Transgender မော်ဒယ် Valentina Sampaio ရဲ့ အကြောင်း

Image:IG/Valentina Sampaio

ဖက်ရှင် လောကမှာ နေရာယူထားတဲ့ Transgender မော်ဒယ် တွေ အများကြီးရှိပါတယ်။အခု နောက်ပိုင်းမှာတော့ Transgender တွေ အပေါ် လူတွေရဲ့အမြင်က သိသိသာသာ ပြောင်းလဲ လာပြီး လက်ခံ နေရာ ပေးလာတာကို တွေ့ ရပါတယ်။ဖက်ရှင် လောကမှာ နာမည်ကြီး နေတဲ့ Transgender မော်ဒယ် တွေထဲက မှ Valentina Sampaio ဆိုတဲ့မော်ဒယ် အ ချောလေး ရဲ့ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။ vogue ၊wiki  မှာ ဖော်ပြထားတဲ့ အချက် အလက်တွေကို ကိုးကားဖော်ပြထားတာပါ။

Bio

 

View this post on Instagram

 

@victoriassecret X @forloveandlemons shot by @zoeygrossman 💕💕 #FFLforVS #holidays

A post shared by Valentina Sampaio (@valentts) on

Valentina Sampaio က တော့ ဘရာဇီးနိုင်ငံ Ceará ပြည်နယ် က တံငါ ရွာလေး Aquiraz မှာ 10 December 1996  မှာ  မွေး ဖွားခဲ့ တာပါ။သူမရဲ့ေ မ မေ ကတော့ ဆရာမဖြစ်ပြီး အ ဖေ ကတော့ ငါးဖမ်းသမားပါ။သူမရဲ့ ငယ် ဘ၀ နာမည်ကိုတော့ Valentina Sampaio က ထုတ်မ ပြောခဲ့ပါဘူး။

ငယ်ငယ်တည်းက မိန်းကလေး စိတ် အပြည့်ပါခဲ့

 

Image:IG/Valentina Sampaio

သူမရဲ့ ငယ်ဘ၀ နာမည်ကို ထုတ်ပြောဖို့ ကိုတော့ ငြင်းဆိုခဲ့ပါတယ်။ကံကောင်းတာတစ်ခုက အရင်တည်းက မိန်းက လေး တစ်ယောက်လို ခြေတံ နဲ့ မျက်နှာ ပုံစံ မျိုးက မွေးရာ ပိုင်ဆိုင်ထားခဲ့တာပါ။ငယ်ငယ်တည်းက မိန်း က လေး တစ်ယောက်လိုပဲ သူမကိုယ်သူ မ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

(၈)နှစ်သမီးတည်းက transgender အဖြစ် ရပ်တည်လာခဲ့

Image:IG/Valentina Sampaio

တခြားက လေးတွေ လို ပုံမှန် မဟုတ်တဲ့ အပြုအမှု ကြောင့် မိဘ တွေ က (၈)နှစ်သမီးမှာ သူမကို စိတ်ပညာရှင် တစ်ယောက် ဆီကို ခေါ်သွားခဲ့ပါတယ်။အဲ့ဒီအ ရွယ်တည်းက အရုပ်မ လေးတွေကို စုရတာ ကြိုက်ပြီး မိန်းကလေး တွေနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းနေရာကို ကြိုက်သလို ကိုယ့်ကိုယ်လည်း မိန်းက လေး  တစ်ယောက်လို့ပဲ သတ်မှတ် ထားခဲ့တာ လို့ Sampaio  က ပြောပါတယ်။စိတ်ပညာရှင် က သူမဟာ transgender ပါလို့ သတ်မှတ် ခဲ့ပါတယ်။ (၁၂)နှစ် အရွယ် ရောက်မှ Valentina ဆိုပြီး နာမည် ပြောင်းခဲ့တာပါ။

Bully လုပ်မခံခဲ့ရပဲ မိဘ တွေကလည်း အားပေးလက်ခံခဲ့

Image:IG/Valentina Sampaio

သူမရဲ့ စိတ်၊သူမရဲ့ ရပ်တည်  ချက် အတွက် အနိုင်ကျင့်စော်ကား Bully လုပ်တာမျိုး မခံစားခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ မိဘ တွေ ကလည်း သူမကို လက်ခံ အား ပေးခဲ့သလို ဂုဏ်ယူခဲ့ ကြပါတယ်။အတန်းဖော် တွေ ကလည်း သူမရဲ့ စိတ်ကို လက်ခံ အား ပေးခဲ့ပြီး သူတို့ တွေ ကလည်း ငယ်ငယ်တည်းက သူမကို မိန်းက လေး လိုပဲ မြင်ပေးခဲ့တယ်လို့ Valentina Sampaio  က ပြောပါတယ်။ သူမ ကတော့ အစပိုင်းတုန်းက ဘရာဇီးနိုင်ငံ Fortaleza မြို့မှာ ဗိသုကာ ပညာကို လေ့လာခဲ့တာပါ။ဒါပေမယ့် (၁၆) နှစ် မှာ တော့ အလုပ်ထွက်ခဲ့ပါတယ်။

READ
ကလေးသုံး masks တွေ လှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါ

Makeup Artist တစ်ယောက် ကြောင့် ဒီလောကထဲ ရောက်လာခဲ့

Image:IG/Valentina Sampaio

Sampaio  က ဖက်ရှင်ပညာကို လေ့လာ နေတဲ့ အချိန်မှာပဲ makeup artist တစ်ယောက်နဲ့ ဆုံခဲ့ပြီး ဖက်ရှင် လော ကထဲ ရောက်လာခဲ့တာပါ။ဘရာဇီးနိုင်ငံ Sao Paulo မှာရှိတဲ့ မော်ဒယ် အေဂျင်စီ တစ်ခု နဲ့ စာချုပ် ချုပ် ခဲ့ပါ တယ်။ အဲ့ဒီ နောက်မှာတော့ မော်ဒယ်လောကထဲမှာ အောင်မြင်မှု ရခဲ့ပြီး နာမည်ကြီး မဂ္ဂဇင်းတွေ ဖြစ်တဲ့ French Vogue, Vogue Brasil, Elle Mexico, Elle Brasil, Vanity Fair Italia တို့ မှာ ပါဝင် ခွင့် ရခဲ့ပါတယ်။

Transgender မော်ဒယ်ဖြစ်နေလို့ အလုပ်ရှင်ရဲ့ ငြင်းပယ်တာကို ခံခဲ့ရဖူး

(၂၀၁၄)တုန်းက အ၀တ်အစားကုမ္ပဏီတစ်ခုက နေ  Valentina Sampaio ကို ငှားခဲ့ပါတယ်။ဒီ ကြော်ငြာ မှာ သူမဟာ ပါဝင် ဖို့ လုပ်ခဲ့ပေမယ့်လည်း ဖောက်သည် Client ဘက်က ရှေးရိုးစွဲ တစ်ယောက်မို့ transgender model ကို လက်ခံ မ ပေးနိုင်ဘူးဆိုလို့ အပယ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ Ceará  ပြည်နယ်ကို စွန့်ပြီး Rio de Janeiro ကို ဇာတ်ကားတစ်ခုမှာ သရုပ်ဆောင်ပေးဖို့ ရောက်လာခဲ့ပါတယ်။ကြိုးစားတဲ့ သူမဟာ(၂၀၁၆) နိုဝင်ဘာ မှာတော့  နောက်ဆုံးမှာတော့ São Paulo Fashion Week မှာ ပါဝင် ခွင့်ရခဲ့ပါတယ်။

READ
Christmas နဲ့ နှစ်ကူးဆုတောင်းပေးခဲ့ကြတဲ့ Song အမြွှာသုံးယောက်

နာမည်ကြီး Brand တွေ အများကြီး လက်တွဲ လုပ်ခွင့်ရခဲ့

Image:IG/Valentina Sampaio

ကမ္ဘာကျော် မဂ္ဂဇင်းတွေရဲ့ ကာဗာမှာ ပါဝင်ခွင့်ရရုံတင် မကပါဘူး။သူမဟာ တကယ့် ကမ္ဘာ ကျော် Brand တွေ ဖြစ်တဲ့  Philipp Plein, Pollini, Moschino,  L’Oreal တို့နဲ့ပါ လက်တွဲ အလုပ်လုပ် ခွင့်ရခဲ့ပါတယ်။နာမည်ကြီး လာ တာနဲ့ အမျှ သူမရဲ့ Inst agram မှာ လည်း ၀န်းရံ အားပေးသူတွေ အများကြီးကို ပိုင်ဆိုင်လာခဲ့ပါတယ်။

Victoria’s Secret  ရဲ့ ပထမဆုံး Transgender မော်ဒယ်ဖြစ်လာခဲ့

Image:IG/Valentina Sampaio

Victoria’s Secret ဆိုတာနဲ့ အတွင်းခံ လေးတွေကို အောက်ပြီး ကောက် ကြောင်းအရမ်းလှ တဲ့ မော်ဒယ် အ ချော လေး တွေကို မျက်စိထဲ ပြေးမြင်မိကြမှာပါ။Victoria’s Secret ရဲ့ မော်ဒယ်တစ်ယောက် ဖြစ်လာဖို့ ဆိုတာ အရမ်း ခက် ပါတယ်။Victoria’s Secret  ရဲ့ မော်ဒယ် ဖြစ်ချင်လွန်းလို့ တန်းစီ နေတဲ့ မိန်းက လေး အစစ် တွေ အကုန်လုံး ကို Valentina Sampaio က ကျော်တက်ခဲ့ပါတယ်။သူမက တော့ Victoria’s Secret  ရဲ့  မော်ဒယ် ဖြစ်လာတဲ့ ပထမဆုံး First Transgender အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

SHARE