တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေထိုင်သူတွေဟာ မှတ်ဥာဏ်ပိုကောင်းကြောင်း သိရ

Pexels/Luis Quintero

ကိုယ်လက်လှူပ်ရှား အားကစားလေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာ ဦးနှောက်ကို ထက်မြက်စေတယ်လို့ dailymail မှာဖော်ပြထားတဲ့ သတင်းအရ သိရပါတယ်။ ဂျာမန်သိပ္ဗံပညာရှင်တွေဟာ ငယ်ရွယ်ပြီး ကျန်းမာတဲ့လူပေါင်း (၁၂၀၀) ကျော်တို့ရဲ့ ကျန်းမာကြံ့ခိုင်မှူနဲ့ MRI စကန်တွေကို လေ့လာခဲ့ကြပါတယ်။ ဒီအခါ တွေ့ရှိရာက လမ်းအများကြီး လျောက်ပြီး ကျန်းမာရေးကောင်းတဲ့သူတွေမှာ ဦးနှောက်တွင်း အဖြူရောင်ဝတ္ထုတွေရဲ့ တည်ဆောက်ပုံဟာ ပိုပြီးအချိုးကျကောင်းမွန်နေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သုတေသနထဲပါဝင်ခဲ့တဲ့ ကျန်းမာရေးအကောင်းဆုံးဆိုတဲ့ လူတွေဟာ သူတို့ရဲ့မှတ်ဥာဏ်စွမ်းရည်တွေ စစ်ဆေးတဲ့အခါမှာလည်း ရလဒ်တွေ ပိုမိုကောင်းမွန်တဲ့အပြင် ပိုပြီး ထက်မြက်စွာ ဆင်ခြင်တွေးတောနိုင်တာကိုလည်း တွေ့ရပါတယ်။ လူတွေဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ထဲ သွေးလည်ပတ်စီးဆင်းမှူဟာ အရှိန်ပိုမြန်လာတာကြောင့် ဦးနှောက်ကို အောက်ဆီဂျင်တွေ မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ထဲက အဖြူရောင်ဝတ္ထုလေးတွေမှာ ပြောင်းလဲမှူတွေဖြစ်ကာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ပိုကောင်းအောင် ထောက်ပံ့ပေးနိုင်တာပဲ ဖြစ်ပါတယ်။

Pexels/Vova Krasilnikov

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ခြင်းနဲ့ ဦးနှောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ ဆက်စပ်မှူရှိတယ်ဆိုတဲ့အကြောင်း မကြာသေးခင်ကမှ ပညာရှင်အများအပြား ပြောဆိုဆွေးနွေးလာကြတာပါ။ ခန္ဓာကိုယ်လှူပ်လှူပ်ရှားရှားနေခြင်း၊ တက်တက်ကြွကြွနေခြင်းတို့ဟာ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ စိတ်ဖိစီးမှူနဲ့ စိတ်ကျဝေဒနာတွေကို ကာကွယ်နိုင်တယ်လို့ လူတွေက ယေဘူယျသတ်မှတ်ထားကြပါတယ်။

ဂျာမန်ပညာရှင်တွေပြုလုပ်တဲ့ သုတေသနထဲ ပါဝင်သူတွေကတော့ ပျမ်းမျှအသက်(၂၈) နှစ် ဖြစ်ပါတယ်။ ထိုသူတွေကို သုတေသနပညာရှင်တွေဟာ () မိနစ်အတွင်း လမ်းမြန်နိုင်သမျှ မြန်မြန်လျှောက်ခိုင်းပါတယ်။ ပြီးတော့ သူတို့လမ်းလျှောက်နိုင်တဲ့ ခရီးအကွာအဝေးကို သတ်မှတ်ထားခဲ့ပါတယ်။ ပြီးတဲ့အခါ သုတေသနထဲ ပါဝင်သူတွေရဲ့ မှတ်ဥာဏ်၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရည်၊ ဥာဏ်ထက်မြက်မှူနဲ့ အကဲဖြတ်စွမ်းရည်တွေကိုလည်း သိမှူဆိုင်ရာလေ့ကျင့်ခန်းတွေနဲ့ စစ်ဆေးခဲ့ကြပါတယ်။

Pexels/RUN 4 FFWPU

ဒီအခါမှာ တွေ့ရတာက ကျန်းမာရေးအကောင်းဆုံးသူတွေဟာ အကျန်းမာဆုံးဦးနှောက်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် သိမှူပိုင်းဆိုင်ရာ စွမ်းရည်တွေမှာလည်း အားအကောင်းဆုံးဖြစ်နေတာကို သိရှိခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်လက်လှူပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ မှတ်ဥာဏ်စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေဟာ ဆက်စပ်နေပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဦးနှောက်တွင်းဖွဲ့စည်းမှူပုံသဏ္ဏာန်တွေကို အကောင်းဘက်ဆီ ပြောင်းလဲပေးနိုင်တယ်ဆိုပြီး ပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ကျန်းမာရေးကလည်း အရေးကြီးတာကြောင့် ငယ်တုန်းထဲက ကျန်းမာရေးလိုက်စားသင့်တာ အမှန်ပါ။ ခန္ဓာကိုယ်အလေးချိန်၊ သွေးတွင်းသကြားဓာတ်ပမာဏ၊ အသက်အရွယ်နဲ့ ပညာရေးတို့ဟာလည်း ဦးနှောက်ရဲ့ ကျန်းမာရေးကို အများကြီး လွှမ်းမိုးကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE