ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတွေမှာ ဒုက္ခရောက်နေရတဲ့ ၀ူဟန်မြို့က ဆရာဝန်များ

Weibo/ZanSHin

လူဦးရေ(၁၁)သန်းနေထိုင်တဲ့ ၀ူဟန်မြို့ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ကစပြီး coronavirus (ကိုရိုနာဗိုင်းရပ်စ်)လွှမ်းမိုးမှုအောက်ကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒေသဆေးရုံတွေမှာလည်းရောဂါပိုးကူးစက်ခံရတဲ့လူနာတွေနဲ့ပြည့်နှက်လျက်ရှိပါတယ်။

သေးငယ်တဲ့စင်္ကြန်လမ်းတွေပေါ်မှာ ကူးစက်ခံရတဲ့လူနာတွေကိုထုတ်ပိုးထားပြီး အဆိုပါလူနာတွေရဲ့နားမှာ ဆရာဝန်တွေဆေးကုသမှုတွေလုပ်နေတာကို ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ပုံတွေနဲ့ဗီဒီယိုတွေကနေတစ်ဆင့် တွေ့ရပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာလည်း သူတို့ဝတ်ဆင်ထားတဲ့ hazmat ရောဂါကာကွယ်ရေး ၀တ်စုံကိုချွတ်ဖို့ အဆင်မပြေတာကြောင့် diaper တွေတောင်ဝတ်ဆင်ထားရပါတယ်။ ဒါ့အပြင် ဒီဝတ်စုံတွေဟာ ထောက်ပံ့ရေးမရှိတဲ့အတွက် လုံလောက်မှုမရှိတာကြောင့် နောက်ထပ်တစ်စုံမရမချင်း စုတ်ပြဲလို့မရတဲ့ဝတ်စုံတွေပဲ ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။

 

Hazmat ၀တ်စုံရှားပါးမှုနဲ့အတူ ဆေးရုံတွေမှာလည်း အခြားကာကွယ်ရေးပစ္စည်းကိရိယာတွေလည်းနည်းပါးနေပါ တယ်။ဒါ့အပြင် ခွဲစိပ်ခန်းမျက်နှာဖုံးနဲ့ အကာအကွယ်မျက်မှန်တွေလည်းနည်းပါးနေတယ်လို့ တရုတ်သတင်းဆိုက် တစ်ခုဖြစ်တဲ့ ThePaper.com သတင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

ကျွန်တော်တို့မှာ ကာကွယ်ရေးဝတ်စုံအနည်းဆုံးတစ်ယောက်တစ်စုံစီသာရှိတာကြောင့် ပျက်စီးလို့မဖြစ်ဘူးလို့ ၀ူဟန်ဆေးရုံကဆရာဝန်တစ်ဦးက သူ့ရဲ့ Weibo မှာရေးသားခဲ့ပါတယ်။

 

လူနာများလာတာကြောင့် အလုပ်တွေလည်း ပိုမိုရှုတ်ထွေးလာခဲ့တဲ့အတွက် မြို့ရှိဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို စိတ်ပိုင်ဆိုင်ရာထိခိုက်မှုတွေရှိလာခဲ့ပါတယ်။အဲတာကတော့ ရောဂါပိုးဟာ ကူးစက်မြန်တာကြောင့် ဆရာဝန်တွေဟာ လူနာတွေကနေတစ်ဆင့် သူတို့ဆီကိုပါကူးစက်ခံရမှာကိုထိတ်လန့်နေကြပါတယ်။

 

လူနာဆီကနေရောဂါကူးစက်ခံရတဲ့ဆရာဝန်တစ်ယောက်ဆိုရင် ၀မ်းနည်းပက်လက်ဖြစ်နေတယ်လို့ ဘေကျင်းအခြေစိုက်ကုထုံးဆရာဝန် Candice Qin က ပြောပြခဲ့ကြောင်း Business Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါဆရာဝန်ဟာ ဒီအကြောင်းကို မိဘတွေကိုပြောပြခြင်းမရှိပဲ သူမတိုက်ခန်းထဲမှာသာသူမ ကူကယ်ရာမဲစွာ၊ အထီးကျန်စွာနဲ့ ပိတ်လှောင်နေတယ်လို့ Qin ကထပ်လောင်းပြောကြားခဲ့ပါတယ်။

Thae Su

SHARE