တက္ကသိုလ်စာမေးပွဲကြီး မေးခွန်းမှာပါလာခဲ့တဲ့ အိစိကွေးရဲ့အကြောင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ကလေးသရုပ်ဆောင်ဘဝကတည်းက ရရှိလာခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ အိစိကွေးကတော့ လက်ရှိအချိန်မှာလည်း မင်းသားတစ်ယောက် ၊အဆိုတော်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေကြားမှာ လူသိများတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အိစိကွေးကတော့ ဒီကနေ့မှာ အံအားသင့်စရာ အဖြစ်အပျက်တစ်ခုအကြောင်းကို ပရိသတ်တွေကို ဖေစ်ဘုတ်ကနေ တစ်ဆင့်ဝေမျှထားတာဖြစ်ပါတယ်။ အိစိကွေးကတော့ တောင်ကြီးတက္ကသိုလ်ရဲ့ စာမေးပွဲကြီး အင်္ဂလိပ်စာ မေးခွန်းထဲမှာပါလာခဲ့တာဖြစ်ပါတယ်။ “မထင်ထားဘူး ကျွန်တော့အကြောင်းလေးကို စာမေးပွဲမှာထည့်မေးလိမ့်မယ်လို့ ဘာပဲဖြစ်ဖြစ်ပျော်တယ် အားလုံးလည်းဖြေနိင်မယ်ထင်ပါတယ်လာပို့ပေးတဲ့ အမ ကိုလည်းကျေးဇူးပါဗျာ” လို့ ဝမ်းသာဂုဏ်ယူတဲ့အကြောင်းကို ပြောပြထားတာဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တဲ့ အိစိကွေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

source: Ei SI Kway

SHARE