ဘောလုံးပြိုင်ပွဲမှာ အဝတ်ဗလာနဲ့ ဖြတ်ပြေးတဲ့အမျိုးသမီး၊ ဒီအတွက် နောင်တမရကြောင်းဆို

Twitter/Heather McCartney

ဘောလုံးပွဲတွေ နောက်ဆုံးဖိုင်နယ်ပွဲဆို လုံခြုံရေးတွေအနေနဲ့ အတော်လေး ဂရုထားရပါတယ်။ တစ်ခါတလေမှာ ဆယ်လီဖြစ်ချင်လို့ ပေါက်ကရလုပ်တဲ့လူတွေနဲ့ တိုးတက်သလို၊ တစ်ခါတလေမှာတော့ ဖိုင်နယ်ပွဲဖြစ်တာကြောင့် နှစ်ဖက်ပရိသတ်ကြား ရန်ပွဲတွေ၊ ဒါမှမဟုတ် ပရိသတ်နဲ့ နှစ်ဘက်အသင်းကြား ရန်ပွဲတွေ၊ ပွဲစဉ်အတွင်း ဆူပူသောင်းကျန်းမှုတွေဟာ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေ ဖြစ်လို့ပါ။

အခုလည်း မော်ဒယ် Heather McCartney ဟာ AFL အသင်းတစ်ခုဖြစ်တဲ့ Hawthorn ရဲ့နောက်ဆုံးဖိုင်နယ်မှာ အသင်းအနိုင်ရလျှင် အဝတ်ချွတ်ပြေးမယ် ကတိပေးထားလို့ဆိုပြီး ကွင်းထဲကို အဝတ်ဗလာနဲ့ပြေးခဲ့ပါတယ်။ ဒီလုပ်ရပ်အတွက် Hather အနေနဲ့ ရဲစခန်းမှာ တစ်ညအိပ်ခဲ့ရပြီး၊ ခံဝန်ထိုးခဲ့ရပါတယ်။

 

တကယ်တော့ ဒီအဖြစ်အပျက်ဟာ (၂၀၁၄)ခုနှစ်က Australian Football Grand Final ပွဲစဉ်ဖြစ်တဲ့ Hawthorn နဲ့ Sydney Swans အသင်းတို့ရဲ့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တာပါ။  Heather ဟာ နှာခေါင်းခွဲစိတ်မှုတွေနဲ့ ကင်ဆာကို သတ္တိရှိစွာကျော်ဖြတ်ခဲ့သူဖြစ်ပြီး၊ အခုလို အများမျက်လုံးပြူးစရာအလုပ်ကြောင့် လူပိုသိလာခဲ့ပါတယ်။

 

 

View this post on Instagram

 

It’s been 48 hours since I had surgery . I’m at maximum swelling now I hope . It hurts bad and I am back in my hotel chilling . The surgeon @drmirzafirat took rib cartilage to rebuild my nose in areas and to stop it being crooked . Was a very bad case and been broken so many times . He has lifted the tip to shorten my nose and also even out the nostrils . I’m hoping to have a “ dolly nose “ but to even get it straight is a dream . Nose plugs out on Monday . Cast off in one weeks time . I’m excited !!!! . . . . #businessmum #businessmumnetwork #australianbusiness #influencer #blogger #singlemomlife #singlemom #scottishmums #australianmum #mumblogger #scottishmum #scotland #revisionsurgery #rhinoplasty #revisionrhinoplasty #drmirzafirat #istanbul #turkey #istanbulsurgery #nosejob #reconstructivesurgery #dv #womensdv #nosesurgery #dvaustralia #istanbul #plasticsurgery #acibadem

A post shared by HEATHER MCCARTNEY (@heathermccartney) on

သူမအနေနဲ့ ရဲဖမ်းတာကို ခံခဲ့ရပေမယ့် နောင်တမရဘူးလို့ ပြောခဲ့ပါတယ်။ Heather ဟာ အသက်(၃၁)နှစ်အရွယ်ဖြစ်ပြီး၊ နှာခေါင်းကွဲဒဏ်ရာကို အစ္စတန်ဘူမှာ သွားရောက်ခွဲစိတ်ခဲ့သူပါ။ ဝတ်လှစ်စားလှစ်ဖြစ်ခဲ့တဲ့ Heather ဟာ နေ့ချင်းညချင်း ကျော်ကြားသွားခဲ့ပါတယ်။ သူမက ဒီလို လုပ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး-

“ အဲဒါက လောင်းကစားတစ်ခုပါ … ကျွန်မကပြောခဲ့တယ် .. Hawthorn နိုင်ရင် အဝတ်ချွတ်ပြမယ် ပြောထားတာကိုး … သူတို့ နိုင်တော့ … ကျွန်မ ချွတ်ခဲ့တယ်လေ … အတော်လေးကို ခမ်းနားခဲ့တဲ့နေ့ပေါ့ ”လို့ Herald Sun သတင်းဌာနထံ ပြောခဲ့ပါတယ်။ အဲဒီနောက် ရဲစခန်းက ပြန်လွှတ်တော့ Heather ဟာ အဝါရောင်ဘီကီနီဝတ်စုံနဲ့ မပေါ့တပေါ်ဓာတ်ပုံကိုလည်း လိုင်းပေါ်တင်ခဲ့ပါသေးတယ်။

Instagram/HeatherMacCarthy

အဝါရောင်ဝတ်စုံကို ရွေးချယ်ခြင်းမှာ Hawthorn ရဲ့ အထင်ကရဝတ်စုံဖြစ်နေလို့ပါတဲ့။ သူမက ဒေလီးမေးသြစတေးလျနဲ့တွေ့ဆုံစဉ်မှာ “ ဒီမတိုင်ခင် နှစ်ပတ်လောက်က ကျွန်မက (ကင်ဆာကြောင့်) နှစ်ပတ်ပဲ အသက်ဆက်ရှင်တော့မယ်တဲ့ … အဲဒီနောက်တော့ Marrow/stem cell အစားထိုးမှုခံယူခဲ့ပြီး အသက်ဘေးက လွတ်ခဲ့ပါတယ် ”လို့ ပြောခဲ့ပါတယ်။

Heather က နောက်ထပ် ဒီလိုအစီအစဉ်လုပ်ဖို့ ရှိသေးကြောင်း၊ စကော့တလန် လွတ်လပ်ရေးရရင်လည်း အခုလို လုပ်ဦးမှာပါတဲ့။ (၂၀၁၆)ခုနှစ် မတ်လမှာ ကင်ဆာစစ်ဆေးစဉ်၊ သူမမှာ (၂၄)ပတ်အရွယ် ကိုယ်ဝန်ကို လွယ်ထားရကြောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းကလည်း အလွန်ပျော်ခဲ့ရပါတယ်တဲ့။

 

(၂၀၁၈)ခုနှစ်မှာ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Stewart Weatherill ရဲ့ ရိုက်နှက်ခြင်းခံရလို့ နှာခေါင်း အစိတ်စိတ်ကွဲခဲ့ပေမယ့်၊ ခင်ပွန်းဖြစ်သူမှာ ပြစ်မှုမမြောက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်လည်း လင်မယားကွာရှင်းခဲ့ရပြီး၊ ခင်ပွန်းအနေနဲ့ (၅)နှစ်အတွင်း Heather ကိုရော၊ သမီးဖြစ်သူကိုရော ဆက်သွယ်ခြင်းမပြုဖို့ တားဆီးထားပါတယ်။

 

သမီးဖြစ်သူ Annah Rose ကတော့ အသက်(၃)နှစ်သာရှိသေးပြီး၊ ဖခင်နဲ့ (၂၀၂၃)ခုနှစ်မှ ဆက်သွယ်ခွင့်ရမှာပါ။ အခုတော့ Heather တို့သားအမိနှစ်ယောက်ဟာ သြစတေးလျမှာ အခြေတကျနေထိုင်ဖို့ ပြန်လာခဲ့ပြီဖြစ်ပြီး၊ (၁၀)စုနှစ်တစ်စုကြာ နေထိုင်ပြီးနောက် သြဇီနိုင်ငံသားဖြစ်ခွင့် ခံယူနိုင်ခဲ့သလို၊ သြစတေးလျက သူမရဲ့အိမ်လိုပါဘဲလို့ ပြောပါတယ်။

လင်းဇော်ကို

SHARE