မင်းသားကြီး Keanu Reeves ရဲ့ ပူပူနွေးနွေးလူကြားထဲထုတ်ပြခဲ့တဲ့ ချစ်သူလေးအကြောင်း

MEGA, Facebook-美紙

ပွဲတွေကို လူ့လောကထဲက ထွက်သွားခဲ့တဲ့ လက်တွဲဖော်ဟောင်း Jennifer Maria Syme  ကလွဲပြီး ဘယ်ချစ်သူနဲ့မှ လက်တွဲမတက်ဖူးခဲ့တဲ့ မင်းသားကြီး Keanu Reeves တစ်ယောက်ကတော့ ပြီးခဲ့တဲ့စနေနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ရဲ့ လက်တွဲကာတက်ရောက်ခဲ့တဲ့သတင်းကို Shwemom မှ ဖော်ပြခဲ့ပြီးပါပြီ။

[email protected]

အသက် ၅၅ နှစ်အရွယ် Keanu Reeves နဲ့ လက်ရှိတွဲနေတဲ့ ချစ်သူ Alexandra Grant တို့ဟာ အသက် ၈ နှစ်တောင် ကွာနေခဲ့ပါတယ်။ Alexandra Grant ရဲ့အသက်က ၄၆ နှစ်သာ ရှိနေခဲ့တာပါ။ နှစ်ယောက်သား အသိမိတ်ဆွေအဖြစ် ၁၀ စုနှစ်တစ်ခုကြာလာခဲ့ပြီးကာမှ ချစ်သူအဖြစ်သို့ ရောက်ရှိခဲ့ကြတာပါတဲ့လေ။

Facebook-美紙
Facebook-美紙

ချစ်သူဖြစ်တာ ဒီနှစ်အစောာပိုင်းလောက်ကတည်းကဆိုပေမယ့်လို့ Keanu Reeves မှာ ရည်းစားရှိနေမှန်း ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ နေရာတော်တော်များများမှာ အတူတူတွဲပြီး မိတ်ဆွေထက်ပိုတဲ့ ဆက်ဆံပုံတွေနဲ့ ပါပါရာဇီတော်တော်များများက ဓာတ်ပုံရို်က်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

READ
ထူးအောင်နဲ့အတူ ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ ခင်သဇင်

Malibu မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ Saint Laurent Men’s Spring Summer 20 ရှိုးကိုလည်း နှစ်ယောက်သားအတူတွဲကာ တက်ရောက်ခဲ့ကြပြီး အခုတစ်ခေါက်လိုပဲ လက်တွဲမြဲလျက်ပါပဲ။

MEGA

နောက် တစ်ခါ အောက်တိုဘာလလယ်လောက်တုန်းက ဟောလိဝုဒ်ရဲ့ စားသောက်ဆိုင်တစ်ဆိုင်ထဲကနေ Alexandra Grant ဟာ Keanu Reeves ရဲ့ ပုခုံးပေါ် ခေါင်းလေးမှီရင်း ပြန်ထွက်လာကြတဲ့ ဓာတ်ပုံတွေလည်း ရိုက်ကူးမိခဲ့တဲ့အပြင် Santa Monica ရဲ့ နာမည်ကြီး အီတလီစားသောက်ဆိုင် Giorgio Baldi မှာလည်း ပျော်ပျော်ရွှင်ရွှင်ညစာစားခဲ့တာကိုလည်း မီဒီယာတွေ မျက်မြင်သက်သေဖြစ်ခဲ့ကြပါတယ်တဲ့။

Facebook-美紙

သူတို့နှစ်ယောက်စတွေ့ခဲ့ပုံကတော့ ဒီလိုပါ။ ၂၀၁၁ ခုနှစ်တုန်းက Keanu Reeves ဟာ “Ode to Happiness” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ စာအုပ်အဖုံး ဒီဇိုင်းကိုတော့ Alexandra Grant ရဲ့ လက်ရာလေးတွေနဲ့ သုံးမယ်ဆိုပြီး ထုတ်လုပ်ရေးက စီစဉ်ပေးခဲ့ရာမှ ရင်းနှီးကာ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ ထပ်ပြီး Keanu Reeves က “Shadows” ဆိုတဲ့ စာအုပ်ကိုလည်းထပ်ရေးခဲ့ပြီး အရင်ကလိုပဲ Alexandra Grant ဆီမှာ အလုပ်ထပ်အပ်ခဲ့ပြန်ပါတယ်။ Alexandra Grant ဆိုတာ ပန်းချီဆရာမတစ်ဦးပါ။

READ
နတ်သမီးလေးတစ်ပါးလို လှနေတဲ့ ပရိသတ်အချစ်တော် အိချောပို
Facebook-美紙
Facebook-美紙

နှစ်ယောက်သား ဘယ်လောက်တောင် အချစ်စိတ်တွေနဲ့လွှမ်းခြုံထားကြသလဲဆိုရင် ဒီဗီဒီယိုလေးကိုကြည့်တာနဲ့တင် သိနိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ လူပျိုသိုးကြီး Keanu Reeves တစ်ယောက် အစွံထုတ်တော့မှာလား။

Penny

SHARE