‘I Live Alone’ Reality Show မှာ ပါဝင်မယ့် Daniel Henney

Daniel Phillip Henney ကတော့ နာမည်ကြီး အမေရိကန်မင်းသား၊ မော်ဒယ်တစ်ယောက်ပါ။ ကိုရီးယားမှာ အနုပညာ လှုပ်ရှားမှုတွေ လုပ်နေသူပါ။ Seducing Mr. Perfect, My Father, X-Men Origins: Wolverine, Shan ghai Calling, The Last Stand, Big Hero 6 အစရှိတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

အခုဆိုရင် Daniel တစ်ယောက် MBC ရဲ့ Reality Show တစ်ခုဖြစ်တဲ့ ‘I Live Alone’! မှာ ပါဝင်သွားမယ်လို့ သိ ရပါတယ်။ ဒီအကြောင်းကို MBC ရဲ့ မီဒီယာဘက်ကနေ ဇန်န၀ါရီ (၃၀)ရက်နေ့က ပြောခဲ့တာပါ။”‘I Live Alone’! ဆို တဲ့ Show ရဲ့ ၀န်ထမ်းတွေဟာ Daniel Henney နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ဒီ Show မှာ Daniel ရဲ့ ဒုတိယ အကြိမ် မြောက်ပါဝင်မှု ဖြစ်လာမှာပါ။ (၂၀၁၆) ဒီဇင်ဘာတုန်းကလည်း ဒီ Show ကနေ သူ့ရဲ့ Single life ကို ဖော်ပြ ခဲ့ပါသေးတယ်။

READ
ပရိသတ်တွေ အချစ်ပိုနေရတဲ့ "ဒဏ္ဍာရီပင်လယ်" ထဲက ရေသူမလေး အိချောပို

ထွက်ပေါ်လာတဲ့ သတင်းအရ ‘Rainbow team’ ဖြစ်တဲ့ Jun Hyun Moo, Han Hye Jin, Park Na Rae, နဲ့  Lee Si Uhn တို့ဟာ Show အတွက် ရိုက်ကူးရေးလုပ်ဖို့ လော့အိန်ဂျလိစ်ကို (၂၆)ရက်နေ့ကသွားပြီး (၂၉) ရက်နေ့က ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်မှာ ဘာတွေသွားလုပ်ကြသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ‘I Live Alone’! အဖွဲ့သားတွေနဲ့ Daniel Henney နဲ့ အစည်းအဝေး ထိုင်ခဲ့တယ်လို့ Allkpop မှာ ဖော်ပြထားပါတယ်။

SHARE