အကယ်ဒမီဆုပေးပွဲရဲ့ ဒါရိုက်တာဆု အတွက် တစ်ပြေးနေကြသူများ

ပရိသတ်တွေ မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ အကယ်ဒမီဆုပေးပွဲကြီးကိုတော့ လာမယ့်မတ်လ(၂၃)ရက်နေ့မှာ ကျင်း ပပြုလုပ်သွားမှာပါ။ ဒီနှစ်ရဲ့ အကယ် ဒီဆုပေးပွဲကိုတော့ ပရိသတ်တွေက အရင်နှစ်တွေကထက်ပိုပြီး စိတ်ဝင် စားနေ ကြတာကိုလည်းေ တွ့ရပါ တယ်။ အကယ်ဒမီဆုပေး ပွဲ အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် အကဲဖြတ်ခဲ့ရာကနေ အခုဆိုရင်တော့ ဇာတ်ကား (၂၅)ကား ထွက်ရှိလာပါပြီ။ ဇာတ်ကားတွေတိုင်းကလည်း ပရိသတ်တွေ တကယ့်ကို နှစ်သက်အားပေးခဲ့ကြတဲ့ ဇာတ်ကား တွေဖြစ်နေတာကိုတွေ့ရပါတယ်။

အခုလက်ရှိ နောက်ဆုံးထွက် ပေါ် ထားတဲ့ အကယ်ဒမီတန်းဝင် ဇာတ်ကား(၂၅)ကားကတော့ မိုးပန်းပွင့်ရဲ့ သင်္ကေတ၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊၀ိဥာဉ်စိမ်း၊ ဒုဋ္ဌဝတီကိုကျော်လွန်၍၊ငါ့ကိုနမ်းတဲ့မုန်တိုင်း၊ငယ်ကျွန်၊ ဥပါဒါန်၊မုန်းစွဲ၊ရွှေကြာ၊ သမ္မ တကြီးထံပေးစာ၊ပြည်ထောင်စုသစ္စာ၊ဇာတိမြေ..

The Mystery of Burma – Beyond the Dotehtawady Official Trailer

Golden Hour Entertainment မှ ပထမဦးဆုံး ပွဲဦးထွက် ထုတ်လုပ်တင်ဆက်မယ့် ဒါရိုက်တာ အာကာ ရိုက်ကူးထားတဲ့ "ဒုဋ္ဌဝတီကိုလွန်၍" (The Mystery of Burma – Beyond the Dotehtawady) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကိုပရိတ်သတ်ကြီးအတွက် တင်ပြလိုက်ရပါတယ်…စောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေအတွက် ဝမ်းသာစရာသတင်းကတော့ ဆင်ဆာရရှိပြီးဖြစ်ပါတယ်…ရုံတင်ရက်ကိုစောင့်ဆိုင်းနေရတဲ့ အချိန်မှာ အမြန်ဆုံးရုံတင်ခွင့်ရနိုင်ဖို့ ပရိတ်သတ်ကြီးကလည်း ဝန်းရံပေးကြပါအုံး…ရုပ်ရှင်ရုံတင်ရင်လည်း ကြည့်ရှု အားပေးကြပါအုံးဗျာ…#MysteryOfBurma #MOBFilm #GoldenHour #ArkarProductionThis is the Official Trailer of Director Arkar's very first Movie "The Mystery Of Burma – beyond the Dotehtawady” produced from Golden Hour Entertainment.#MysteryOfBurma #MOBFilm #GoldenHour #ArkarProduction

Posted by The Mystery of BURMA on Wednesday, March 21, 2018

မှော်ဝင်သမန်းကျား၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ခေါ်သံ၊ ကြတ်ဂူ၊ နောင်တွင်ဥဒါန်းတွင်စေသတည်း၊ ငဒူ၊ မျက်နှာပြင်များ၊ မီ၊ ရန်သူ၊ သတို့သမီး၊ ကိုယ်စောင့်နတ် ဇာတ် ကားေ တွ ပါ။

သမ္မတကြီးထံပေးစာ

" ဒီအမှုကို အဓိကလိုက်ရတဲ့အကြောင်းအရင်းကတော့ သမ္မတကြီးထံပေးပို့ခဲ့တဲ့စာတစ်စောင်ကြောင့်ပါ "ပရိသတ်တွေ ကြည့်ရှုဖို့ ရင်ခုန်မျှော်လင့်နေကြတဲ့ ….ဖွေးဖွေး ၊ အလင်းရောင် ၊ မေဆူးမောင် ၊ ချမ်းမင်းရဲထွဋ် တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "သမ္မတကြီးထံပေးစာ"ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၁၉) ရက်နေ့မှာ မြန်မာတစ်ပြည်လုံးမှာ ပြသတော့မှာ ဖြစ်ပါတယ် ။ ဇာတ်ကားကို ကြည့်ရှုနေရင်းနဲ့ "အမှန်တရားဆိုတာ ဘာလဲ"ဆိုတာကို တွေးတောသိရှိလာအောင် စေ့ဆော်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေ မဖြစ်မနေကြည့်ရှုသင့်တဲ့ ကားကောင်းတစ်ကားနော်…..#alettertothepresident #trailer #alttp

Posted by သမ္မတကြီးထံပေးစာ – A Letter To The President on Wednesday, October 17, 2018

ဒါရိုက်တာဆုအတွက်  တစ်ပြေးနေကြသူတွေကတော့ ဒါရိုက်တာ ၀ိုင်း (သမ္မတကြီးထံပေးစာ)၊ လူငယ် ဒါရိုက်တာ အာကာ ( ဒုဋ္ဌဝတီကိုကျော်လွန်၍)၊ သြရသ(မုန်းစွဲ)၊ ခရစ်စတီးနားခီ(ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံ)၊ ဏကြီး(မီ)..တို့ ပါ။ အကောင်းဆုံးဇာတ်ကားဆု အတွက် ပရိသတ်တွေ ထင်ကြေးပေးနေတဲ့ ဇာတ်ကား(၂)ကားရှိပါတယ်။အဲ့ဒီဇာတ်ကား နှစ်ကားကတော့ မုန်းစွဲ နဲ့ မုဒြာခေါ်သံ ပါ။

''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီး Official Trailer

ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေကြတဲ့''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီး၏ Official Trailer ကိုတင်ဆက်ပေးလိုက်ပါတယ်။🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥"မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီး🎬🎬🎬🎬🎬🎬🎬🎬🎬နေတိုး ကျော်ကျော်ဗိုလ် မင်းသွေး ဖွေးဖွေး အေးဝတ်ရည်သောင်းဒါရိုက်တာ သြရသ ဇာတ်ညွှန်း လွင်မင်းအံ့ DOP ဝင်းလွင်ထက်💥💥 ဆရာတော် အရှင်ဆန္ဒာဓိက၏ဖြစ်ရပ်မှန် တရားတော်အား ပြန်လည်ရိုက်ကူးသည်။💥💥🙏🙏🙏🙏🙏🙏🙏🙏Produced by 7th Sense Film Productionနိုဝင်ဘာလ(၁၆)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက်တည်းပြသပေးတော့မည်ဖြစ်သည်။

Posted by မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး on Sunday, 4 November 2018

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၊ အကယ်ဒီဆုပေးပွဲကိုတော့ (၁၉၅၂)ခုနှစ်တည်းကစပြီးကျင်းပပြုလုပ်လာခဲ့တာပါ။ (၂၀၁၇) ကတော့ ဆုပေါင်း(၁၃)ဆု သတ်မှတ်ချီးမြှင့်ပေးခဲ့တာပါ။ ပေးအပ်တဲ့ ဆုတွေကတော့ (၁)အကောင်းဆုံးဇာတ်ကားဆု ၊(၂)အကောင်းဆုံးဒါရိုက်တာဆု ၊ (၃)ဇာတ်ညွှန်းဆု၊ (၄)ဇာတ်ဆောင်အမျိုးသားဆု၊ (၅)ဇာတ်ဆောင် အမျိုးသမီးဆု၊ (၆) ဇာတ်ပို့ အမျိုးသားဆု ၊ (၇)ဇာတ်ပို့အမျိုးသမီးဆု၊ (၈)အကောင်းဆုံးတေးဂီတဆု၊ (၉)ရုပ်ရှင်ရိုက်ကူးရေးပညာဆု၊ (၁၀) တီးဖြတ်ဆု၊ (၁၁)အသံဆု၊ (၁၂) အထူးဆု၊ (၁၃)တသက်တာထူးချွန်ဆု တို့ပါ။

မုဒြာရဲ့ခေါ်သံ – Mudras Calling Official Trailer 2

Mudras Calling Official Trailer 2 Watch ‘Mudras Calling’ movie at Golden Village Cinemas and The Carnival Cinemas !The first ever Myanmar Movie to have shown in Golden Village cinemas Singapore!‘Mudras Calling’ movie screening extended to its Second Week in Singapore due to high demand May 30th to June 5th 2018.90% English speaking film with the Rich Myanmar Culture, beautiful landscapes and the Drama unfolded.If you ever been to Myanmar or think about visiting, this is a MUST WATCH movie.Give some 90minutes of your time to exposed to something different and something beautiful.Watch Mudras Calling film now!OFFICIAL SELECTION of CayFilm Cayman International Film FestivalKota Kinabalu International Film FestivalCanadian Diversity International Film FestivalMexico International Film FestivalSacramento Film FestivalPhnom Penh International Film Festival – PPIFF an ISENMA Film Festival SILVER PALM AWARD WINNER of MEXICO Film festivalPLATINUM AWARD WINNER of ISENMA Film festival Semi-Finalist of Kashmir International Film Festival andI Filmmaker International Film Festival (Marbella, Spain)

Posted by Mudras Calling on Wednesday, March 7, 2018

#Shwemom

SHARE