YouTube ပရိသတ်(၂)သန်းနီးပါးရှိပြီး အောင်မြင်မှုတွေရနေတဲ့ ကျွမ်းဘားမယ် အမြွှာနှစ်ဦး

သြစတေးလျနိုင်ငံက (၂၂)နှစ်အရွယ် တီဂန်ရစ်ဘ်ကာနဲ့ ဆမန်သာရစ်ဘ်ကာဆိုတဲ့ အမြွှာနှစ်ဦးဟာ ကျွမ်းဘားမယ်တစ်ဦးဖြစ်တဲ့ မိခင်ရဲ့ လေ့ကျင့်သင်ပြမှုကြောင့် ငယ်စဉ်ကတည်းက ကျွမ်းဘားစကစားခဲ့ကြပါတယ်။ သူတို့ဟာ (၃)နှစ်သမီးအရွယ်ကတည်းက ကျွမ်းဘားကစားကာ (၆)နှစ်အရွယ်ကတည်းက အကစသင်ခဲ့ကြပါတယ်။ (၂၀၁၃)ခုနှစ်မှာတော့ Australia Got Talent ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ကြပြီး ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပါတယ်။

MEDIA DRUM WORLD

ရစ်ဘ်ကာ အမြွှာဟာ အခုဆိုရင် ရှိုးပွဲတွေ၊ ကုမ္ပဏီပွဲတွေ၊ ပါတီတွေ၊ မင်္ဂလာဆောင်တွေမှာ လိုက်ဖျော်ဖြေလျက်ရှိပြီး သူတို့ကိုယ်ပိုင် YouTube ချယ်နယ်ကနေလည်း ကမ္ဘာတစ်ဝှမ်းကလူတွေကို ဖျော်ဖြေကပြကြပါတယ်။ သူတို့နှစ်ယောက် YouTube ချယ်နယ်ရဲ့ follower ဟာဆိုရင်လည်း အခုဆို (၁.၈)သန်းရှိနေပြီဖြစ်ပါတယ်။ ဆမန်သာဟာ သူတို့အမြွှာနှစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းကို Got Talent ပြိုင်ပွဲက စတင်ပေးလိုက်တာဖြစ်တာကြောင့် ကျေးဇူးတင်စကားလည်းဆိုခဲ့ပါတယ်။

MEDIA DRUM WORLD

YouTube ပေါ်မှာတင်တဲ့ ဗီဒီယိုတွေကြောင့် အမြွှာနှစ်ယောက်ရဲ့ ကျွမ်းဘားစွမ်းရည်ဟာ ပိုလူသိများလာခဲ့ပါတယ်။ ဆမန်သာနဲ့ တီဂန်တို့ဟာ တစ်နေ့ကို (၆)နာရီကြာ ကျွမ်းဘားနဲ့အကကို လေ့ကျင့်ကြပြီး တိုးတက်မှုအတွက် တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာလည်း ပြိုင်ဆိုင်ဖြစ်ကြကြောင်းဆိုပါတယ်။ တီဂန်က သူတို့နှစ်ဦးဟာ (၂၁)နှစ်အထိ တစ်ခန်းထဲအတူနေခဲ့ပြီး အကသင်တန်းတွေရော၊ ကျောင်းရော၊ အလုပ်ရော အကုန်တူတဲ့ညီအစ်မတွေဖြစ်တယ်ဆိုကာ သူတို့နှစ်ဦးဘယ်လောက်ရင်းနှီးကြောင်း ပြောပြခဲ့ပါတယ်။

READ
ဝေဟင်အမြင့် ပေသောင်းချီက လေထီးမပါပဲပြုတ်ကျပေမယ့် အသက်မသေခဲ့တဲ့အမျိုးသမီး
MEDIA DRUM WORLD

သူတို့ရဲ့ ကပြဖျော်ဖြေမှုတွေက လူအများကိုပြုံးပျော်စေတာကြောင့် အလွန်ဝမ်းသာရပြီး သူတို့လို ကျွမ်းဘားအားကစားသမားဖြစ်ချင်သူတွေကလည်း ဇွဲလုံ့လလုံးဝမလျှော့ဘဲ အမှားတွေကနေ သင်ခန်းစာယူကာ ဖြည်းဖြည်းမှန်မှန်လေ့ကျင့်ပါက တစ်နေ့အောင်မြင်လာမှာဖြစ်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

MEDIA DRUM WORLD

White (Shwemom)

Ref: The Sun

SHARE