ကမ္ဘာ့ကံအဆိုးဆုံး Friday 13th ရဲ့ သင်သတိမထားမိတဲ့ အချက်များအကြောင်း

heikografie/Pixabay

၁၃ ရက်နေ့လည်းဖြစ်၊ သောကြာနေ့လည်းဖြစ်တဲ့ Friday 13th ဟာ ပြက္ခတိန်ထဲမှာတော့ ကမ္ဘာ့ကံအဆိုးဆုံးနေ့အဖြစ် သတ်မှတ်ခံခဲ့ရတာ ဟိုးရှေးရှေးကတည်းကပါ။ ဒီ Friday 13th အကြောင်း သင့်အနေနဲ့ သတိမထားမိသေးတဲ့ အချက်လေးတချို့အကြောင်းကို Time and Date မှ ကိုးကာကာ မျှဝေပေးချင်ပါတယ်။

Unsplash/Waldemar Brandt

(၁) Friday 13 ကြောက်တဲ့ရောဂါ

ဒါကိုတော့ friggatriskaidekaphobia လို့ခေါ်ပါတယ်။ ဒီလိုကြောက်စိတ်ကြောင့်ပဲ လူတစ်ယောက်ချင်းစီ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လေကြောင်းလိုင်းတို့မှာ မလိုအပ်တဲ့ စိုးရိမ်စိတ်ကြောင့်မလို့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာစေတတ်ပါတယ်။ နောက်ပြီး ၁၃ ကဏန်းကြောက်စိတ်ကို Triskaidekaphobia လို့လည်းခေါ်ပါသေးတယ်တဲ့။ ၁၃ ကဏန်းပါတာမှန်သမျှ အလွန်အကျူးရှောင်ရှားသူတွေပေါ့။

(၂) တစ်နှစ်မှာ Friday the 13th ဘယ်နကြိမ်ရှိသလဲ

တစ်နှစ်လုံး မရှိဘူးဆိုရင်တောင်မှပဲ အနည်းဆုံး ၁ ကြိမ်တော့ ရှိတတ်ကြပေမယ့်လို့ ၃ကြိမ်ထက် ပိုပြီးတော့တော့ မရှိနိုင်ပါဘူးတဲ့။ Friday 13 တစ်ခုနဲ့တစ်ခု အကြာဆုံး ကွာခြားမှုကြီးကတော့ ၁၄ လတိတိ ကြာခဲ့ဖူးပါတယ်။

READ
ပုဏ္ဏကတိုက်ခြင်းအကြောင်း တစ်စေ့တစ်စောင်း
j_lloa/Pixabay

(၃) တနင်္ဂနွေနေ့တဲ့ Friday 13 ဆက်စပ်မှု

အကယ်၍ လတစ်လဟာ တနင်္ဂနွေနေ့နဲ့စခဲ့မယ်ဆိုရင် အဲဒီလမှာ Friday 13 လုံးဝမဖြစ်နိုင်ပါဘူးတဲ့။ မယုံရင် ပြက္ခတိန်လှန်ကြည့်။

(၄) Friday 13 မှာ pattern တွေရှိနေတတ်တယ်

ဥပမာ နှစ်တစ်နှစ်ဟာ ကြာသပတေးနေ့ကစခဲ့မယ်ဆိုရင် ဖေဖော်ဝါရီ၊ မတ်နဲ့နိုဝင်ဘာတို့မှာ Friday 13 ရှိကိုရှိပါမယ်တဲ့။ ဒီလို pattern မျိုးဟာ ၂၁ ရာစုမှာတော့ ၁၁ ကြိမ်ဖြစ်ပေါ်သွားမှာပါလို့ တွက်ချက်ထားခဲ့ကြပါတယ်။

KERBSTONE/Pixabay

(၅) ကံမကောင်းဆုံးနေ့ဆိုတာ သက်သေမတွေ့ခဲ့ရ

Friday 13 တိုင်းဟာ ဖြစ်ရပ်အဆိုးတွေ၊ ကံမကောင်းဘူးဆိုတာတွေကို သိပ္ပံနည်းကျတော့ သက်သေပြနိုင်ခဲ့ခြင်းမရှိခဲ့သေးပါဘူး။

heikografie/Pixabay

Penny

SHARE