အိမ်ကျဉ်းကျဉ်းတွေမှာ အထူးအသုံးဝင်မယ့် ခေတ်ရှေ့ပြေးပရိဘောဂတစ်မျိုး IKEA မှ မိတ်ဆက်

အိမ်လည်းကျဉ်းတယ်၊ လိုတာလည်း အကုန်ရှိထားချင်တယ်ဆိုရင် လောဘကြီးရာများ ကျနေမလား.. တကယ်တော့ နည်းပညာမှာ တဟုန်ထိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိတော့သလောက်ပါပဲ။ ဒါဆို လိုတဲ့အချိန်မှာ လိုတဲ့ ပစ္စည်းကိုပဲ ရွေးပြီး ထုတ်သုံးလို့ရမယ်ဆိုရင်ရော..?

အိမ်တွင်းအသုံးအဆောင်ပစ္စည်းနဲ့ ပရိဘောဂတွေကို ထုတ်လုပ်တဲ့ ကမ္ဘာကျော် ကုမ္ပဏီ IKEA ကတော့ Rognan လို့ ခေါ်တဲ့ ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီထုတ်ကုန်ကိုတော့ အမေရိကန်ရှိ ပရိဘောဂ ကုမ္ပဏီသစ် Ori Living နဲ့ ပူးပေါင်းထုတ်လုပ်ထားတာပါ။

IKEA

ပရိဘောဂဆိုတာထက် ဧည့်ခန်း ဆက်လိုက် တစ်ခုလို့လည်း သုံးလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်မယ့် ပရိဘောဂတွေကို သိုလှောင်ထားတဲ့ ယူနစ်တစ်ခုဖြစ်ပြီး ထိုယူနစ်ကြီးကိုလည်း touchpad တစ်ခုနဲ့တင် ထိန်းချုပ်နိုင်ပါတယ်။ ဒီယူနစ်ကြီးထဲမှာတော့ အိပ်ယာတစ်ခု၊ စားပွဲတစ်ခု၊ ဆိုဖာခုံတန်းတစ်ခု၊ ပစ္စည်းတင်စင်တွေ၊ ဗီဒိုတွေ ပါဝင်ပါတယ်။

အထက်ပါ ပရိဘောဂတွေကို စုပေါင်းထားတဲ့ ယူနစ်ကြီးတစ်ခုဖြစ်တဲ့ Rognan ကို ဟိုဘက်၊ ဒီဘက် နှစ်ခြမ်းခွဲပြီး ရွေ့လျားစေကာ အသုံးပြုနိုင်ပါတယ်။ ဘယ်လိုမျိုး ဖြစ်မလဲဆိုတာကိုလည်း အောက်ဘက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြထားပါတယ်။

Rognan ပရိဘောဂယူနစ်ကို ထုတ်ရတာကတော့ မြို့ပြလူနေမှုစနစ်မှာ အရေအတွက်တိုးလာလျက်ရှိတဲ့ တိုက်ခန်းကျဉ်းတွေအတွက် အဓိကရည်ရွယ်ထားတာ ဖြစ်တယ်လို့ The Verge နည်းပညာသတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ ထိုထုတ်ကုန်ကို ဈေးကွက်ကွက်တွင်း တရားဝင်ဖြန့်ချိမှာကတော့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ဖြစ်ပါတယ်။ အရင်ဦးဆုံး ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတွေမှာ ရောင်းချသွားမှာပါ။

READ
Galaxy S5 နှင့် iPhone 6 တို့ကိုမီးရှို့ပြီး ဘယ်ဟာပိုခံလဲစမ်းသပ်ကြည့်ခြင်း
IKEA

“အခန်းနေရာကျဉ်းကျဉ်းတွေမှာ ဆံ့ဖို့အတွက် ပရိဘောဂတွေကို အရွယ်အစားသေးအောင် ထုတ်မယ့်အစား လိုအပ်သလို ထုတ်သုံးနိုင်မယ့် နည်းပညာအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ အိပ်ဖို့ အိပ်ယာလိုမယ့်အချိန် ဆိုဖာထိုင်ခုံမလိုဘူး။ ဗီဒိုကို သုံးနေတဲ့အခါ အိပ်ယာကို မလိုဘူး” ဆိုတဲ့ အယူအဆကို IKEA ရဲ့ product developer ဖြစ်တဲ့ Seana Strawn က ရှင်းပြခဲ့ပါတယ်။

Rognan ကိုတော့ အိမ်ခန်းကျဉ်းကျဉ်းမှာ ဘယ်လိုနေရာချမလဲ စဉ်းစားနေသူတွေအတွက် အရမ်းကို အဆင်ပြေစေမယ့် ထုတ်ကုန်တစ်ခုဖြစ်လာမယ်လို့ သုံးသပ်လျက်ရှိကြပါတယ်။

White

SHARE