မိန်းမလှလေးတွေဟန်ဆောင်ပြီး အမျိုးသားတွေဆီက ငွေညှစ်နေတဲ့ လူလိမ်ဂိုဏ်း

“Mango Girl” လို့ နာမည်ဝှက်ပေးထားတဲ့ အမျိုးသမီးလေးဟာ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ သူမဟာ ဟိုင်နန်ကျွန်းက ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ မူလတန်းပြဆရာမလေးအဖြစ် စေတနာ့ဝန်ထမ်းအလုပ်လုပ်နေပါတယ်။ ရှန်ဟိုင်းမှာ နေထိုင်တဲ့ ပညာတတ်အမျိုးသားတစ်ဦးဟာ WeChat ကနေ တဆင့် Mango Girl ဆီက သူငယ်ချင်းလုပ်ဖို့ စာပို့လာတဲ့အခါ ထိုအမျိုးသားဟာ ချက်ခြင်းလက်သင့်ခံခဲ့ပါတယ်။

scmp

မကြာခင်မှာပဲ ၄င်းအမျိုးသားဟာ ကြင်နာတတ်ပြီး ချောမောလှပတဲ့ Mango Girl ကို နှစ်သက်သွားခဲ့ပါတယ်။ WeChat ကတဆင့် ဆက်သွယ်ကြရင်း Mango Girl က သူမရဲ့ မွေးနေ့ရောက်တော့မှာ ဖြစ်ကြောင်းနဲ့ သူမကို မွေးနေ့လက်ဆောင်ပေးဖို့ ထိုအမျိုးသားကို ပြောခဲ့ပါတယ်။ အရင်တုန်းကလည်း ထိုအမျိုးသားဟာ Mango Girl ဆီကို ငွေသားလက်ဆောင်တွေ မကြာမကြာပို့ပေးဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မွေးနေ့လက်ဆောင်ဝယ်ဖို့ ဆိုပြီး ဒေါ်လာ(၂,၀၀၀) ငွေပို့ပေးအပြီးမှာ Mango Girl ဟာ သူ့ကို တစ်ခါတည်း block သွားပါတော့တယ်။ Mango Girl နဲ့ ပတ်သက်လို့ စုစုပေါင်း ဒေါ်လာ(၂၀၀၀) (ယွမ်၁၃,၀၀၀ လောက်) အလိမ်ခံလိုက်ရတာမို့ ထိုအမည်မဖော်လိုသူ အမျိုးသားက ရဲသွားတိုင်ခဲ့ပါတယ်။

READ
ဆိုရှယ်မီဒီယာမှာ နာမည်ကြီးချင်လို့ ကားပေါ်ကနေ ပိုက်ဆံတွေ ကြဲချခဲ့တဲ့ ရုရှားသူဌေးသား
scmp

တကယ်တော့ ထိုသူဟာ သူသဘောကျနေတဲ့ Mango Girl က ဒုစရိုက်ဂိုဏ်းဝင်ဆိုတာ မသိရှာပါဘူး။ ဒါ့အပြင် Mango Girl ဟာ ငယ်ရွယ်ချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်လဲမဟုတ်ပဲ သူများဆီက ခိုးထားတဲ့ ဓာတ်ပုံတွေနဲ့ အတုလုပ်ထားတဲ့ profile တစ်ခုသာ ဖြစ်ပါတယ်။

အခုလို လူတွေ ယုံကြည်အောင် Profile အတုတွေဖန်တီးပြီး ငွေလိမ်ငွေညှစ်တဲ့အမှုရဲ့ နောက်ကွယ်မှာတော့ ဂိုဏ်းတစ်ဂိုဏ်းရှိနေပါတယ်။ ၄င်းဂိုဏ်းဟာ ပြီးခဲ့တဲ့ သုံးလ အောက်တိုဘာကနေ ဒီဇင်ဘာအတွင်းမှာပဲ အမေရိကန် ဒေါ်လာ(၇၃,၈၀၀) ကို အမျိုးသားတွေဆီက လိမ်ညာရယူခဲ့ပြီး ဖြစ်ပါတယ်။ ၄င်းလူလိမ်ဂိုဏ်းကို ရဲအဖွဲ့က နောက်ယောက်ခံအပြီးမှာတော့ ပြီးခဲ့တဲ့လ ဟိုင်နန်ပြည်နယ် ချန်ရှားမြို့ ရုံးခန်းတစ်ခန်းကို ၀င်ရောက်စီးနင်းနိုင်ခဲ့ပါတယ်။ လူပေါင်း(၂၈) ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အများစုဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။

scmp

Thepaper.cn အရ အလားတူပဲ အွန်လိုင်းမှာ ငွေလိမ်လည်တဲ့ ဖြစ်ရပ်မျိုးတွေ မကြာခဏဖြစ်ပွားကြောင်း ဆိုပါတယ်။ တစ်ခါတော့ ကွမ်ကျိုးနေ အကဆရာမဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ WeChat မှာ သူငယ်ချင်းဖြစ်ပါရစေဆိုပြီး ၀ူအမည်ရတဲ့ အမျိုးသားကို စာပို့ဆက်သွယ်လာပါတယ်။ သူမရဲ့ ပို့စ်မှာတော့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသ ကလေးတွေကို ကူညီပေးနေပါတယ်ဆိုပြီး ဓာတ်ပုံတွေ တွေ့ရပါတယ်။ မကြာပါဘူး။ ထိုအမျိုးသမီးကနေ ၀ူကို သူမက ခရီးထွက်မှာဖြစ်ကြောင်း၊ ယင်နန်က ဆင်းရဲတဲ့ကလေးတွေကို ကျောပိုးအိတ်နဲ့ ဖိနပ်တွေ သွားလှူချင်လို့ အလှူငွေထည့်ဦးမလားဆိုပြီး ဖိတ်ခေါ်တာဖြစ်ပါတယ်။ ၀ူကလည်း ဒါနမြောက်အောင်ဆိုပြီး ထိုအမျိုးသမီးဆီ ယွမ်(၃၀၀) ပို့လိုက်ပါတယ်။ ထို့နောက်မှာတော့ ၀ူဟာ သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်မိလို့ ပြောဆိုကြရင်း ထိုသူငယ်ချင်းကလည်း ၀ူပြောတဲ့ အကောင့်က အမျိုးသမီးဆီကိုပဲ အလှူငွေ ယွမ်(၅၀၀) ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး မသမာသူတွေအနေနဲ့ ဆိုရှယ်မီဒီယာကို ကြားခံတစ်ခုလို သုံးပြီး အပြစ်မဲ့သူတွေအပေါ် လိမ်လည်လှည့်ဖြားတာ၊ ငွေညှစ်တာတွေပြုလုပ်ကြတာကြောင့် တွေ့မြင်သမျှကို ဥာဏ်နဲ့ ချင့်ချိန်ယုံကြဖို့ တိုက်တွန်းလိုက်ပါရစေ။

READ
သားဖြစ်သူရဲ့ အသုဘမှာ တွေ့ခဲ့တဲ့ ကောင်လေးနဲ့ လက်ထပ်ခဲ့တဲ့ (၇၂) အရွယ်အမျိုးသမီး

လင်းလင်း (ShweMom)

Ref: Scmp

SHARE