ရုံမတင်ရသေးတဲ့ Avatar 2 နဲ့ 3 တို့ရဲ့ ရိုက်ကူးရေး ပြီးစီးတော့မှာ ဖြစ်ကြောင်း သိရ

Avatar

၂၀၀၉ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အပြာရောင်အကောင်ကြီးတွေနဲ့ သူတို့ရဲ့ ထူးဆန်းတဲ့ကမ္ဘာအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကို အားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်။ ဟုတ်ပါတယ်၊ Avatar ပါ။ ဒါရိုက်တာ James Cameron က ရိုက်ကူးထားခဲ့တာဖြစ်ပြီး Sam Worthington နဲ့ မင်းသမီး Zoe Saldana တို့က ပါဝင်ထားခဲ့ပါတယ်။

IMDB/Avatar

ဒီကားဟာ ၁၀ စုနှစ်တစ်ခုအကြာမှာပဲ နောက်ဆက်တွဲ ဇာတ်လမ်းဆက်တွေ ထွက်လာတော့မယ်ဆိုပြီး သတင်းတွေတစ်ဖန်ပြန်ထွက်လာခဲ့ကြပါတယ်။ နောက်ထပ်ထွက်မယ့် ဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ James Cameron ဟာ 2020 Austrian World Summit ရဲ့ အစီအစဉ်တစ်ခုမှာ Arnold Schwarzenegger နဲ့ အင်တာဗျူးမှာ အသေးစိတ်ပြောပြသွားခဲ့ပါတယ်။

ကိုဗစ်ဟာ တစ်ကမ္ဘာလုံးကို ကမောက်ကမဖြစ်ြစေခဲ့တာပါတဲ့။ ဒါကြောင့်လည်း သူတို့ရဲ့ Avatar ရိုက်ကူးထုတ်လုပ်ရေးကို ၄ ခွဲ၊ ၅ လလောက် ရပ်တန့်သွားစေခဲ့တယ်ဆိုပြီး ဒါရိုက်တာ James Cameron က ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း Avatar 2 ရဲ့ ရိုက်ကူးရေးကတော့ အကုန်လုံး ပြီးသွားခဲ့ပါပြီတဲ့။ ထုတ်လပ်ရေးလုပ်ဖို့ပဲ ကျန်တော့တယ်ပေါ့။

READ
ရွှေထူးအတွက် မွေးနေ့ဆုတောင်း အရှည်ကြီးတောင်းပေးလိုက်တဲ့ ရွှေမှုန်ရတီ
IMDB/Avatar
IMDB/Avatar

ဒါပေမဲ့ ထူးဆန်းတာတစ်ခုက Avatar 2 နဲ့ပြိုင်တူ Avatar 3 ကိပါ ပြိုင်တူရိုက်ကူးနေခဲ့တာပါတဲ့။ တကယ်တမ်း စောပြီးရမယ့်အစား ရိုက်ကူးရေး ရပ်နားထားခဲ့ရတဲ့အတွက်ကြောင့် ၁၀%လောက်တော့ Avatar 3 ကို ရိုက်ကူးဖို့ကျန်ရှိနေပါသေးတယ်လို့ James Cameron က ကပြောလာခဲ့ပါတယ်။ ရိုက်ကူးရေးအခြေအနေကိုတော့ အခုလိုပဲပြောခဲ့ပေမယ့် ဇာတ်လမ်းနဲ့ ပတ်သက်တာတော့ ဘာမှ ထုတ်မပြောလာခဲ့သေးပါဘူး။ ဒါပေမဲ့လည်း Avatar အနေနဲ့ 2 ရယ် 3 ရယ်အပြင် 4 နဲ့ 5 ကိုပါ ဆက်လက်ရိုက်ကူးဖို့လည်းရှိပါသေးတယ်တဲ့။

IMDB/Avatar

ဒါကတော့ အင်တာဗျူးအပြည့်အစုံပါ။ Avatar 2 ကို ကြည့်ဖို့လည်း မစောင့်နိုင်တော့ပါဘူးနော်။

penny

SHARE