ဒီကနေ့ကတော့ အမေရိကရဲ့ရွေးကောက်ပွဲနေ့ပဲဖြစ်ပါတယ်။ သမ္မတသစ်ရွေးကောက်ပွဲမှာ လူတွေတော်တော်များများ ဘယ်သူကများအမေရိကရဲ့ သမ္မတအသစ်ဖြစ်လာမလဲဆိုပြီး စိတ်ဝင်စားနေကြပါတယ်။ လက်ရှိအချိန်မှာတော့ Joe Biden ဟာ ညနေပိုင်း သတင်းအထိ ၂၃၈ နဲ့ တစ်ပြေးနေပြီးတော့ လက်ရှိသမ္မတ Donald Trump ကတော့ ၂၁၃ နဲ့် ဒုတိယကို လိုက်နေခဲ့ပါတယ်။
သမ္မတ၀င်ရွေးတဲ့ လူတွေထဲ စီးပွားရေး၊ နိုင်ငံရေးသမားတွေ အများကြီးပါဝင်နေခဲ့သလိုပဲ အဒီအထဲ လူတွေစိတ်ဝင်စားမှုခံနေရတဲ့လူတစ်ဦးလည်းရှိနေပါသေးတယ်။ သူကတော့ Kanye West ပါပဲ။ Kanye West ဟာ အမေရိကန်ရဲ့ အနုပညာရှင်တစ်ဦးပါ။ ပရိုဂျူဆာ၊ သီချင်းဖန်တီးသူ၊ အမေရိကန်ရက်ပ်ပ်တစ်ဦးဟာ သမ္မတ၀င်ရွေးခံတယ်ဆိုတော့ လူတွေက တော်တော်လေးကို စိတ်ဝင်စားလျက်ရှိနေပါတယ်။
View this post on Instagram
မဲများ တစ်မဲတောင်ရပ့ါမလားလို့ စိတ်ဝင်စားနေကြတဲ့လူတွေအတွက် Kanye West ရဲ့ ညနေ ၄ နရီအထိ နောက်ဆုံးရရွေးကောက်ပွဲသတင်းကတော့ မဲအရေအတွက်ပေါင်း ၁၂၅၅ နဲ့ နိုင်ချေရာခိုင်နှုန်း ၀.၃%တောင်ရှိနေခဲ့ပါတယ်။

View this post on Instagram
Kanye တစ်ယောက် Twitter မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗီဒီယိုတစ်ခုတင်လာခဲ့ပါတယ်။ သူ့နာမည်ကို သူကိုယ်တိုင် မဲထည့်နေတာကို ရိုက်ကူးထားတာဖြစ်ပြီးတော့ ဘ၀မှာတစ်ခါမှ မဲမမေပးခဲ့ဖူးပေမယ့် အခုလို သူကိုယ်တိုင်သမ္မတ အရွေးဝင်ခံတဲ့အချိန်ကျကာမှ မဲထည့်တာပါတဲ့။
View this post on Instagram
The first vote of my life We are here to serve We pray for every servant leader in the world 🕊 pic.twitter.com/UWSrKslCt1
— ye (@kanyewest) November 3, 2020
ဇနီးဖြစ်တဲ့ Kim Kadarshian ဟာလည်း ချစ်ခင်ပွန်း Kanye West ကို မဲပေးခဲ့ပါတယ်ဆိုပြီး သူမရဲ့ Twitter မှာ တင်လာခဲ့ပါတယ်။
I VOTED!!!! Did you?!?!
If you are in line when the hours of operation close at the polls, they are required to stay open and allow you to vote, so do not get out of line. pic.twitter.com/QXsU4JPdCw
— Kim Kardashian West (@KimKardashian) November 4, 2020
penny