောင်တက်တာတွေ၊ စက်ဘီးစီးတာတွေအတွက်လည်း စနစ်တကျ စီစဉ်ထားပေးထားပါတယ်။

အဲဒီအရပ်မှာ အလုပ်လုပ်နေတဲ့ Amy Chetcuti ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ ပြောစကားအရတော့ ဒီလိုအလုပ်တွေဟာ ကမ္ဘာမှာ ဘယ်နေရာမှ မရနိုင်တဲ့ အလုပ်တွေပဲဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီလို အလုပ်တွေဟာ သာမန်အလုပ်တစ်ခုထက်ပိုတဲ့ အလုပ်တစ်ခုဖြစ်ပြီး ရေခဲပြင်ဒေသမှာပဲ တွေ့ရတဲ့ အကောင်တွေကို သဘာဝအတိုင်း မြင်တွေ့ခွင့်ရမယ့် အခွင့်အရေးတစ်ခုလို့လည်းပြောပါတယ်။

တကယ်လို့  အန္တာတိကတိုက်မှာ အလုပ်လုပ်ချင်နေတယ်ဆိုရင်တော့ ဒီနေရာမှာ အလုပ်လျှောက်လို့ရပါတယ်။ ( link – https://jobs.antarctica.gov.au/jobs-in-antarctica/ )

Ye Yint Kyaw

SHARE