အွန်လိုင်းပေါ်က ပြုံးနေတဲ့ Smiley face လေးတွေ ပေါ်ပေါက်လာပုံအကြောင်း

instagram/smiley

ဈေးဝယ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကုန်တိုက်တွေဆီသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်တွေမှာပဲဖြစ်ဖြစ် အပြုံးမျက်နှာ smiley face လေးတွေကို နေရာမရွေးတွေ့ဖူးကြမှာပါ။ ဒီအပြုံးမျက်နှာလေးတွေမှာ ဘာမှ ထူးထူးခြားခြားပါတာလည်း မဟုတ်ပါဘူး။ မျက်လုံးလေးနှစ်လုံးရယ်၊ ပါးစပ်နေရာမှာ မျဉ်းကွေးလေးတစ်ကြောင်းရယ် ဒီလောက်ပါပဲ။

instagram/smiley

ရိုးလွန်းတော့ ဆန်းဆိုသလို ကြည့်ရတာ ရိုးရှင်းလွန်းပေမယ့် လူကြိုက်များလှတဲ့  ဒီအ၀ါရောင်အပြုံးမျက်နှာလေးတွေဟာ မန်ဆာချူးဆက်ပြည်နယ် ဝေါ်ဆက်စတာမြို့မှာ (၁၉၆၃) ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တာပါ။ ၄င်းပြည်နယ်တွင်းမှာရှိတဲ့ အသက်အာမခံကုမ္ပဏီတစ်ခုကနေ ဒီဇိုင်နာ ဟာဗေးဘောလ်ဆိုသူကို ချဉ်းကပ်ပြီး ၀န်ထမ်းတွေကို စိတ်ခွန်အားတက်ကြွစေမယ့်ဒီဇိုင်းလေးတစ်ခု ဖန်တီးပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒီအခါမှာ ဒီဇိုင်နာဟာဗေးဟာ ပြုံးနေတဲ့ဒီဇိုင်းလေးတစ်ခုကို အချိန်(၁၀) မိနစ်နဲ့ ဖန်တီးခဲ့လိုက်ပါတယ်။ ထိုစဉ်က ဟာဗေးဟာ သူ့ရဲ့ ဒီဇိုင်းအတွက် (၄၅) ဒေါ်လာသာ ရရှိခဲ့ပါတယ်။

ကမ္ဘာကျော်တဲ့ ဒီဇိုင်းကို ဖန်တီးခဲ့ရာမှာတော့ အရမ်းကို လွယ်လွန်းနေတာကို အခုလိုသိရပါတယ်။  ဟာဗေးက “ကျွန်တော်က အ၀ါရောင်တောက်တောက် စက္ကူတစ်ရွက်ပေါ်မှာ စက်ဝိုင်းတစ်ခု ၀ိုင်းလိုက်တယ်။ ပါးစပ်နေရာမှာတော့ ပြုံးနေတဲ့ပုံပေါက်အောင် ဆွဲလိုက်တယ်။ ဒီလောက်ပါပဲ…” လို့ ပြောပြပါတယ်။

READ
အိမ်ခန်းအပြင်အဆင်ကနေ တွေ့မြင်ရတဲ့ ပုန်းကွယ်နေတဲ့ စိတ်ပြဿနာများ
instagram/drewhouse

နှစ်အနည်းငယ်အကြာမှာတော့ ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖရန်ကလင်လူဖရန်နီဟာ Smiley Company အမည်ရတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ကာ တစ်ကမ္ဘာလုံးက smiley face တွေအားလုံးရဲ့မူပိုင်ခွင့်ကို ကိုင်ထားတဲ့ လိုင်စင်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

Smiley Company ဟာ (၂၀၁၇) ခုနှစ်မှာတော့ ဒေါ်လာ (၄၁၉.၉) သန်းထိ အမြတ်အစွန်းရရှိခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အပြုံးမျက်နှာလေးတွေဟာ သင်္ကေတသက်သက်ချည်းသာ မဟုတ်ပဲ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေပါ ထည့်သွင်းပုံဖော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

instagram/officialfatboyslim

တိုရန်တိုတက္ကသိုလ်က မနုဿဗေဒနဲ့ သင်္ကေတပိုင်းဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်တဲ့ မာဆယ်လ်ဒါနက်ဆီကတော့ “ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင်ဝတ်ဖို့ အပြုံးမျက်နှာ smiley face လေးပါတဲ့ တီရှပ်တစ်ထည်လောက်တော့ ၀ယ်အုံးမှပါပဲ။ ဒါမှ အခြားသူတွေရဲ့ ဘ၀ထဲကို နေရောင်ခြည်ေ.4ပးနိုင်လိမ့်မယ်လေ…” လို့ဆိုပါသေးတယ်။ ဘာပဲပြောပြော smiley face လေးတွေဟာ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်အောင် ချစ်စရာကောင်းလွန်းတဲ့အပြင် သူတို့တွေက ဘ၀မှာ ဘာဖြစ်နေနေ အပြုံးလေးနဲ့ ကျော်ဖြတ်ဖို့ အမြဲတမ်းခွန်အားပေးနေသယောင်ပါပဲ။

READ
Singleကောင်မလေးတွေဖြေရလွန်းလို့ မဖြေချင်တော့တဲ့မေးခွန်းများ

လင်းလင်း (ShweMom)

Ref : CNN , Wikipedia

SHARE