ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အဝလွန်ခြင်းနေ့အကြောင်း

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ (၁၁)ရက်နေ့ကိုတော့ ကမ္ဘာ့အ၀လွန်ခြင်းနေ့ (World Obesity Day) အဖြစ် သတ် မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ရတဲ့ အကြောင်းအရင်းကတော့ ကမ္ဘာတစ်ဝန်းမှာ ကျန်းမာရေးပြဿနာတစ်ခုလို ဖြစ် လာတဲ့ အ၀လွန်ခြင်းအပေါ် လူတွေက ပိုပြီး သတိထားမိလာစေဖို့ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဆေးပညာဆိုင်ရာ ဂျာနယ် ဖြစ်တဲ့ Lancet တို့ ပူးပေါင်း ဆောင်ရွက် ပထမဆုံး World Obesity Day နေ့ကိုတော့ (၂၀၁၅)တုန်းက ပြုလုပ်ခဲ့တာပါ။ (၂၀၁၆) မှာ ကျရောက်လာတဲ့ ဒုတိယအကြိမ်မြောက် World Obesity Day မှာတော့ ကလေးငယ်တွေနဲ့ အ၀လွန်ခြင်းပြဿနာကို အထူးအလေးထားပြီး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ (၂၀၁၇)ရဲ့ World Obesity Day နေ့ ဆောင်ပုဒ်ကတော့  “treat obesity now and avoid the consequences later.” (အ၀လွန်ခြင်းပြဿနာကို အခုဖြေရှင်းပြီး နောင်ဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားကြစို့) ပါ။

Shutterstock

အ၀လွန်ခြင်းကြောင့် ဘယ်လို ရောဂါတွေ ဖြစ်ပွားနိုင်လဲ..?

Shutterstock

အ၀လွန်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာကြံ့ခိုင်ရေးကို ဖျက်ဆီးဝါးမြိုပစ်လိုက်နိုင်ပါတယ်။ အမေရိကန်မှာဆိုရင်တော့ အ၀လွန်ခြင်းကြောင့် ဆီးချို၊ သွေးချို၊ နှလုံးနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းတွေ ပိုမိုမြင့်တက်လာတယ်လို့ သိရပါ တယ် ။ (၂၀၁၅-၂၀၁၆) တို့မှာ ဆိုရင် အရွယ်ရောက်ပြီးသူ အမေရိကန် (၉၃.၃)သန်း – ရာခိုင်နှုန်းနဲ့ဆိုရင် (၃၉.၈)ရာခိုင်နှုန်းနဲ့ အမေရိကန် ကလေးငယ်နဲ့ ဆယ်ကျော်သက် (၁၃.၇)သန်း – ရာခိုင်နှုန်းအားဖြင့် (၁၈.၅)ရာခိုင်နှုန်းဟာ အ၀လွန်နေကြ တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC)ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

READ
ဝိတ်ကျချင်ရင် သောက်ပေးသင့်တဲ့ ဖျော်ရည်များ

အ၀လွန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲရောဂါတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ ဆီးချို၊ သွေးချိုနဲ့ နှလုံးရောဂါကြောင့် သေဆုံးတဲ့နှုန်းက အရမ်းများပါတယ်။ အ၀လွန်ခြင်းကြောင့် တခြားဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေထဲမှာ ကင်ဆာလည်း ပါဝင်ပါတယ်။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ.. အစရှိတဲ့ ကင်ဆာတွေအပြင် လေ့လာတွေ့ရှိချက်တွေအရ အ၀လွန်ခြင်းကြောင့် သည်းခြေအိတ်၊ ပန်ကရိယ ကင်ဆာတို့ကိုလည်း ဖြစ်ပွား စေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါတို့ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

အ၀လွန်တဲ့ ကျန်းမာရေးပြဿနာဟာ ဘယ်လောက်အထိ ကြီးထွားလာပြီလဲ…?

Shutterstock

(2017) ခုနှစ်က The New England Journal of Medicine မှာ ဖော်ပြခဲ့တဲ့ အ၀လွန်ခြင်းနဲ့ ပတ်သက်တဲ့ သတင်း မှာဆိုရင် အ၀လွန်ခြင်းပြဿနာဟာ အခုဆိုရင် ဘယ်လောက်အထိ ကြီးထွားလာပြီလဲဆိုတာကို ဖော်ပြထားပါတယ်။ကမ္ဘာ့လူဦးရေရဲ့ (၂.၂) ဘီလီယံလောက်ဟာ အ၀လွန်ခြင်းပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ ကမ္ဘာ့လူဦးရေရဲ့ (၃၀) ရာခိုင်နှုန်းဟာ အ၀လွန်နေကြတာပါ။ အရွယ်ရောက်ပြီးသူ (၆၀၀)သန်း၊ကလေးငယ်သန်း (၁၅၀) တို့ဟာ အ၀လွန်နေကြပါတယ်။ အမေရိကန်ကတော့ အ၀လွန်ကလေးငယ်နဲ့ အ၀လွန်လူငယ်အရေအတွက် အများဆုံးရှိတဲ့ နိုင်ငံပါ။ Telegraph ကနေ ဖော်ပြလိုက်တဲ့ ကမ္ဘာ့အ၀လွန်ဆုံး နိုင်ငံတွေ (၂၀) စာရင်းနဲ့ Top 10 နေရာမှာတော့ အမေရိကန်၊ နာရူ၊ Cook Island၊ Tokelau၊ Tonga၊ Samoa၊ Palau၊ Kiribati၊Marshall Islands၊ ကူဝိတ် တို့ ပါဝင်ပါတယ်။

READ
အမြန်ဝိတ်ကျစေမယ့်နည်းများ

အ၀လွန်ခြင်းကို ဘယ်လို ကာကွယ်ကြမလဲ..?

Shutterstock

အ၀လွန်တဲ့ ပြဿနာကို ကာကွယ်ဖို့ကတော့ ကျန်းမာတဲ့ လူနေမှု Life Style တစ်ခုကို ကိုယ်တိုင်ဖန်တီးယူဖို့ လိုပါ တယ်။ ကိုယ်အလေးချိန်များလာရတဲ့ အဓိကအကြောင်းအရင်းကတော့ လူနေမှု Life Style ကြောင့်ပါ။ အသီးအနှံတွေ ကို များများစားပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ အနည်းဆုံးတော့ တစ်နေ့ကို နာရီဝက်လောက်ကိုယ်လက်လှုပ်ရှားတာ (သို့) လေ့ကျင့်ခန်း လုပ်တာမျိုးကို မဖြစ်မနေကို လုပ်သင့်ပါတယ်။ နောက်တစ်ခုကတော့ အဆီများတဲ့ အစားအစာတွေ၊ အချိုရည်တွေ၊ သကြားဓါတ်တွေ အများကြီးပါတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင် ပါ။ နေ့စဉ်စားသုံးနေတဲ့ ဆီကိုဆိုရင်လည်း တိရစ္ဆာန်ကနေရတဲ့ ဆီထက် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက ရတဲ့ ဆီမျိုး ကို သုံးပါ။ Shwemom နဲ့ Aunty May Facebook စာမျက်နှာတို့မှာလည်း ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက် တဲ့ ဆောင်းပါးတွေ၊ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို အလျင်းသင့်သလို ဖော်ပြပေးနေပါတယ်။

Shutterstock

“အ၀လွန်ခြင်းပြဿနာကို အခုဖြေရှင်းပြီး နောင်ဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားကြစို့” ဆိုတဲ့ အဓိပ္ပါယ်ပါ။ အ၀လွန်ခြင်းနဲ့ အ၀လွန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို လူတွေပိုပြီး သတိပြု မိလာစေဖို့အတွက် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာ (၁၁) ရက်နေ့ကို အ၀လွန်ခြင်းနေ့အဖြစ် သတ်မှတ်ပြီး အ၀လွန်ခြင်းကို ကာကွယ်၊ တိုက်ဖျက်ပေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အသိပညာပေးတဲ့ လှုံ့ဆော်မှုတွေကို ပြုလုပ်ပေးလျက် ရှိပါတယ်။

#Shwemom
SHARE