လူသတ်ပြီး ငါးစာကျွေးကာ အလောင်းတွေဖျောက်ခဲ့တဲ့ ကွင်းဆက်လူသတ်သမား

Photo: Royal Thai Police

လူတွေသတ်လွန်းလို့ Thai Ted Bundy လို့သမုတ်ခံရတဲ့ ကွင်းဆက်လူသတ်သမားအဖြစ် သံသယရှိသူအမျိုးသားရဲ့ နေအိမ်ခြံဝန်းထဲက ရေကန်မှာ လူအရိုးစု ရာပေါင်းများစွာကို တွေ့ရှိခဲ့ကြောင်း nypost သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ ၄င်းအမျိုးသားဟာ ကန်ထဲမှာ ငါးတွေမွေးပြီး လူသေတွေကို ငါးစာကျွေးကာ အလောင်းတွေဖျောက်ပစ်ခဲ့တယ်လို့ ယူဆရပါတယ်။

သူဟာ အသက် (၄၀)အရွယ် အပီချိုင်အွန်ဝီဆစ် ဖြစ်ပြီး ငွေကြေးချမ်းသာသူတစ်ဦး ဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ် သူ့ရဲ့ရည်းစားကောင်မလေးကို သတ္တုအခေါင်းထဲထည့်ပိတ်ပြီး အသက်ရှူကြပ်သေအောင် သတ်ခဲ့တဲ့အတွက်လည်း အခေါင်းလူသတ်သမားလို့ ခေါ်ပါသေးတယ်။ သေဆုံးသူကောင်မလေးရဲ့ ရုပ်အလောင်းကိုတော့ ပလတ်စတစ်အိတ်နဲ့ပတ်ပြီး အပီချိုင်ရဲ့ ခြံထဲမှာ မြှုပ်ထားတာကို ရဲတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo: Royal Thai Police

သူမရဲ့ရုပ်အလောင်းအပြင် နောက်ထပ် အမျိုးသမီးနှစ်ဦးကိုလည်း အပီချိုင်ဟာ နေအိမ်ရေကန်ထဲမှာ စွန့်ပစ်ထားတယ်လို့ ယူဆရပါတယ်။ ရေငုပ်သမားတွေက ရေကန်ထဲမှာ လူရိုးပေါင်း (၂၈၈) ချောင်းကို တွေ့ရှိခဲ့တာပါ။ အပီချိုင်နဲ့ ပတ်သက်လို့ အရင်တုန်းကလည်း သူ့နေအိမ်က ရေကန်ထဲမှာ မိကျောင်းတွေနဲ့ အသားစားငါးတွေကို အလောင်းတွေအစာကျွေးဖို့ ထည့်ထားတယ်ဆိုပြီး ကောလဟာလတွေလည်း ထွက်ခဲ့ဖူးပါတယ်။

READ
ဆေးလိပ်မသောက်တဲ့သူတွေကို အားလပ်ခွင့်(၆) ရက် ပိုပေးလိုက်တဲ့ ဂျပန်ကုမ္ပဏီ
Thai Royal Police

တာဝန်ရှိသူတွေဟာ အပီချိုင်ထဲ နေအိမ်ထဲ ပထမတစ်ခေါက် ရှာဖွေစဉ်မှာ ဘာမှမတွေ့ခဲ့ရပဲ အခုကျမှ ရေကန်ထဲက အရိုးတွေကို ဆယ်ယူရရှိတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အပီချိုင်ရဲ့အမှုဟာ Bundy ရဲ့အမှုလို ဖြစ်နေပါပြီ။ Bundy ဆိုတာကတော့ အမေရိကန်က ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်ပြီး အမျိုးသမီး (၃၀) ကျော်ကို သတ်မှု၊ အလောင်းဖျောက်မှုတွေနဲ့ သူ့ကို (၁၉၈၉) ခုနှစ်မှာ ကွပ်မျက်ခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE